ရော်နယ်ဒို ရောက်လာမှုကြောင့် ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝပျက်စီးခဲ့ရ ဟု အာဆင်နယ်ဂန္ထဝင်ပြော

အာဆင်နယ်ဂန္ထဝင်ကစားသမားပေါလ်မာဆင်ကအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်နည်းပြဘဝမှာခရစ္စတီယာနိုရော်နယ်ဒို ကလပ်သို့တကျော့ပြန်ရောက်လာမှုကြောင့်ပျက်စီးခဲ့ရကြောင်းပြောကြားလိုက်ပါတယ်။

နော်ဝေလူမျိုးနည်းပြဟာဝက်ဖို့ဒ်အား၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်၂၄နာရီမပြည့်မီမန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မန်ယူဟာနွေရာသီတုန်းကအသက်၃၄နှစ်ရှိကာဗာနီကိုတစ်နှစ်စာချုပ်သစ်ချုပ်ဆိုခြင်း၊ဂျာဒွန်ဆန်ချိုကိုဒေါ့မွန်မှပေါင်၇၄သန်းဖြင့်ခေါ်ယူခြင်းတို့ပြုလုပ်ပြီးနောက်အပြောင်းအရွှေ့ပိတ်ခါနီးတွင်အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်စတားဟောင်းပေါလ်မာဆင်ကအိုလီဂန်းနားဆိုးလ်ရှားဟာကာဗာနီနှင့်ဂျာဒွန်ဆန်ချိုတို့ကိုစာချုပ်ချုပ်ဆိုမှုမှာမန်ယူရဲ့တန်ပြန်တိုက်စစ်စတိုင်တည်ဆောက်ရန်အတွက်ဖြစ်ပြီးရော်နယ်ဒိုရောက်လာချိန်မှာအစီအစဉ်အားလုံးကိုဖျက်ဆီးပစ်ခဲ့ရကြောင်းသုံးသပ်သွားပါတယ်။

ဒါ့အပြင်၎င်းကမန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုကိုတကယ်တမ်းခေါ်ယူချင်လို့ခေါ်ယူခဲ့တာမျိုးမဟုတ်ဘဲမြို့ခံပြိုင်ဘက်မန်စီးတီးသို့ရောက်သွားမှာစိုးလို့သာခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

မာဆင်က “အိုလီဂန်းနားဆိုးလ်ရှားအတွက်စိတ်မကောင်းဖြစ်ရတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဒုတိယရရှိပြီးတဲ့နောက်သူ့မှာရာသီအစတုန်းကအစီအစဉ်တစ်ခုရှိခဲ့တယ်။သူဟာဂျာဒွန်ဆန်ချိုကိုအချိန်အကြာကြီးစောင့်ကြည့်နေခဲ့တယ်။သူ့ကိုခေါ်ယူလိုက်တယ်။ပြီးတော့ကာဗာနီကိုနောက်ထပ်တစ်နှစ်သက်တမ်းတိုးတယ်။နောက်တော့ရာသီမစတင်ခင်မှာရော်နယ်ဒိုကိုအပေးခံရတယ်။သူဟာအစီအစဉ်အားလုံးကိုပြတင်းပေါက်ကနေလွှင့်ပစ်ခဲ့ရတယ်လို့ထင်ပါတယ်။ရော်နယ်ဒိုရောက်လာပြီးတဲ့နောက်မန်ယူကတစ်ရက်ပြီးတစ်ရက်ဆိုးသထက်ဆိုးလာတယ်။ကောင်းမွန်တဲ့ကစားဟန်စနစ်မရှိဘဲအဝေးကွင်း၂၉ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရခဲ့တာမဟုတ်ပါဘူး။ဒီနည်းလမ်းအတိုင်းကစားဖို့ဆန်ချိုကနောက်ထပ်လက်နက်တစ်ခုပါ။ရော်နယ်ဒိုရှိနေတော့သူတို့မှာတန်ပြန်တိုက်စစ်ကစားဖို့နောက်ထပ်လက်နက်မရှိတော့ပါဘူး။ဆိုးလ်ရှားမှာအစီအစဉ်ရှိခဲ့တယ်။ရော်နယ်ဒိုရဲ့အခြေအနေကြောင့်အားလုံးကိုပြတင်းပေါက်ကနေလွှင့်ပစ်ခဲ့ရတယ်။သူ့ကိုခေါ်ယူတယ်ဆိုတာကလည်း မန်စီးတီးသို့ရောက်သွားမှာစိုးလို့ပါ။ယူနိုက်တက်ဘက်ကနေဂျူဗင်တပ်ကိုဆက်သွယ်ပြီးရော်နယ်ဒိုကိုခေါ်ယူနိုင်မလားဆိုပြီးမေးခဲ့တာမျိုးမဟုတ်ပါဘူး။ရော်နယ်ဒိုကမန်ယူရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးစီမံကိန်းမပါဝင်ပါဘူး။ရှိလည်းရှိမနေပါဘူး”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတုန်းကဂျူဗင်တပ်မှပြန်လည်ရောက်ရှိလာပြီးနောက်မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၀ဂိုးသွင်းယူပေးထားပါတယ်။

