
ယူနိုက်တက်က ဒီနေ့ပွဲမှာ ရော်နယ်ဒို၊ အဲရစ်ဆင်၊ ဗန်ဒီဘိခ်၊ ဗာရန်း၊ အဲလက်စ်တဲလက်စ်တို့ကို
အမာခံထားပြီး လီဆန်ဒရိုနဲ့အတူ ဂါနာချို၊ ဂျိမ်းစ်ဂါနာတို့လို လူငယ်တွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဂါ
နာချိုရဲ့ အတိုးအလှုပ်နဲ့ရုန်းအားတွေက တော်တော်လေးကို အားရစရာကောင်းခဲ့ပြီး သူဘောလုံး
ရတိုင်း ပြိုင်ဘက်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ဒီဘက်တောင်ပံက တာဟစ်ချောင်က
တော့ စိတ်ပျက်စရာပါ။ အဲရစ်ဆင်တောင်မှ သူ့ကိုပြောယူရတဲ့ အနေအထားဖြစ်နေပြီး တာဟစ်
ချောင်နောက်က ညာနောက်ခံလူ လိုင်ရာ့ဒ်ပါ ကြောင်ပျောက်သွားခဲ့ပါတယ်။ ရော်နယ်ဒို တိုက်စစ်
ကို ဦးဆောင်လာပေမယ့် ထိရောက်မှု ကြီးကြီးမားမားမရှိခဲ့ဘဲ အခွင့်အရေးတကြိမ်ကိုလည်း မိုး
ပေါ်ထောင်ကန်ပစ်ခဲ့ပါတယ်။အဲရစ်ဆင်ရဲ့ကန်ချက်တကြိမ် ဂိုးဘေးကပ်ထွက်ခဲ့တာအပြင် တာ
ဟစ်ချောင်ရဲ့ မလိုလားအပ်တဲ့ နှောင့်နှေးမှု၊ ဖြုန်းတီးမှုတွေကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေရ
လဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းစပြီး (၁၅) စက္ကန့်မပြည့်ခင်မှာတင် ဗယ်လက်
ကာနိုရဲ့ အလစ်ငိုက်ထိုးဖောက်မှုကို ဟီတန် ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက်တို့
ကံကောင်းခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ရော်နယ်ဒိုကို ဒီယာလိုနဲ့ လူစားလဲခဲ့ပြီး တဲလက်စ်ရဲ့
ကန်ချက်ပြန်ထွက်လာတာကတဆင့် ဒီယာလိုက ပိတ်သွင်းပြီး ယူနိုက်တက်တို့ အဖွင့်ဂိုးရခဲ့ပါ
တယ်။ အဲ့ဒီနောက် ဗယ်လက်ကာနိုဘက်က ဖယ်လ်ကာအိုရဲ့ကန်ချက် ဘားတန်းထိထွက်ခဲ့ပေ
မယ့် ပါလာဇွန်ရဲ့ကန်ချက်ကို တွမ်ဟီတန် ပုတ်ထုတ်ရာကတဆင့် အယ်လ်ဗာရိုပါလာဇွန်က ပိတ်
သွင်းခဲ့ပါတယ်။ဒုတိယပိုင်းမှာ ပွဲက တော်တော်လေးအေးသွားခဲ့ပြီး တန်ဟက်ခ်ကလည်း ဇီဒန်း
အစ်ဘယ်လ်၊ ဟာနီဘယ်လ်၊ ရှိုတိုင်းရား၊ ဘာယီတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ
တိုက်စစ်မြှင့်ခဲ့ပေမယ့် ယူနိုက်တက်လူငယ်လေးတွေ တကိုယ်ကောင်းဆန်နေတာ၊ စိတ်လော
နေတာတွေကြောင့် တဂိုးစီသရေနဲ့သာကျနေပ်ခဲ့ရပါတယ်။တန်ဟက်ခ်အတွက်လည်း အိုးထ
ရက်ဖို့ဒ်မှာ ပထမဆုံးပွဲကကျေနပ်ဖို့မကောင်းခဲ့သလို ခြေစမ်းပွဲ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်
ပွဲပျောက်ခဲ့တာကလည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တပတ်မှာ
တော့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာဧည့်ခံကစားရမှာလည်း
ဖြစ်ပါတယ်။
