ရော်နယ်ဒိုအတွက်ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကိုမေးခွန်းထုတ်လာခဲ့တဲ့ ဂါနာနည်းပြအောတိုအက်ဒို

ပေါ်တူဂီကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှတော့ ဂါနာနည်းပြအောတိုအက်ဒိုက သူတို့အသင်းပေးခဲ့ရတဲ့ပင်နယ်

တီအတွက် မေးခွန်းထုတ်သွားခဲ့ပါတယ်။ ပွဲကစားချိန် ၆၅ မိနစ်မှာ ရော်နယ်ဒိုကို ဧရိယာအတွင်း ပြစ်ဒဏ်

ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး အဆိုပါပင်နယ်တီကို ရော်နယ်ဒို ကိုယ်တိုင် ကန်သွင်း

ယူခဲ့ကာ ပေါ်တူဂီအတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့

အော်တိုအက်ဒိုက “ပင်နယ်တီမဟုတ်တဲ့ဟာကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်၊ လူတိုင်းလည်း

ဒါကိုမြင်ကြမှာပါ၊ ဘာလို့ ပင်နယ်တီပေးတာလဲ? ဘာလို့လဲဆိုတော့ ရော်နယ်ဒိုဖြစ်နေလို့လား ဒါမှမဟုတ်

တခုခုကြောင့်လား၊ တယောက်ယောက်ဂိုးသွင်းတာမျိုးဆို ကျနော် ချီးကျူးမှာပါ၊ ဒါပေမယ့် ဒါကတော့

လက်ဆောင်ပေးလိုက်တာပါ””ဒိုင်လူကြီးဆီကနေ အရမ်းကောင်းတဲ့ လက်ဆောင်တခုကို ရသွားခဲ့တာပါ’

လို့ ပြောဆိုခဲ့ပါတယ်။ ဂါနာဟာ ပေါ်တူဂီကို သရေရအောင်ကစားနိုင်လုနိးပါးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့

ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ရော်နယ်ဒိုဂိုးသွင်းပြီး သိပ်မကြာခင်မှာ ချေပဂိုးပြန်သွင်းနိုင်

ခဲ့ကာ ၃-၁ အနေအထားကနေ ၃-၂ ဖြစ်အောင်ကစားနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ အခွင့်အရေးရခဲ့ပေမယ့်အသုံး

မချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားကတော့ ပွဲစဉ်အများစုမှာ ပင်နယ်တီသွင်းဂိုးတွေပါဝင်နေ

ခဲ့တာပါ။ VAR ပြန်လည်ကြည့်ရှုပြီးမှပင်နယ်တီပေးသင့်၊ မပေးသင့်ဆုံးဖြတ်တာမျိုးတွေရှိသလိုပြန်မကြည့်

ပဲနဲ့ ကန်ခွင့်ပေးခဲ့တာတွေလည်းရှိပါတယ်။ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ရဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲမှာက

တည်းက ပင်နယ်တီပါဝင်ခဲ့ပြီးနောက် ကျန်ပွဲအများစုမှာ ပင်နယ်တီတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ေပၚတူဂီကို အေရးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွေတာ့ ဂါနာနည္းျပေအာတိုအက္ဒိုက သူတို႔အသင္းေပးခဲ့ရတဲ့ပင္နယ္

တီအတြက္ ေမးခြန္းထုတ္သြားခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၆၅ မိနစ္မွာ ေရာ္နယ္ဒိုကို ဧရိယာအတြင္း ျပစ္ဒဏ္

က်ဴးလြန္ခဲ့တာေၾကာင့္ ပင္နယ္တီေပးခဲ့ရတာျဖစ္ၿပီး အဆိုပါပင္နယ္တီကို ေရာ္နယ္ဒို ကိုယ္တိုင္ ကန္သြင္း

ယူခဲ့ကာ ေပၚတူဂီအတြက္ ဦးေဆာင္ဂိုးရယူေပးခဲ့ပါတယ္။ ဒါေပမယ့္ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာေတာ့

ေအာ္တိုအက္ဒိုက “ပင္နယ္တီမဟုတ္တဲ့ဟာကို ကြင္းလယ္ဒိုင္က ပင္နယ္တီေပးခဲ့ပါတယ္၊ လူတိုင္းလည္း

ဒါကိုျမင္ၾကမွာပါ၊ ဘာလို႔ ပင္နယ္တီေပးတာလဲ? ဘာလို႔လဲဆိုေတာ့ ေရာ္နယ္ဒိုျဖစ္ေနလို႔လား ဒါမွမဟုတ္

တခုခုေၾကာင့္လား၊ တေယာက္ေယာက္ဂိုးသြင္းတာမ်ိဳးဆို က်ေနာ္ ခ်ီးက်ဴးမွာပါ၊ ဒါေပမယ့္ ဒါကေတာ့

လက္ေဆာင္ေပးလိုက္တာပါ””ဒိုင္လူႀကီးဆီကေန အရမ္းေကာင္းတဲ့ လက္ေဆာင္တခုကို ရသြားခဲ့တာပါ’

လို႔ ေျပာဆိုခဲ့ပါတယ္။ ဂါနာဟာ ေပၚတူဂီကို သေရရေအာင္ကစားႏိုင္လုနိးပါးျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့

ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ေရာ္နယ္ဒိုဂိုးသြင္းၿပီး သိပ္မၾကာခင္မွာ ေခ်ပဂိုးျပန္သြင္းႏိုင္

ခဲ့ကာ ၃-၁ အေနအထားကေန ၃-၂ ျဖစ္ေအာင္ကစားႏိုင္ခဲ့သလို ပြဲၿပီးခါနီးမွာ အခြင့္အေရးရခဲ့ေပမယ့္အသုံး

မခ်ႏိုင္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။ ဒီႏွစ္ကမာၻ႔ဖလားကေတာ့ ပြဲစဥ္အမ်ားစုမွာ ပင္နယ္တီသြင္းဂိုးေတြပါဝင္ေန

ခဲ့တာပါ။ VAR ျပန္လည္ၾကည့္ရႈၿပီးမွပင္နယ္တီေပးသင့္၊ မေပးသင့္ဆုံးျဖတ္တာမ်ိဳးေတြရွိသလိုျပန္မၾကည့္

ပဲနဲ႔ ကန္ခြင့္ေပးခဲ့တာေတြလည္းရွိပါတယ္။ အိမ္ရွင္ကာတာနဲ႔ အီေကြေဒါတို႔ရဲ႕ ကမာၻ႔ဖလားဖြင့္ပြဲမွာက

တည္းက ပင္နယ္တီပါဝင္ခဲ့ၿပီးေနာက္ က်န္ပြဲအမ်ားစုမွာ ပင္နယ္တီေတြ ရွိေနခဲ့တာျဖစ္ပါတယ္။