ရော်နယ်ဒိုဟာ တိုက်စစ်မှူးဖြစ်တဲ့အတွက် နောက်ထိဘောလုံးဆင်းယူစရာမလိုကြောင်း အသိပေးလိုက်တဲ့ ယူနိုက်တက်နည်းပြ

အိုးထရက်ဖိုဒ်မှာ ကစားခဲ့ကြတဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆက်

လက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။သူဟာ ဒီရာသီမှာ ခြေစွမ်းကောင်းမပြနိုင်သေးသလို ပုံမှန် ပွဲထွက်ခွင့်ရရှိဖို့

နည်းပြ တန်ဟက်နဲ့ အခြေအတင်ဖြစ်ခဲ့ရတဲ့ အထိ အရံခုံမှာထိုင်ခဲ့ရရင်းပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ရပါ

တယ်။လက်ရှိမှာ အန်သိုနီ မာရှယ် ၊ အန်တိုနီ တို့က ဒဏ်ရာပြဿနာရင်ဆိုင်နေရသလို ဂျေဒန် ဆန်ချို

ကလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ယခုလို ပြန်လည် ပွဲထွက်ခွင့်ရလာတာဖြစ်ပါတယ်။

ဒီရာသီဟာ ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ရဲ့ စာချုပ်အရ နောက်ဆုံးရာသီဖြစ်တာကြောင့်ပရိသတ်တွေ

က သွင်းဂိုးတွေကို ပိုပြီး မြင်တွေ့ခြင်နေကြပေမယ့် သူက ဂိုးကန်အတော့်ကိုခေနေခဲ့ပါတယ်။တစ်ချို့ ဂိုး

ကန်သွင်းချက်တွေဆိုရင် သူ့ရဲ့ နေရာယူမှု၊ ကန်သွင်းမှုတွေက အတော့်ကိုကောင်းမွန်ပေမယ့်အံအားသင့်

ဖွယ်လွဲချော်မှုတွေအဖြစ်သာဖြစ်သွားခဲ့ပါတယ်။ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း သူဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း

မရှိပေမယ့် ဂိုးကန်သွင်းမှု ( ၆ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ( ၁ ) ကြိမ်သာ ဂိုးပေါက် တည့်ခဲ့

ပြီး ( ၂ ) ကြိမ် ဂိုးပေါက်နဲ့လွဲချော်ခဲ့သလို ( ၃ ) ကြိမ် တားဆီးခြင်း ခံခဲ့ရပါတယ်။Dribble ( ၂ ) ကြိမ် ပြု

လုပ်ရာမှာ ( ၂ ) ကြိမ် စလုံး အောင်မြင်ခဲ့ပါတယ်။အဲရစ် တန်ဟက်က ပွဲပြီးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရာမှာရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယခုလို မှတ်ချက်ပေးခဲ့ပါတယ်။“ သူ ( ရော်နယ်ဒို ) ကောင်းကောင်း က

စားခဲ့တယ်လို့ ထင်ပါတယ်။ပထမပိုင်းမှာ pressing ကို ဦးဆောင်ခဲ့ပြီး ချိတ်ဆက် ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ စောစောစီးစီး နောက်ဆင်းမလာဖို့ ၊ နဲနဲလောက် စောင့်ဖို့ပြောခဲ့ပါတယ်။ ပထမဆုံး

ကွင်းလယ် နှင့် ခံစစ်ကို သူတို့အလုပ် သူတို့ လုပ်စေဖို့ပါ။”“ နောက်ဆုံး အခိုက်အတန့် ရောက်တဲ့အခါမှာ

ပြိုင်ဘက်နောက်ခံလူတွေကိုဆွဲခေါ်ဖို့ ၊ ဒါမှမဟုတ် ဖန်တီးဖို့ ၊ ဂိုးသွင်းဖို့ ၊ နောက်ဆင်းနိုင်ပါတယ်။”တန်

ဟက် ပြောတာလည်း မှန်ပါတယ်။ ရော်နယ်ဒို နောက်ဆင်းပြီးဘောလုံး လက်ခံလိုက်ချိန် ယူနိုက်တက်

ရဲ့ တိုက်စစ်ဆင်မှုကနှေးသွားတတ်တာတွေ မြင်တွေ့ရတတ်ပါတယ်။

အိုးထရက္ဖိုဒ္မွာ ကစားခဲ့ၾကတဲ့ ယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းတို႔ပြဲမွာခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ဆက္

