
မန်ယူကို ပြန်ရောက်လာတာ တစ်နှစ်သာရှိသေးပေမယ့် သတင်းတွေအရတော့စီရော်နယ်ဒိုဟာ
ကလပ်ကနေ ထွက်ခွာချင်နေပါတယ်။ ဒီသတင်းဟာ မန်ယူရဲ့ခါးသီးပြိုင်ဘက်လီဗာပူးက ပရိ
သတ်တွေအဖို့တော့ ချိုမြိန်တဲ့တေသံလိုဖြစ်နေတာပါ။ဒါကြောင့် မဆိုင်းမတွနဲ့ပဲ ဆိုရှယ်မီဒီယာ
ပေါ်တက်ပြီး အခက်အခဲကြုံနေတဲ့သူတို့ရဲ့ခါးသီးပြိုင်ဘက်ကို လှောင်ပြောင်သရော်နေကြပါတယ်။
မကြာသေးခင်ကပဲ သူတို့ရဲ့အဓိကကစားသမားမိုဆာလာက လီဗာပူးနဲ့စာချုပ်သက်တမ်းတိုး
လိုက်တာဆိုတော့ အန်ဖီးလ်ပရိသတ်တွေဟာလှောင်အားလည်း ရှိနေကြတာပါ။ အဲဒီမှာ လီ
ဗာပူးပရိသတ်တစ်ယောက်ကမန်ယူကို အမှိုက်ပုံတစ်ခုအလား အခုလို တင်စားပြောဆိုခဲ့ပါ
တယ်။”ယူနိုက်တက်ဟာ အစစ်အမှန်ကို အောက်တန်းရောက်နေပါတယ်။စီရော်နယ်ဒိုက စိန်
ခေါ်မှုတွေကို မနှစ်သက်ပါဘူး။ သူနှစ်သက်တာကfollower တွေပဲလေ။ ဒါ့အပြင် ကလပ်ရဲ့
ရည်မှန်းချက်မရှိမှုကလည်းမယုံနိုင်လောက်အောင်ပါပဲ။ ဒီအမှိုက်ပုံမှာ ဘယ်သူမှ ဆက်မနေ
ချင်ကြပါဘူး”လို့ဆိုရှယ်မီဒီယာထက်မှာ ရေးခဲ့တာပါ။ နောက်ထပ်လီဗာပူးပရိသတ်တစ်ယောက်
ကလည်း “လာမယ့်ရာသီသူ့ထက် ဂိုးပိုသွင်းနိုင်ဖို့ သေချာတဲ့တစ်ဦးတည်းသောကစားသမား
ဖြစ်တဲ့ဆာလာက ဆက်နေမယ်လို့ပြောခဲ့ပြီးနောက်နေ့မှာပဲ စီရော်နယ်ဒိုဟာ အသင်းကထွက်
ချင်တယ်လို့ကြေညာလိုက်တာပါ”လို့ လှောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်းမန်ယူဟာ အင်
အားဖြည့်တင်းမှုမှာ ပြိုင်ဘက်တွေလောက် အားမရစရာဖြစ်နေတာပါ။
မန္ယူကို ျပန္ေရာက္လာတာ တစ္ႏွစ္သာရွိေသးေပမယ့္ သတင္းေတြအရေတာ့စီေရာ္နယ္ဒိုဟာ
ကလပ္ကေန ထြက္ခြာခ်င္ေနပါတယ္။ ဒီသတင္းဟာ မန္ယူရဲ႕ခါးသီးၿပိဳင္ဘက္လီဗာပူးက ပရိ
သတ္ေတြအဖို႔ေတာ့ ခ်ိဳၿမိန္တဲ့ေတသံလိုျဖစ္ေနတာပါ။ဒါေၾကာင့္ မဆိုင္းမတြနဲ႔ပဲ ဆိုရွယ္မီဒီယာ
ေပၚတက္ၿပီး အခက္အခဲႀကဳံေနတဲ့သူတို႔ရဲ႕ခါးသီးၿပိဳင္ဘက္ကို ေလွာင္ေျပာင္သေရာ္ေနၾကပါတယ္။
မၾကာေသးခင္ကပဲ သူတို႔ရဲ႕အဓိကကစားသမားမိုဆာလာက လီဗာပူးနဲ႔စာခ်ဳပ္သက္တမ္းတိုး
လိုက္တာဆိုေတာ့ အန္ဖီးလ္ပရိသတ္ေတြဟာေလွာင္အားလည္း ရွိေနၾကတာပါ။ အဲဒီမွာ လီ
ဗာပူးပရိသတ္တစ္ေယာက္ကမန္ယူကို အမႈိက္ပုံတစ္ခုအလား အခုလို တင္စားေျပာဆိုခဲ့ပါ
တယ္။”ယူႏိုက္တက္ဟာ အစစ္အမွန္ကို ေအာက္တန္းေရာက္ေနပါတယ္။စီေရာ္နယ္ဒိုက စိန္
ေခၚမႈေတြကို မႏွစ္သက္ပါဘူး။ သူႏွစ္သက္တာကfollower ေတြပဲေလ။ ဒါ့အျပင္ ကလပ္ရဲ႕
ရည္မွန္းခ်က္မရွိမႈကလည္းမယုံႏိုင္ေလာက္ေအာင္ပါပဲ။ ဒီအမႈိက္ပုံမွာ ဘယ္သူမွ ဆက္မေန
ခ်င္ၾကပါဘူး”လို႔ဆိုရွယ္မီဒီယာထက္မွာ ေရးခဲ့တာပါ။ ေနာက္ထပ္လီဗာပူးပရိသတ္တစ္ေယာက္
ကလည္း “လာမယ့္ရာသီသူ႔ထက္ ဂိုးပိုသြင္းႏိုင္ဖို႔ ေသခ်ာတဲ့တစ္ဦးတည္းေသာကစားသမား
ျဖစ္တဲ့ဆာလာက ဆက္ေနမယ္လို႔ေျပာခဲ့ၿပီးေနာက္ေန႔မွာပဲ စီေရာ္နယ္ဒိုဟာ အသင္းကထြက္
ခ်င္တယ္လို႔ေၾကညာလိုက္တာပါ”လို႔ ေလွာင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္းမန္ယူဟာ အင္
အားျဖည့္တင္းမႈမွာ ၿပိဳင္ဘက္ေတြေလာက္ အားမရစရာျဖစ္ေနတာပါ။