ရော်နယ်ဒိုစတိုင်နဲ့အောင်ပွဲခံခဲ့မှုအတွက် ပြန်လည်ဖြေရှင်းချက်ပေးလာတဲ့ ဂါနာတိုက်စစ်မှူး ဘူကာရီ

ဂါနာ ကစားသမား ဘူကာရီဟာ အသင်းအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူအပြီးမှာ ရော်နယ်ဒိုရဲ့

အောင်ပွဲခံမှု ပုံစံအတိုင်း SIUU နဲ့အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ မထင်မှတ်ထား

ခဲ့လို့အံ့အားသင့်ပြီး ကြောင်ပြီး ကြည့်ခဲ့တာကို မီဒီယာတွေကလည်း အမိအရရိုက်ပြသွားနိုင်ခဲ့ပါတယ်။

ဘူကာရီက သူဟာ ရော်နယ်ဒိုကို မလေးစားတဲ့အပြုအမူမျိုး လုပ်ခဲ့ခြင်း မရှိကြောင်း ဖြေရှင်း ပြောကြား

လာခဲ့ပါတယ်။” ဒီနေ့ကျွန်တော့်ရဲ့အောင်ပွဲခံပုံက ရော်နယ်ဒို အပေါ် လေးစားမှု မရှိတာလို့မှတ်ချက် ပေး

မှုတွေ ရှိနေတာကို ကျွန်တော် သတိထားမိပါတယ်။ဒါတွေက လုံးဝ မမှန်ကန်ဘူးလို့ ပြောချင်ပါတယ်။ ”

”ကျွန်တော့်ရဲ့ ကမ္ဘာ့ဖလား ပွဲဦးထွက်လည်း ဖြစ်တော့နိုင်ငံ အသင်းအတွက်ဂိုးသွင်း နိုင်ခဲ့တဲ့ အခိုက်အ

တန့် မှာ အပျော်လွန် သွားခဲ့တာပါ။ကိုယ့်ထက်ကြီးတဲ့ စီနီယာ ကစားသမားကို မလေးမစား မလုပ်ဖို့

ကျွန်တော်သင်ယူ ခဲ့ရပါတယ်။ ရော်နယ်ဒို လို ကျွန်တော့် ရဲ့ အိုင်ဒေါကစားသမား တစ်ဦးကို လုပ်ဖို့ ဆို

တာ ပိုလို့တောင် ဝေးပါသေးတယ်။ ”” အားပေးမှု အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်။အခု ကျွန်

တော်တို့ လာမယ့် ပွဲကိုပဲ အာရုံ စိုက်သွားပါမယ်။ ” လို့ဘူကာရီက သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ

ရေးသားထားပါတယ်။

ဂါနာ ကစားသမား ဘူကာရီဟာ အသင္းအတြက္ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူအၿပီးမွာ ေရာ္နယ္ဒိုရဲ႕

ေအာင္ပြဲခံမႈ ပုံစံအတိုင္း SIUU နဲ႔ေအာင္ပြဲခံသြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုကေတာ့ မထင္မွတ္ထား

ခဲ့လို႔အံ့အားသင့္ၿပီး ေၾကာင္ၿပီး ၾကည့္ခဲ့တာကို မီဒီယာေတြကလည္း အမိအရ႐ိုက္ျပသြားႏိုင္ခဲ့ပါတယ္။

ဘူကာရီက သူဟာ ေရာ္နယ္ဒိုကို မေလးစားတဲ့အျပဳအမူမ်ိဳး လုပ္ခဲ့ျခင္း မရွိေၾကာင္း ေျဖရွင္း ေျပာၾကား

လာခဲ့ပါတယ္။” ဒီေန႔ကြၽန္ေတာ့္ရဲ႕ေအာင္ပြဲခံပုံက ေရာ္နယ္ဒို အေပၚ ေလးစားမႈ မရွိတာလို႔မွတ္ခ်က္ ေပး

မႈေတြ ရွိေနတာကို ကြၽန္ေတာ္ သတိထားမိပါတယ္။ဒါေတြက လုံးဝ မမွန္ကန္ဘူးလို႔ ေျပာခ်င္ပါတယ္။ ”

”ကြၽန္ေတာ့္ရဲ႕ ကမာၻ႔ဖလား ပြဲဦးထြက္လည္း ျဖစ္ေတာ့ႏိုင္ငံ အသင္းအတြက္ဂိုးသြင္း ႏိုင္ခဲ့တဲ့ အခိုက္အ

တန႔္ မွာ အေပ်ာ္လြန္ သြားခဲ့တာပါ။ကိုယ့္ထက္ႀကီးတဲ့ စီနီယာ ကစားသမားကို မေလးမစား မလုပ္ဖို႔

ကြၽန္ေတာ္သင္ယူ ခဲ့ရပါတယ္။ ေရာ္နယ္ဒို လို ကြၽန္ေတာ့္ ရဲ႕ အိုင္ေဒါကစားသမား တစ္ဦးကို လုပ္ဖို႔ ဆို

တာ ပိုလို႔ေတာင္ ေဝးပါေသးတယ္။ ”” အားေပးမႈ အတြက္ အားလုံးကို ေက်းဇူး တင္ပါတယ္။အခု ကြၽန္

ေတာ္တို႔ လာမယ့္ ပြဲကိုပဲ အာ႐ုံ စိုက္သြားပါမယ္။ ” လို႔ဘူကာရီက သူ႔ရဲ႕ ဆိုရွယ္မီဒီယာ အေကာင့္မွာ

ေရးသားထားပါတယ္။