ရော်နယ်ဒိုရဲ့ အရည်အသွေးကို ချီးကျူးတဲ့ ရက်ရှ်ဖို့

ယူနိုက်တက် အသင်းဟာ စပါး အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ကာဗာနီ တို့က အဖွင့်ဂိုး နဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး တွေကို သွင်းယူပေးနိုင်ခဲ့ကြ ပါတယ် ။ အဲဒီနောက် ယူနိုက်တက် အတွက် နောက်ဆုံးပိတ် သွင်းဂိုး ကို လူစားဝင် ကစားပေးခဲ့တဲ့ ရက်ရှ်ဖို့ က သွင်းယူပေးခဲ့ ပါတယ်။

ရက်ရှ်ဖို့က ” ရော်နယ်ဒိုဟာ ပြိုင်ဖက် ဧရိယာထဲ အမြဲလို ရှိနေခဲ့ပြီး အီဒီ နဲ့ အကောင်းဆုံး ချိတ်ဆက် ကစားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေဆီက မြင်လိုတဲ့ ထိပ်တန်း အဆုံးသတ် စွမ်းရည် ဖြစ်သွားခဲ့ရပါတယ် ”

” ဒုတိယပိုင်း မှာတော့ နေရာလွတ် ရရှိလိုက်တာနဲ့ အဲဒီ နေရာမှာ ရောက်နေဖို့ ၊ စိတ်ရှည်ရှည်ထားဖို့ ကျွန်တော့်ကို မှာကြားခဲ့ကြ ပါတယ် ။ အဲဒါကြောင့်လည်း ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တာပါ ။ ”

“ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့အတွက် ခက်ခဲတဲ့သီတင်းပတ်ဖြစ်ခဲ့ပါ တယ်။ ကျွန်တော်တို့သိနားလည်ထားသလောက်ပဲ တုံ့ပြန်မှုတွေကို ပြုလုပ်ရပါသေးတယ်။ ယူနိုက်တက်ဆိုတာ ရှုံးပွဲတွေကိုအမြဲတမ်း ပြန်ပြီးချေပနိုင်တဲ့ အသင်းမျိုးပါ။ နည်းပြပြောသလို ကျွန်တော်တို့အကုန်လိုက်လုပ် ရပါမယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က ရမှတ်အပြည့် ကိုရယူနိုင်ခဲ့တယ်။ ဒါမျိုးတိုးတက်မှုတွေကို ကျွန်တော် တို့ဆက်ပြီးထိန်းသိမ်းရမယ်။ ရမှတ်တွေရသလောက်လည်းယူရမယ်။ ဒါမှရာသီကုန်ရင် ကျွန်တော်တို့ရပ်တည်နိုင်မယ့်နေရာကိုမြင်ရမှာပါ။ “ဆိုပြီး ပြောပါတယ်။

zawgyi

​ေရာ္နယ္ဒိုရဲ႕ အရည္အေသြးကို ခ်ီးက်ဴးတဲ့ ရက္ရွ္ဖို႔

ယူႏိုက္တက္ အသင္းဟာ မေန႔ညက စပါး အသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ေရာ္နယ္ဒို နဲ႔ ကာဗာနီ တို႔က အဖြင့္ဂိုး နဲ႔ ဒုတိယေျမာက္ ဦးေဆာင္ဂိုး ေတြကို သြင္းယူေပးႏိုင္ခဲ့ၾက ပါတယ္ ။ အဲဒီေနာက္ ယူႏိုက္တက္ အတြက္ ေနာက္ဆုံးပိတ္ သြင္းဂိုး ကို လူစားဝင္ ကစားေပးခဲ့တဲ့ ရက္ရွ္ဖို႔ က သြင္းယူေပးခဲ့ ပါတယ္။

ရက္ရွ္ဖို႔က ” ေရာ္နယ္ဒိုဟာ ၿပိဳင္ဖက္ ဧရိယာထဲ အၿမဲလို ရွိေနခဲ့ၿပီး အီဒီ နဲ႔ အေကာင္းဆုံး ခ်ိတ္ဆက္ ကစားႏိုင္ခဲ့ ပါတယ္ ။ ဒါဟာ ကြၽန္ေတာ္တို႔ တိုက္စစ္ ကစားသမားေတြဆီက ျမင္လိုတဲ့ ထိပ္တန္း အဆုံးသတ္ စြမ္းရည္ ျဖစ္သြားခဲ့ရပါတယ္ ”

” ဒုတိယပိုင္း မွာေတာ့ ေနရာလြတ္ ရရွိလိုက္တာနဲ႔ အဲဒီ ေနရာမွာ ေရာက္ေနဖို႔ ၊ စိတ္ရွည္ရွည္ထားဖို႔ ကြၽန္ေတာ့္ကို မွာၾကားခဲ့ၾက ပါတယ္ ။ အဲဒါေၾကာင့္လည္း ကြၽန္ေတာ္ ဂိုးသြင္းႏိုင္ခဲ့တာပါ ။ ”

“ၿပီးခဲ့တဲ့တစ္ပတ္က ကြၽန္ေတာ္တို႔အတြက္ ခက္ခဲတဲ့သီတင္းပတ္ျဖစ္ခဲ့ပါ တယ္။ ကြၽန္ေတာ္တို႔သိနားလည္ထားသေလာက္ပဲ တုံ႔ျပန္မႈေတြကို ျပဳလုပ္ရပါေသးတယ္။ ယူႏိုက္တက္ဆိုတာ ရႈံးပြဲေတြကိုအၿမဲတမ္း ျပန္ၿပီးေခ်ပႏိုင္တဲ့ အသင္းမ်ိဳးပါ။

နည္းျပေျပာသလို ကြၽန္ေတာ္တို႔အကုန္လိုက္လုပ္ ရပါမယ္။ ဒီေန႔ပြဲမွာေတာ့ ကြၽန္ေတာ္တို႔က ရမွတ္အျပည့္ ကိုရယူႏိုင္ခဲ့တယ္။ ဒါမ်ိဳးတိုးတက္မႈေတြကို ကြၽန္ေတာ္ တို႔ဆက္ၿပီးထိန္းသိမ္းရမယ္။ ရမွတ္ေတြရသေလာက္လည္းယူရမယ္။ ဒါမွရာသီကုန္ရင္ ကြၽန္ေတာ္တို႔ရပ္တည္ႏိုင္မယ့္ေနရာကိုျမင္ရမွာပါ။ “ဆိုၿပီး ​ေျပာပါတယ္။