ယူႏိုက္တက္က ဒီေန႔ပြဲမွာ ေရာ္နယ္ဒို၊ အဲရစ္ဆင္၊ ဗန္ဒီဘိခ္၊ ဗာရန္း၊ အဲလက္စ္တဲလက္စ္တို႔ကို
အမာခံထားၿပီး လီဆန္ဒ႐ိုနဲ႔အတူ ဂါနာခ်ိဳ၊ ဂ်ိမ္းစ္ဂါနာတို႔လို လူငယ္ေတြနဲ႔ ပြဲထြက္ခဲ့ပါတယ္။ ဂါ
နာခ်ိဳရဲ႕ အတိုးအလႈပ္နဲ႔႐ုန္းအားေတြက ေတာ္ေတာ္ေလးကို အားရစရာေကာင္းခဲ့ၿပီး သူေဘာလုံး
ရတိုင္း ၿပိဳင္ဘက္ေနာက္တန္းကို ဒုကၡေပးႏိုင္ခဲ့ပါတယ္။ဒီဘက္ေတာင္ပံက တာဟစ္ေခ်ာင္က
ေတာ့ စိတ္ပ်က္စရာပါ။ အဲရစ္ဆင္ေတာင္မွ သူ႔ကိုေျပာယူရတဲ့ အေနအထားျဖစ္ေနၿပီး တာဟစ္
ေခ်ာင္ေနာက္က ညာေနာက္ခံလူ လိုင္ရာ့ဒ္ပါ ေၾကာင္ေပ်ာက္သြားခဲ့ပါတယ္။ ေရာ္နယ္ဒို တိုက္စစ္
ကို ဦးေဆာင္လာေပမယ့္ ထိေရာက္မႈ ႀကီးႀကီးမားမားမရွိခဲ့ဘဲ အခြင့္အေရးတႀကိမ္ကိုလည္း မိုး
ေပၚေထာင္ကန္ပစ္ခဲ့ပါတယ္။အဲရစ္ဆင္ရဲ႕ကန္ခ်က္တႀကိမ္ ဂိုးေဘးကပ္ထြက္ခဲ့တာအျပင္ တာ
ဟစ္ေခ်ာင္ရဲ႕ မလိုလားအပ္တဲ့ ေႏွာင့္ေႏွးမႈ၊ ျဖဳန္းတီးမႈေတြေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရရ
လဒ္သာ ထြက္ေပၚခဲ့ပါတယ္။ ဒါ့အျပင္ ပထမပိုင္းစၿပီး (၁၅) စကၠန္႔မျပည့္ခင္မွာတင္ ဗယ္လက္
ကာႏိုရဲ႕ အလစ္ငိုက္ထိုးေဖာက္မႈကို ဟီတန္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္လည္း ယူႏိုက္တက္တို႔
ကံေကာင္းခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ ေရာ္နယ္ဒိုကို ဒီယာလိုနဲ႔ လူစားလဲခဲ့ၿပီး တဲလက္စ္ရဲ႕
ကန္ခ်က္ျပန္ထြက္လာတာကတဆင့္ ဒီယာလိုက ပိတ္သြင္းၿပီး ယူႏိုက္တက္တို႔ အဖြင့္ဂိုးရခဲ့ပါ
တယ္။ အဲ့ဒီေနာက္ ဗယ္လက္ကာႏိုဘက္က ဖယ္လ္ကာအိုရဲ႕ကန္ခ်က္ ဘားတန္းထိထြက္ခဲ့ေပ
မယ့္ ပါလာဇြန္ရဲ႕ကန္ခ်က္ကို တြမ္ဟီတန္ ပုတ္ထုတ္ရာကတဆင့္ အယ္လ္ဗာ႐ိုပါလာဇြန္က ပိတ္
သြင္းခဲ့ပါတယ္။ဒုတိယပိုင္းမွာ ပြဲက ေတာ္ေတာ္ေလးေအးသြားခဲ့ၿပီး တန္ဟက္ခ္ကလည္း ဇီဒန္း
အစ္ဘယ္လ္၊ ဟာနီဘယ္လ္၊ ရႈိတိုင္းရား၊ ဘာယီတို႔ကို ထည့္သြင္းကစားခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ
တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ယူႏိုက္တက္လူငယ္ေလးေတြ တကိုယ္ေကာင္းဆန္ေနတာ၊ စိတ္ေလာ
ေနတာေတြေၾကာင့္ တဂိုးစီသေရနဲ႔သာက်ေနပ္ခဲ့ရပါတယ္။တန္ဟက္ခ္အတြက္လည္း အိုးထ
ရက္ဖို႔ဒ္မွာ ပထမဆုံးပြဲကေက်နပ္ဖို႔မေကာင္းခဲ့သလို ေျခစမ္းပြဲ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္
ပြဲေပ်ာက္ခဲ့တာကလည္း စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္တပတ္မွာ
ေတာ့ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲအျဖစ္ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာဧည့္ခံကစားရမွာလည္း
ျဖစ္ပါတယ္။