ရွှေဖိနပ်ဆုရှင်တစ်‌ယောက်ပါဝင်လာခြင်းမရှိပြန်တဲ့ PFAရဲ့အငြင်းပွားဖွယ် တနှစ်တာအကောင်းဆုံး (၁၁) ယောက်စာရင်း

မနေ့က ထုတ်ပြန်လိုက်တဲ့ PFA ရဲ့ တနှစ်တာအကောင်းဆုံး (၁၁) ယောက်စာရင်းမှာလည်း ရွှေဖိ

နပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင် ချန်လှပ်ခံခဲ့ရပြန်ပါတယ်။ ဆွန်

ဟောင်မင်ဟာ ဆာလာနဲ့အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့တာပါ။ဒါပေမယ့်

ဒီကစားသမားက PFA တနှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား

စာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ အဲ့ဒီအပေါ်မှာ ပရိသတ်တွေ အပြင်းအထန် ဝေဖန်ခဲ့ကြပြီး အခု

တခါမှာတော့ အကောင်းဆုံး ကစားသမား (၁၁) ယောက်စာရင်းမှာတောင် မပါဝင်လာတော့တာ

ဖြစ်ပါတယ်။PFA တနှစ်တာအကောင်းဆုံးအသင်းမှာ ရော်နယ်ဒို၊ သီယာဂိုတို့ အငြင်းပွားဖွယ် ပါ

ဝင်လာခဲ့ပြီး ၄-၃-၃ ကစားကွက်နဲ့ ခင်းကျင်းထားတဲ့ ဒီရွေးချယ်မှုမှာ လီဗာပူးက ကစားသမား (၆)

ယောက်အထိ ပါဝင်ခဲ့ပါတယ်။ လီဗာပူးက ဂိုးသမား အယ်လစ်ဆန်၊ အာနိုးလ်၊ ဗန်ဒိုက်ချ်၊ သီယာဂို၊

ဆာလာ၊ မာနေးတို့ ပါဝင်ခဲ့တာပါ။ မန်စီးတီးကတော့ (၃) ယောက် ပါဝင်ခဲ့ပြီး ကန်ဆယ်လို၊ ဘာနာ

ဒိုဆေးလ်ဗား၊ ဒီဘရိုင်းတို့ဖြစ်ပါတယ်။အခြားအသင်းက ကစားသမား (၂) ယောက်အနေနဲ့ ချဲလ်ဆီး

နောက်ခံလူ ရူဒီဂါ၊ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ပါတယ်။ PFA တနှစ်တာ အ

ကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်ကစားသမား ဆာလာက သူ့ရဲ့ ကစားသမား

ဘဝအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။လူငယ်အကောင်းဆုံးကစားသမား

ဆုကိုတော့ မန်စီးတီးကြယ်ပွင့် ဖိုဒန်က (၂) နှစ်ဆက်အဖြစ် ဆွတ်ခူးရရှိခဲ့ပါတယ်။ အကောင်းဆုံး

(၁၁) ယောက်စာရင်းမှာ ဆွန်ဟောင်မင် မပါဝင်ခဲ့တာ၊ သီယာဂိုရွေးချယ်ခံခဲ့ရတာ၊ ယူနိုက်တက်နဲ့

တရာသီလုံးရုန်းကန်ခဲ့ရတဲ့ ရော်နယ်ဒိုပါဝင်လာခဲ့တာတွေက ဒီနှစ်အတွက် အဓိက အငြင်းပွားစ

ရာတွေဖြစ်ခဲ့ပါတယ်။

မေန႔က ထုတ္ျပန္လိုက္တဲ့ PFA ရဲ႕ တႏွစ္တာအေကာင္းဆုံး (၁၁) ေယာက္စာရင္းမွာလည္း ေ႐ႊဖိ

နပ္ဆုဆြတ္ခူးႏိုင္ခဲ့တဲ့ စပါးတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ ခ်န္လွပ္ခံခဲ့ရျပန္ပါတယ္။ ဆြန္

ေဟာင္မင္ဟာ ဆာလာနဲ႔အတူ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို ပူးတြဲဆြတ္ခူးႏိုင္ခဲ့တာပါ။ဒါေပမယ့္

ဒီကစားသမားက PFA တႏွစ္တာအေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္ကစားသမား

စာရင္းမွာေတာင္ မပါဝင္ခဲ့ပါဘူး။ အဲ့ဒီအေပၚမွာ ပရိသတ္ေတြ အျပင္းအထန္ ေဝဖန္ခဲ့ၾကၿပီး အခု

တခါမွာေတာ့ အေကာင္းဆုံး ကစားသမား (၁၁) ေယာက္စာရင္းမွာေတာင္ မပါဝင္လာေတာ့တာ

ျဖစ္ပါတယ္။PFA တႏွစ္တာအေကာင္းဆုံးအသင္းမွာ ေရာ္နယ္ဒို၊ သီယာဂိုတို႔ အျငင္းပြားဖြယ္ ပါ

ဝင္လာခဲ့ၿပီး ၄-၃-၃ ကစားကြက္နဲ႔ ခင္းက်င္းထားတဲ့ ဒီေ႐ြးခ်ယ္မႈမွာ လီဗာပူးက ကစားသမား (၆)

ေယာက္အထိ ပါဝင္ခဲ့ပါတယ္။ လီဗာပူးက ဂိုးသမား အယ္လစ္ဆန္၊ အာႏိုးလ္၊ ဗန္ဒိုက္ခ်္၊ သီယာဂို၊

ဆာလာ၊ မာေနးတို႔ ပါဝင္ခဲ့တာပါ။ မန္စီးတီးကေတာ့ (၃) ေယာက္ ပါဝင္ခဲ့ၿပီး ကန္ဆယ္လို၊ ဘာနာ

ဒိုေဆးလ္ဗား၊ ဒီဘ႐ိုင္းတို႔ျဖစ္ပါတယ္။အျခားအသင္းက ကစားသမား (၂) ေယာက္အေနနဲ႔ ခ်ဲလ္ဆီး

ေနာက္ခံလူ ႐ူဒီဂါ၊ ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုတို႔ ပါဝင္လာခဲ့ပါတယ္။ PFA တႏွစ္တာ အ

ေကာင္းဆုံးကစားသမားဆုကိုေတာ့ လီဗာပူးတိုက္စစ္ကစားသမား ဆာလာက သူ႔ရဲ႕ ကစားသမား

ဘဝအတြက္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။လူငယ္အေကာင္းဆုံးကစားသမား

ဆုကိုေတာ့ မန္စီးတီးၾကယ္ပြင့္ ဖိုဒန္က (၂) ႏွစ္ဆက္အျဖစ္ ဆြတ္ခူးရရွိခဲ့ပါတယ္။ အေကာင္းဆုံး

(၁၁) ေယာက္စာရင္းမွာ ဆြန္ေဟာင္မင္ မပါဝင္ခဲ့တာ၊ သီယာဂိုေ႐ြးခ်ယ္ခံခဲ့ရတာ၊ ယူႏိုက္တက္နဲ႔

တရာသီလုံး႐ုန္းကန္ခဲ့ရတဲ့ ေရာ္နယ္ဒိုပါဝင္လာခဲ့တာေတြက ဒီႏွစ္အတြက္ အဓိက အျငင္းပြားစ

ရာေတြျဖစ္ခဲ့ပါတယ္။