ရော်နယ်ဒိုပေးတဲ့ အိမ်မက်တွေနဲ့ ငယ်ဘဝရှေ့ဆက်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟဝန်ခံလာတဲ့ အာဆင်နယ်ကြယ်ပွင့်

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဘူကာယို ဆာကာက ခရစ္စတီယာနို ရော်နယ်

ဒိုဟာ သူ့ရဲ့ အိုက်ဒေါဖြစ်ကြောင်းနဲ့ ငယ်စဉ်က ရော်နယ်ဒိုကို ကြည့်ပြီးတော့ ကြီးပြင်းခဲ့ရတာဖြစ်ကြောင်း

ဝန်ခံလာခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ်သာရှိသေးတဲ့ ဆာကာဟာ ဒီရာသီပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၅ ဂိုးသွင်း

ယူပြီးတော့ ဂိုးဖန်တီးမှု၆ ကြိမ်ပြုလုပ်ထားကာ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အီရန်အသင်းကို ဂိုးပြတ်အနိုင်

ရခဲ့တဲ့ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ထိုပွဲရဲ့ အကောင်းဆုံးကစားသ

မားဆုကိုပါ ရရှိသွားခဲ့ပါတယ်။ ဆာကာဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ အာဆင်

နယ်အသင်းမှာ ကစားနေတာဖြစ်ပေမယ့်လည်းမန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရော်နယ်ဒို

က သူ့ရဲ့ လေးစားအားကျရသူဖြစ်ကြောင်း အခုလိုပဲ ရဲရဲဝံ့ဝံ့ပြောဆိုလာပါတယ်။ “ ကျွန်တော် အငယ်တုန်း

က ကျွန်တော့်ရဲ့ အကြိုက်ဆုံးကစားသမားက ခရစ္စတီယာနို ရော်နယ်ဒိုပါ။ လူတိုင်းက သူ့လို အောင်ပွဲခံပုံ

မျိုး လိုက်လုပ်ခဲ့ကြတယ်။ ဒါပေါ့ သူ့လိုမျိုး လိုက်တုပဖို့ကတော့ ခက်တာပေါ့ ”“ ဒါပေမယ့်လည်း သူဟာ

ဘောလုံးဘောကမှာ ရှိတဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီးတော့၊ သူ့ရဲ့ ထင်ပေါ်ကျော်

ကြားမှုက အံ့မခန်းဖြစ်ပါတယ်။ ခေါင်းတိုက်သွင်းဂိုးတွေ သူ သွင်းနိုင်တဲ့ပုံစံက အရမ်းကောင်းပါတယ်။ သူ

က အခြားသူတွေ လိုက်လုပ်ဖို့ သေချာပေါက်ခက်တဲ့ အခြားအရာတွေအများကြီး လုပ်နိုင်တယ် ”“ ဒါပေ

မယ့် သူက သေချာပေါက် ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်

နယ်ဒိုဟာ အင်တာဗျုးလုပ်ခဲ့ပြီးနောက်၊ မန်ယူအသင်းနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှုအရ

စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး၊ လက်ရှိမှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားအ

တွက် အာရုံစိုက်လျက်ရှိနေပါတယ်။

အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ ဘူကာယို ဆာကာက ခရစၥတီယာႏို ေရာ္နယ္

ဒိုဟာ သူ႔ရဲ႕ အိုက္ေဒါျဖစ္ေၾကာင္းနဲ႔ ငယ္စဥ္က ေရာ္နယ္ဒိုကို ၾကည့္ၿပီးေတာ့ ႀကီးျပင္းခဲ့ရတာျဖစ္ေၾကာင္း

ဝန္ခံလာခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္ အ႐ြယ္သာရွိေသးတဲ့ ဆာကာဟာ ဒီရာသီၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ ၅ ဂိုးသြင္း

ယူၿပီးေတာ့ ဂိုးဖန္တီးမႈ၆ ႀကိမ္ျပဳလုပ္ထားကာ၊ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အီရန္အသင္းကို ဂိုးျပတ္အႏိုင္

ရခဲ့တဲ့ပြဲမွာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ႏွစ္ဂိုးသြင္းယူေပးခဲ့ၿပီး ထိုပြဲရဲ႕ အေကာင္းဆုံးကစားသ

မားဆုကိုပါ ရရွိသြားခဲ့ပါတယ္။ ဆာကာဟာ မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ျဖစ္တဲ့ အာဆင္

နယ္အသင္းမွာ ကစားေနတာျဖစ္ေပမယ့္လည္းမန္ယူအသင္းရဲ႕ ဂႏၲဝင္ကစားသမားေဟာင္း ေရာ္နယ္ဒို

က သူ႔ရဲ႕ ေလးစားအားက်ရသူျဖစ္ေၾကာင္း အခုလိုပဲ ရဲရဲဝံ့ဝံ့ေျပာဆိုလာပါတယ္။ “ ကြၽန္ေတာ္ အငယ္တုန္း

က ကြၽန္ေတာ့္ရဲ႕ အႀကိဳက္ဆုံးကစားသမားက ခရစၥတီယာႏို ေရာ္နယ္ဒိုပါ။ လူတိုင္းက သူ႔လို ေအာင္ပြဲခံပုံ

မ်ိဳး လိုက္လုပ္ခဲ့ၾကတယ္။ ဒါေပါ့ သူ႔လိုမ်ိဳး လိုက္တုပဖို႔ကေတာ့ ခက္တာေပါ့ ”“ ဒါေပမယ့္လည္း သူဟာ

ေဘာလုံးေဘာကမွာ ရွိတဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီးေတာ့၊ သူ႔ရဲ႕ ထင္ေပၚေက်ာ္

ၾကားမႈက အံ့မခန္းျဖစ္ပါတယ္။ ေခါင္းတိုက္သြင္းဂိုးေတြ သူ သြင္းႏိုင္တဲ့ပုံစံက အရမ္းေကာင္းပါတယ္။ သူ

က အျခားသူေတြ လိုက္လုပ္ဖို႔ ေသခ်ာေပါက္ခက္တဲ့ အျခားအရာေတြအမ်ားႀကီး လုပ္ႏိုင္တယ္ ”“ ဒါေပ

မယ့္ သူက ေသခ်ာေပါက္ ကြၽန္ေတာ့္ရဲ႕ စံျပပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။ ေရာ္

နယ္ဒိုဟာ အင္တာဗ်ဳးလုပ္ခဲ့ၿပီးေနာက္၊ မန္ယူအသင္းနဲ႔ ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္သေဘာတူညီမႈအရ

စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီျဖစ္ၿပီး၊ လက္ရွိမွာေတာ့ ေပၚတူဂီလက္ေ႐ြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလားအ

တြက္ အာ႐ုံစိုက္လ်က္ရွိေနပါတယ္။