ရော်နယ်ဒို မဖွင့်ဟခဲ့တဲ့အကြောင်းကို ဖွင့်ဟလာခဲ့တဲ့ ပေါ်တူဂီအသင်းဖော် ဘရူနိုဖာနန်ဒက်

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းဖော်ရော်နယ်ဒိုနဲ့ ယူနိုက်

တက်တို့ကြား လမ်းခွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီး သူတို့ဘာမှမပြောဖြစ်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက သူ့ရဲ့ ဆုံးဖြတ်ချက်

အတွက် ဘာဆိုဘာမှမပြောခဲ့ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ နှစ်ဖက်

သဘောတူလမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်သွားခဲ့ပါပြီ။ ဒါကြောင့် ကမ္ဘာ့ဖလားအပြီးမှာ

သူ့စိတ်ကြိုက်အသင်းကို ရွေးချယ်နိုင်မှာဖြစ်သလို သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေကလည်း အလွတ်ခေါ်

ယူနိုင်မှာဖြစ်ကာ သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ ဒီ

အကြောင်းနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်ကို မေးမြန်းခဲ့ရာမှာတော့ “ရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘ၀နဲ့

သူ့မိသားစုအတွက် မတူညီတဲ့ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့တာပါ၊ ဒါကို ကျနော်တို့ လေးစားရပါလိမ့်မယ်၊

ဒီအကြောင်းကို ခရစ္စနဲ့လည်း ကျနော်မဆွေးနွေးဘူး၊ လက်ရွေးစင်အတွက်ပဲ အားလုံးကအာရုံစိုက်နေတယ်

၊ သက်တောင့်သက်သာမဖြစ်ဘူးလို့မလည်း မခံစားရပါဘူး””ကျနော့်မှာ ဘယ်ဘက်ကိုရွေးပါ့မယ်ဆိုတာ

မျိုး လုပ်လို့မရဘူးလေ၊ သူနဲ့အတူ ယူနိုက်တက်မှာ တွဲဖက်ကစားဖို့ အိပ်မက်က တကယ်ဖြစ်လာခဲ့တယ်၊

ဒါပေမယ့် ဘယ်အရာမှ ထာ၀ရတည်မြဲတာမဟုတ်ပါဘူး၊ သူ့အတွက် ကမ္ဘာဖ့လားက ဘယ်လောက်အ

ရေးပါလဲ ကျနော်တို့ သိတယ်၊ သူကလည်း အမြဲတမ်းအာရုံစိုက်နေတယ်၊ သူ့ဆုံးဖြတ်ချက်အကြောင်း

လည်း ကျနော့်ကိုမပြောခဲ့ပါဘူး၊ ဒါက ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ပါပဲ””ဒီအကြောင်း ပြောကိုမပြောဘူး၊ လူ

တိုင်းက ကမ္ဘာ့ဖလားနဲ့ လက်ရွေးစင်အတွက်ပဲ အာရုံစိုက်ပြီး ပန်းတိုင်သတ်မှတ်ထားပါတယ်” လို့ ပြော

ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အဲဗာတန်နဲ့ကစားခဲ့တဲ့ ပြီးခဲ့တဲ့ရာသီပွဲစဉ်မှာ ပြိုင်ဘက်ကလေးငယ်ရဲ့

ဖုန်းကို လက်နဲ့ရိုက်ချခဲ့တဲ့ ဖြစ်ရပ်အတွက် ပေါင် ၅ သောင်းနဲ့ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့

လည်း သိရပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က အသင္းေဖာ္ေရာ္နယ္ဒိုနဲ႔ ယူႏိုက္

တက္တို႔ၾကား လမ္းခြဲတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး သူတို႔ဘာမွမေျပာျဖစ္ခဲ့ဘူးလို႔ ဖြင့္ဟလိုက္ပါတယ္။