လက္ပြဲထြက္ခြင့္ရခဲ့ပါတယ္။သူဟာ ဒီရာသီမွာ ေျခစြမ္းေကာင္းမျပႏိုင္ေသးသလို ပုံမွန္ ပြဲထြက္ခြင့္ရရွိဖို႔

နည္းျပ တန္ဟက္နဲ႔ အေျခအတင္ျဖစ္ခဲ့ရတဲ့ အထိ အရံခုံမွာထိုင္ခဲ့ရရင္းပြဲထြက္ခြင့္ေပ်ာက္ဆုံးေနခဲ့ရပါ

တယ္။လက္ရွိမွာ အန္သိုနီ မာရွယ္ ၊ အန္တိုနီ တို႔က ဒဏ္ရာျပႆနာရင္ဆိုင္ေနရသလို ေဂ်ဒန္ ဆန္ခ်ိဳ

ကလည္း ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတာေၾကာင့္ ယခုလို ျပန္လည္ ပြဲထြက္ခြင့္ရလာတာျဖစ္ပါတယ္။

ဒီရာသီဟာ ယူႏိုက္တက္နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ စာခ်ဳပ္အရ ေနာက္ဆုံးရာသီျဖစ္တာေၾကာင့္ပရိသတ္ေတြ

က သြင္းဂိုးေတြကို ပိုၿပီး ျမင္ေတြ႕ျခင္ေနၾကေပမယ့္ သူက ဂိုးကန္အေတာ့္ကိုေခေနခဲ့ပါတယ္။တစ္ခ်ိဳ႕ ဂိုး

ကန္သြင္းခ်က္ေတြဆိုရင္ သူ႔ရဲ႕ ေနရာယူမႈ၊ ကန္သြင္းမႈေတြက အေတာ့္ကိုေကာင္းမြန္ေပမယ့္အံအားသင့္

ဖြယ္လြဲေခ်ာ္မႈေတြအျဖစ္သာျဖစ္သြားခဲ့ပါတယ္။ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာလည္း သူဟာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း

မရွိေပမယ့္ ဂိုးကန္သြင္းမႈ ( ၆ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ ( ၁ ) ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့

ၿပီး ( ၂ ) ႀကိမ္ ဂိုးေပါက္နဲ႔လြဲေခ်ာ္ခဲ့သလို ( ၃ ) ႀကိမ္ တားဆီးျခင္း ခံခဲ့ရပါတယ္။Dribble ( ၂ ) ႀကိမ္ ျပဳ

လုပ္ရာမွာ ( ၂ ) ႀကိမ္ စလုံး ေအာင္ျမင္ခဲ့ပါတယ္။အဲရစ္ တန္ဟက္က ပြဲၿပီးသတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္

ရာမွာေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔ ယခုလို မွတ္ခ်က္ေပးခဲ့ပါတယ္။“ သူ ( ေရာ္နယ္ဒို ) ေကာင္းေကာင္း က

စားခဲ့တယ္လို႔ ထင္ပါတယ္။ပထမပိုင္းမွာ pressing ကို ဦးေဆာင္ခဲ့ၿပီး ခ်ိတ္ဆက္ ကစားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာ ေစာေစာစီးစီး ေနာက္ဆင္းမလာဖို႔ ၊ နဲနဲေလာက္ ေစာင့္ဖို႔ေျပာခဲ့ပါတယ္။ ပထမဆုံး

ကြင္းလယ္ ႏွင့္ ခံစစ္ကို သူတို႔အလုပ္ သူတို႔ လုပ္ေစဖို႔ပါ။”“ ေနာက္ဆုံး အခိုက္အတန႔္ ေရာက္တဲ့အခါမွာ

ၿပိဳင္ဘက္ေနာက္ခံလူေတြကိုဆြဲေခၚဖို႔ ၊ ဒါမွမဟုတ္ ဖန္တီးဖို႔ ၊ ဂိုးသြင္းဖို႔ ၊ ေနာက္ဆင္းႏိုင္ပါတယ္။”တန္

ဟက္ ေျပာတာလည္း မွန္ပါတယ္။ ေရာ္နယ္ဒို ေနာက္ဆင္းၿပီးေဘာလုံး လက္ခံလိုက္ခ်ိန္ ယူႏိုက္တက္

ရဲ႕ တိုက္စစ္ဆင္မႈကေႏွးသြားတတ္တာေတြ ျမင္ေတြ႕ရတတ္ပါတယ္။