ရော်နယ်ဒိုရဲ့ကား ဓာတ်ဆီဖြည့်ဖို့အတွက်လည်း တန်းစီစောင့်ရပြီ

ဗြိတိန်တွင်ဓာတ်ဆီမလိုအပ်ဘဲအလျင်အမြန်ဝယ်ယူမှု၊ဆီဘောက်ဆာကားပြဿနာများကြောင့်ဓာတ်ဆီအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။

ထုံးစံအတိုင်း အကြပ်အတည်း ဖြစ်ရင် တန်းစီစောင့်ရတဲ့ ဒုက္ခတစ်ခုရှိကာ ထိပ်တန်းကစားသမား ရော်နယ်ဒိုရဲ့ ကားဒရိုင်ဘာလည်း အဲဒီဒုက္ခနဲ့ကြုံကာ ဓာတ်ဆီ မရတဲ့ အဖြစ် ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ကားဒရိုင်ဘာဟာပေါင်၂၂၀၀၀၀တန် Bentley ကားကို ဆီဖြည့်ဖို့အတွက်၇နာရီနီးပါးစောင့်ဆိုင်းနေခဲ့ပေမယ့်လည်းဆီတစ်စက်မှမရဘဲပြန်ခဲ့ရပါတယ်။

ရော်နယ်ဒိုရဲ့စူပါကားကိုဒိုလေးရဲ့နေအိမ်နဲ့မိုင်အနည်းငယ်အကွာရှိ Shell ဆီဆိုင်မှာတန်းစီထားတာတွေ့ခဲ့ရတာပါ။

ရော်နယ်ဒိုရဲ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကလည်း Range Rover ကားမှာဆီဖြည့်ဖို့အတွက် အတူစောင့်ဆိုင်းနေခဲ့တာတွေ့ရပါတယ်။

ယင်းကားဒရိုင်ဘာများဟာနေ့လည်၂နာရီ၊၂၀မိနစ်ကနေ ဆီဆိုင်သို့ ဆီဘောက်ဆာကား ရောက်လာမယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့် ဆီဖြည့်ရန်စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ၆နာရီ၊မိနစ်၄၀အထိစောင့်ဆိုင်းနေခဲ့ပေမယ့်နောက်ဆုံး ၉ နာရီခန့်အချိန်မှာဓာတ်ဆီမရ အိမ်ပြန်ခဲ့ကြ ရပါတယ်။

ယင်းဒရိုင်ဘာများဟာ မိုးရွာနေစဉ် Starbucks ကော်ဖီများသောက်သုံးရင်း ဇွဲကောင်းကောင်းဖြင့်စောင့်ဆိုင်းနေခဲ့ကြတာလည်းဖြစ်ပါတယ်။

တကယ်လို့ ဆီဘောက်ဆာကားရောက်လာခဲ့မယ်ဆိုရင်လည်း Shell က လိုအပ်တာထက် ဓာတ်ဆီဝယ်ယူမှု များကိုတားဆီးတဲ့အနေဖြင့် ကားတစ်စီးလျှင်ပေါင်၃၀ဖိုးသာရောင်းချနေတာကြောင့်၎င်းတို့ဟာလည်း ဆီပေါင်၃၀ဖိုးသာဖြည့်နိုင်ပါမယ်။

တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ချန်ပီယမ်လိဂ် အုပ်စုပွဲစဉ်မတိုင်ခင် ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် သူ့ရဲ့ Bentley Flying Super ကားအသစ် နှင့်အတူလာရောက်ခဲ့ပါသေးတယ်။

အခုတော့ မနေ့က ဂိုးသွင်းနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက်အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ချန်ပီယံလိဂ်စံချိန်များကတော့ သွင်းဂိုးအများဆုံး – ၁၃၆ ဂိုး၊ ပွဲအများဆုံး – ၁၇၈ ပွဲ၊ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး – ၁၇ ဂိုး၊ ရှုံးထွက်အဆင့် သွင်းဂိုးအများဆုံး – ၆၇ ဂိုး၊ ပွဲဆက်အများဆုံးဂိုးသွင်းမှု – ၁၁ ပွဲ၊ ဗိုလ်လုပွဲတွင် အကြိမ်အများဆုံးဂိုးသွင်းမှု – ၃ ကြိမ် ဖြစ်ပါတယ်။