လက်ကျန်စာချုပ်သက်တမ်းအတွင်းမှာ ဘောလုံးကိုပဲ အပြည့်အဝအာရုံစိုက်သွားမယ်လို့ ဘာကာအကြီးပိုင်းကိုပြောလာတဲ့ ပီကေး
ဂျာရတ် ပီကေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းခေါင်းကြီးပိုင်းမှာနေရာ
ယူထားတဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ( ၂ ) ပတ်ကျော်က နည်းပြ ဇာဗီဟာနောက်
ခံလူနဲ့ တွေ့ဆုံပြီး လာမယ့်ရာသီအတွက် သူ့ကို မလိုအပ်တော့ကြောင်းပြောဆိုခဲ့
တယ်လို့ ဘာစီလိုနာအခြေစိုက် SPORT သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။
နောက်ခံလူက နည်းပြကို သူ အဓိက စိုးရိမ်တဲ့ကွင်းပြင်ပ အပြုအမူတွေနဲ့ ပတ်
သက်ပြီး ပြောင်းလဲပေးမယ်လို့ ကတိပေးခဲ့ပေမယ့်ဇာဗီက ဥက္ကဌ ယိုဟန် လာပေါ်
တာ နှင့် အားကစားဒါရိုက်တာအယ်လ်နီတို့ကို ဂျူးလ် ခွန်ဒေးလ်က သူ့ရဲ့ အိပ်မက်
ခေါ်ယူမှုဖြစ်ကြောင်းရှင်းလင်းခဲ့ပါတယ်။ ပီကေးက လာပေါ်တာနဲ့ တွေ့ဆုံစဥ် သူ့
အနေနဲ့လက်ကျန် စာချုပ်သက်တမ်း ( ၂ ) နှစ်မှာ အခြားသော ပြင်ပ အရာတွေက
နေစွန့်ခွာပြီး ဘောလုံးကိုပဲ အပြည့်အဝ အာရုံစိုက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး သူက လစာ‌လျာ့ယူပြီး ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်အောင်
ကူညီပေးမယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင်က ပီကေးက သူ့ရဲ့စွမ်းဆောင်ရည်
အပေါ်လည်း ယုံကြည်မှု အပြည့်ရှိနေပြီး“ ကျွန်တော် ပွဲထွက်ခွင့်ရပါလိမ့်မယ်။
သတ္တိရှိရင် ကမ္ဘာ့အ‌ကောင်းဆုံးခံစစ်မှူးကို ခေါ်လိုက်ပါ ။ သူက အရံခုံရောက်သွား
ပါလိမ့်မယ်။ကျွန်တော်က ပွဲထွက်ခွင့်ရပါလိမ့်မယ်။” လို့ ဆိုခဲ့ပါတယ်။