မေန႔က ျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္

အတြက္ ဘာဆိုဘာမွမေျပာခဲ့ဘူးလို႔လည္း သူက ဝန္ခံခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္နဲ႔ ႏွစ္ဖက္

သေဘာတူလမ္းခြဲခဲ့တာျဖစ္ၿပီး လက္ရွိမွာ အသင္းလက္မဲ့ျဖစ္သြားခဲ့ပါၿပီ။ ဒါေၾကာင့္ ကမာၻ႔ဖလားအၿပီးမွာ

သူ႔စိတ္ႀကိဳက္အသင္းကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္သလို သူ႔ကိုေခၚယူခ်င္တဲ့ အသင္းေတြကလည္း အလြတ္ေခၚ

ယူႏိုင္မွာျဖစ္ကာ သူ႔အနာဂတ္က ဘယ္လိုျဖစ္လာမလဲဆိုတာ အားလုံးက စိတ္ဝင္စားေနၾကပါတယ္။ ဒီ

အေၾကာင္းနဲ႔ပတ္သက္ၿပီး ဖာနန္ဒက္စ္ကို ေမးျမန္းခဲ့ရာမွာေတာ့ “ေရာ္နယ္ဒိုက သူ႔ရဲ႕ ကစားသမားဘ၀နဲ႔

သူ႔မိသားစုအတြက္ မတူညီတဲ့ဆုံးျဖတ္ခ်က္တခုကို ခ်မွတ္ခဲ့တာပါ၊ ဒါကို က်ေနာ္တို႔ ေလးစားရပါလိမ့္မယ္၊

ဒီအေၾကာင္းကို ခရစၥနဲ႔လည္း က်ေနာ္မေဆြးေႏြးဘူး၊ လက္ေ႐ြးစင္အတြက္ပဲ အားလုံးကအာ႐ုံစိုက္ေနတယ္

၊ သက္ေတာင့္သက္သာမျဖစ္ဘူးလို႔မလည္း မခံစားရပါဘူး””က်ေနာ့္မွာ ဘယ္ဘက္ကိုေ႐ြးပါ့မယ္ဆိုတာ

မ်ိဳး လုပ္လို႔မရဘူးေလ၊ သူနဲ႔အတူ ယူႏိုက္တက္မွာ တြဲဖက္ကစားဖို႔ အိပ္မက္က တကယ္ျဖစ္လာခဲ့တယ္၊

ဒါေပမယ့္ ဘယ္အရာမွ ထာ၀ရတည္ၿမဲတာမဟုတ္ပါဘူး၊ သူ႔အတြက္ ကမာၻဖ့လားက ဘယ္ေလာက္အ

ေရးပါလဲ က်ေနာ္တို႔ သိတယ္၊ သူကလည္း အၿမဲတမ္းအာ႐ုံစိုက္ေနတယ္၊ သူ႔ဆုံးျဖတ္ခ်က္အေၾကာင္း

လည္း က်ေနာ့္ကိုမေျပာခဲ့ပါဘူး၊ ဒါက ပုဂၢိဳလ္ေရးဆုံးျဖတ္ခ်က္ပါပဲ””ဒီအေၾကာင္း ေျပာကိုမေျပာဘူး၊ လူ

တိုင္းက ကမာၻ႔ဖလားနဲ႔ လက္ေ႐ြးစင္အတြက္ပဲ အာ႐ုံစိုက္ၿပီး ပန္းတိုင္သတ္မွတ္ထားပါတယ္” လို႔ ေျပာ

ဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ အဲဗာတန္နဲ႔ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီပြဲစဥ္မွာ ၿပိဳင္ဘက္ကေလးငယ္ရဲ႕

ဖုန္းကို လက္နဲ႔႐ိုက္ခ်ခဲ့တဲ့ ျဖစ္ရပ္အတြက္ ေပါင္ ၅ ေသာင္းနဲ႔ ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတယ္လို႔

လည္း သိရပါတယ္။