ရော်နယ်ဒို၊ ယူနိုက်တက် ၊ ဂျူဗင်တပ်စ်တို့ ပျော်နေရင် ရပါပြီ ဆိုတဲ့ မော်ရင်ဟို

 

ယူနိုက်တက်အသင်းကို ပြန်လည် ပြောင်းရွှေ့သွားတဲ့ တပည့်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်ပေးစရာ မလိုအောင် ပြီးပြည့်စုံပါတယ်ဆိုပြီး မော်ရင်ဟိုက ဆိုလိုက်ပါတယ်။

” ခရစ္စတီယာနိုနဲ့ ပတ်သက်ပြီး ဘာမှကို ဝေဖန်နေစရာကို မလိုတာပါ။

သူက အနှစ် ၂၀လောက် အကောင်းဆုံး ပရော်ဖက်ရှင်နယ် သမိုင်းကြောင်းကို မှတ်တမ်း တင်ထားခဲ့ပါပြီ။

ဘာကိုမှ မှတ်ချက်ပေးစရာကို မလိုတဲ့ ကစားသမားပါ။”

“ဂျူဗင်တပ်စ်ရော ကစားသမားရော ယူနိုက်တက်ရော ပျော်ရွှင်ရတာဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့အပြောင်းအရွှေ့ လို့ ကျွန်တော်ပြောချင်ပါတယ်။” ဆိုပြီး မော်ရင်ဟိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းထံ ဆုဖလားလက်လွှတ်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုက အသင်းပြောင်းရွှေ့သွား တဲ့အတွက် ဆုဖလားကို ပြန်လည်ရယူရေးတွင် ဂျူဗင်တပ်စ်အဖို့ အတားအဆီးရှိလာနိုင်ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားကခရစ္စတီယာနိုရော်နယ်ဒိုကို ယူနိုက်တက်တွင်အထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာကစားသမားဘဝအစပိုင်းတုန်းကယူနိုက်တက်တွင်တောင်ပံကစားသမားအဖြစ်ကစားလာခဲ့တာဖြစ်သော်လည်းဂိုးသွင်းနှုန်းမြင့်မားလာမှုနဲ့အတူရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်စ်၊ပေါ်တူဂီတို့တွင်အထောင်တိုက်စစ်မှူးအဖြစ်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

 

zawgyi

ရော်နယ်ဒို၊ ယူနိုက်တက် ၊ ဂျူဗင်တပ်စ်တို့ ပျော်နေရင် ရပါပြီ ဆိုတဲ့ မော်ရင်ဟို

ယူနိုက်တက်အသင်းကို ပြန်လည် ပြောင်းရွှေ့သွားတဲ့ တပည့်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်ပေးစရာ မလိုအောင် ပြီးပြည့်စုံပါတယ်ဆိုပြီး မော်ရင်ဟိုက ဆိုလိုက်ပါတယ်။

” ခရစ္စတီယာနိုနဲ့ ပတ်သက်ပြီး ဘာမှကို ဝေဖန်နေစရာကို မလိုတာပါ။ သူက အနှစ် ၂၀လောက် အကောင်းဆုံး ပရော်ဖက်ရှင်နယ် သမိုင်းကြောင်းကို မှတ်တမ်း တင်ထားခဲ့ပါပြီ။ ဘာကိုမှ မှတ်ချက်ပေးစရာကို မလိုတဲ့ ကစားသမားပါ။”

“ဂျူဗင်တပ်စ်ရော ကစားသမားရော ယူနိုက်တက်ရော ပျော်ရွှင်ရတာဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့အပြောင်းအရွှေ့ လို့ ကျွန်တော်ပြောချင်ပါတယ်။” ဆိုပြီး မော်ရင်ဟိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းထံ ဆုဖလားလက်လွှတ်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုက အသင်းပြောင်းရွှေ့သွား တဲ့အတွက် ဆုဖလားကို ပြန်လည်ရယူရေးတွင် ဂျူဗင်တပ်စ်အဖို့ အတားအဆီးရှိလာနိုင်ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားကခရစ္စတီယာနိုရော်နယ်ဒိုကို ယူနိုက်တက်တွင်အထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာကစားသမားဘဝအစပိုင်းတုန်းကယူနိုက်တက်တွင်တောင်ပံကစားသမားအဖြစ်ကစားလာခဲ့တာဖြစ်သော်လည်းဂိုးသွင်းနှုန်းမြင့်မားလာမှုနဲ့အတူရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်စ်၊ပေါ်တူဂီတို့တွင်အထောင်တိုက်စစ်မှူးအဖြစ်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။