ZawGyi

ေရာ္နယ္ဒို ေရာက္လာမႈေၾကာင့္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပဘဝပ်က္စီးခဲ့ရ

အာဆင္နယ္ဂႏၴဝင္ကစားသမားေပါလ္မာဆင္ကအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ခ်က္စတာယူႏိုက္တက္နည္းျပဘဝမွာခရစၥတီယာႏိုေရာ္နယ္ဒို ကလပ္သို႔တေက်ာ့ျပန္ေရာက္လာမႈေၾကာင့္ပ်က္စီးခဲ့ရေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပဟာဝက္ဖို႔ဒ္အား၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္၂၄နာရီမျပည့္မီမန္ယူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

မန္ယူဟာေႏြရာသီတုန္းကအသက္၃၄ႏွစ္ရွိကာဗာနီကိုတစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္း၊ဂ်ာဒြန္ဆန္ခ်ိဳကိုေဒါ့မြန္မွေပါင္၇၄သန္းျဖင့္ေခၚယူျခင္းတို႔ျပဳလုပ္ၿပီးေနာက္အေျပာင္းအေ႐ႊ႕ပိတ္ခါနီးတြင္အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူခဲ့တာျဖစ္ပါတယ္။

အဂၤလန္စတားေဟာင္းေပါလ္မာဆင္ကအိုလီဂန္းနားဆိုးလ္ရွားဟာကာဗာနီႏွင့္ဂ်ာဒြန္ဆန္ခ်ိဳတို႔ကိုစာခ်ဳပ္ခ်ဳပ္ဆိုမႈမွာမန္ယူရဲ႕တန္ျပန္တိုက္စစ္စတိုင္တည္ေဆာက္ရန္အတြက္ျဖစ္ၿပီးေရာ္နယ္ဒိုေရာက္လာခ်ိန္မွာအစီအစဥ္အားလုံးကိုဖ်က္ဆီးပစ္ခဲ့ရေၾကာင္းသုံးသပ္သြားပါတယ္။

ဒါ့အျပင္၎ကမန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုတကယ္တမ္းေခၚယူခ်င္လို႔ေခၚယူခဲ့တာမ်ိဳးမဟုတ္ဘဲၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔ေရာက္သြားမွာစိုးလို႔သာေခၚယူခဲ့ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

မာဆင္က “အိုလီဂန္းနားဆိုးလ္ရွားအတြက္စိတ္မေကာင္းျဖစ္ရတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကဒုတိယရရွိၿပီးတဲ့ေနာက္သူ႔မွာရာသီအစတုန္းကအစီအစဥ္တစ္ခုရွိခဲ့တယ္။သူဟာဂ်ာဒြန္ဆန္ခ်ိဳကိုအခ်ိန္အၾကာႀကီးေစာင့္ၾကည့္ေနခဲ့တယ္။သူ႔ကိုေခၚယူလိုက္တယ္။ၿပီးေတာ့ကာဗာနီကိုေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးတယ္။ေနာက္ေတာ့ရာသီမစတင္ခင္မွာေရာ္နယ္ဒိုကိုအေပးခံရတယ္။သူဟာအစီအစဥ္အားလုံးကိုျပတင္းေပါက္ကေနလႊင့္ပစ္ခဲ့ရတယ္လို႔ထင္ပါတယ္။ေရာ္နယ္ဒိုေရာက္လာၿပီးတဲ့ေနာက္မန္ယူကတစ္ရက္ၿပီးတစ္ရက္ဆိုးသထက္ဆိုးလာတယ္။ေကာင္းမြန္တဲ့ကစားဟန္စနစ္မရွိဘဲအေဝးကြင္း၂၉ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရခဲ့တာမဟုတ္ပါဘူး။ဒီနည္းလမ္းအတိုင္းကစားဖို႔ဆန္ခ်ိဳကေနာက္ထပ္လက္နက္တစ္ခုပါ။ေရာ္နယ္ဒိုရွိေနေတာ့သူတို႔မွာတန္ျပန္တိုက္စစ္ကစားဖို႔ေနာက္ထပ္လက္နက္မရွိေတာ့ပါဘူး။ဆိုးလ္ရွားမွာအစီအစဥ္ရွိခဲ့တယ္။ေရာ္နယ္ဒိုရဲ႕အေျခအေနေၾကာင့္အားလုံးကိုျပတင္းေပါက္ကေနလႊင့္ပစ္ခဲ့ရတယ္။သူ႔ကိုေခၚယူတယ္ဆိုတာကလည္း မန္စီးတီးသို႔ေရာက္သြားမွာစိုးလို႔ပါ။ယူႏိုက္တက္ဘက္ကေနဂ်ဴဗင္တပ္ကိုဆက္သြယ္ၿပီးေရာ္နယ္ဒိုကိုေခၚယူႏိုင္မလားဆိုၿပီးေမးခဲ့တာမ်ိဳးမဟုတ္ပါဘူး။ေရာ္နယ္ဒိုကမန္ယူရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးစီမံကိန္းမပါဝင္ပါဘူး။ရွိလည္းရွိမေနပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီတုန္းကဂ်ဴဗင္တပ္မွျပန္လည္ေရာက္ရွိလာၿပီးေနာက္မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၀ဂိုးသြင္းယူေပးထားပါတယ္။