ရော်နယ်ဒိုကို အမည်မဖော်ပြထားတဲ့ဆော်ဒီအသင်းတစ်သင်းက အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုကို ထပ်မံကြိုဆိုလိုက်ပြန်တဲ့ ဆော်ဒီအာရေဗျအားကစားဝန်ကြီး

ဆော်ဒီအာရေဗျအားကစားဝန်ကြီးက သူတို့ရဲ့ပြည်တွင်းလိဂ်မှာစီရော်နယ်ဒို ကစားတာကို မြင်တွေ့လို

ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၃၇ နှစ်အရွယ်ကစားသမားကလည်း သူ့ကိုအမည်မဖော်ပြ

ထားတဲ့အသင်းတစ်သင်းက အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုဖြစ်တဲ့ယူရိုသန်း ၃၅၀ တန် ၂ နှစ်စာချုပ်နဲ့ကမ်း

လှမ်းမှုလုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။ စီရော်နယ်ဒိုကို အံ့အား

သင့်ဖွယ်ကမ်းလှမ်းမှုလုပ်ခဲ့တာဟာ ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်ပြီးအဲဒါကို ပေါ်တူဂီသားက ငြင်း

ဆန်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူနဲ့စာချုပ်ဖျက်သိမ်းပြီးနောက်မှာတော့ အဲဒီပေါ်တူဂီသားဟာ အလွတ်ခေါ်

နိုင်မယ့်သူဖြစ်လာပြီး ဆော်ဒီကလပ်နဲ့သတင်းတွေလည်း ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။BBC နဲ့ အင်

တာဗျူးမှာ စီရော်နယ်ဒိုကို ခေါ်ယူသွားဖို့ရှိသလားလို့မေးမြန်းခံရတော့ အားကစားဝန်ကြီးဖြစ်တဲ့ ဆော်ဒီ

မင်းသားအက်ဘ်ဒူလာဇစ်က ဘာမဆိုဖြစ်နိုင်ကြောင်း ပြန်ဖြေခဲ့ပါတယ်။”ဘာမဆိုဖြစ်နိုင်တာပေါ့ဗျာ။

ဆော်ဒီလိဂ်မှာ စီရော်နယ်ဒိုကစားတာကိုကျွန်တော်လည်း တွေ့ချင်တာပေါ့။ အဲဒါက လိဂ်အတွက်အကျိုး

ရှိစေမှာဖြစ်သလို အနာဂါတ်မှာ လူငယ်တွေအတွက်လည်းအားတက်စရာဖြစ်စေမှာပါ။ သူက ကလေးတွေ

အတော်များများရဲ့စံပြပုဂ္ဂိုလ်ဖြစ်သလို ကျွန်တော်တို့ဆီမှာ သူ့အတွက် ကြီးမားတဲ့ပရိသတ်အားလည်း ရှိ

ပါတယ်”လို့ ဆော်ဒီမင်းသားအက်ဘ်ဒူလာဇစ်ကဖြေခဲ့တာပါ။ လောလောဆယ်တော့ စီရော်နယ်ဒိုဟာ

ဘယ်အသင်းကိုသူပြောင်းမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ သူဟာ ပရီးမီးယားလိဂ်ကချဲလ်ဆီးအပြင်

မေဂျာလိဂ်ကိုပြောင်းနိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။ဆော်ဒီအစိုးရပိုင် ရင်းနှီးမြှပ်နှံမှုအဖွဲ့

အစည်းဖြစ်တဲ့ PIF ကတော့ပရီးမီးယားလိဂ်နယူးကာဆယ်ကို ဝယ်ယူထားတာပါ။

ေဆာ္ဒီအာေရဗ်အားကစားဝန္ႀကီးက သူတို႔ရဲ႕ျပည္တြင္းလိဂ္မွာစီေရာ္နယ္ဒို ကစားတာကို ျမင္ေတြ႕လို

ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ၃၇ ႏွစ္အ႐ြယ္ကစားသမားကလည္း သူ႔ကိုအမည္မေဖာ္ျပ

ထားတဲ့အသင္းတစ္သင္းက အံ့အားသင့္ဖြယ္ကမ္းလွမ္းမႈျဖစ္တဲ့ယူ႐ိုသန္း ၃၅၀ တန္ ၂ ႏွစ္စာခ်ဳပ္နဲ႔ကမ္း

လွမ္းမႈလုပ္ခဲ့ေၾကာင္း ၿပီးခဲ့တဲ့ပီးယာ့စ္ေမာ္ဂန္နဲ႔အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့တာပါ။ စီေရာ္နယ္ဒိုကို အံ့အား

သင့္ဖြယ္ကမ္းလွမ္းမႈလုပ္ခဲ့တာဟာ ေဆာ္ဒီကလပ္အသင္းတစ္သင္းျဖစ္ၿပီးအဲဒါကို ေပၚတူဂီသားက ျငင္း

ဆန္ခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူနဲ႔စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္မွာေတာ့ အဲဒီေပၚတူဂီသားဟာ အလြတ္ေခၚ

ႏိုင္မယ့္သူျဖစ္လာၿပီး ေဆာ္ဒီကလပ္နဲ႔သတင္းေတြလည္း ျပန္လည္ထြက္ေပၚလာခဲ့တာပါ။BBC နဲ႔ အင္

တာဗ်ဴးမွာ စီေရာ္နယ္ဒိုကို ေခၚယူသြားဖို႔ရွိသလားလို႔ေမးျမန္းခံရေတာ့ အားကစားဝန္ႀကီးျဖစ္တဲ့ ေဆာ္ဒီ

မင္းသားအက္ဘ္ဒူလာဇစ္က ဘာမဆိုျဖစ္ႏိုင္ေၾကာင္း ျပန္ေျဖခဲ့ပါတယ္။”ဘာမဆိုျဖစ္ႏိုင္တာေပါ့ဗ်ာ။

ေဆာ္ဒီလိဂ္မွာ စီေရာ္နယ္ဒိုကစားတာကိုကြၽန္ေတာ္လည္း ေတြ႕ခ်င္တာေပါ့။ အဲဒါက လိဂ္အတြက္အက်ိဳး

ရွိေစမွာျဖစ္သလို အနာဂါတ္မွာ လူငယ္ေတြအတြက္လည္းအားတက္စရာျဖစ္ေစမွာပါ။ သူက ကေလးေတြ

အေတာ္မ်ားမ်ားရဲ႕စံျပပုဂၢိဳလ္ျဖစ္သလို ကြၽန္ေတာ္တို႔ဆီမွာ သူ႔အတြက္ ႀကီးမားတဲ့ပရိသတ္အားလည္း ရွိ

ပါတယ္”လို႔ ေဆာ္ဒီမင္းသားအက္ဘ္ဒူလာဇစ္ကေျဖခဲ့တာပါ။ ေလာေလာဆယ္ေတာ့ စီေရာ္နယ္ဒိုဟာ

ဘယ္အသင္းကိုသူေျပာင္းမလဲဆိုတာ မဆုံးျဖတ္ရေသးပါဘူး။ သူဟာ ပရီးမီးယားလိဂ္ကခ်ဲလ္ဆီးအျပင္

ေမဂ်ာလိဂ္ကိုေျပာင္းႏိုင္တယ္လို႔လည္း သတင္းထြက္ေနပါတယ္။ေဆာ္ဒီအစိုးရပိုင္ ရင္းႏွီးျမႇပ္ႏွံမႈအဖြဲ႕

အစည္းျဖစ္တဲ့ PIF ကေတာ့ပရီးမီးယားလိဂ္နယူးကာဆယ္ကို ဝယ္ယူထားတာပါ။