
ယူနိုက်တက်ဟာ အသင်းကနေထွက်ခွာခွင့်တောင်းခံထားတဲ့ ရော်နယ်ဒိုကို ရာသီကြိုခြေစမ်း
ခရီးစဥ်တွေမှာ မဖြစ်မနေလိုက်ပါရမယ်လို့ သတိပေးလိုက်ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒို
ဟာ သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရရှိရင် ရောင်းထုတ်ပေးဖို့ ပြီးခဲ့တဲ့စနေမှာ အသင်း
ကို အသိပေးခဲ့တာပါ။ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၉) နှစ်ဆက်တိုက် ကစားထား
တဲ့ ကစားသမားတယောက်ဖြစ်ပြီး ယူနိုက်တက်ကတော့ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်
သာရရှိထားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက အသင်းရဲ့ ပြင်ဆင်အားဖြည့်မှုတွေကို ကျေနပ်
အားရမှုမရှိတာကြောင့် အခုလိုပဲ အသင်းကနေထွက်ခွာခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ အသိပေး
ထားတဲ့အပြင် အခုချိန်မှာလည်း ရာသီကြိုခြေစမ်းခရီးစဥ်တွေမှာ မဖြစ်မနေလိုက်ပါဖို့ ရော်နယ်
ဒိုကို သတိပေးလိုက်ပါတယ်။ ဒီသတင်းကိုတော့ Mirror က ဖော်ပြခဲ့တာဖြစ်ပြီး ယူနိုက်တက်
ဟာ ရာသီကြိုခြေစမ်းခရီးစဥ်တွေအဖြစ် ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကို ခရီးထွက်ခွာရ
မှာပါ။အချိန်ကာလအားဖြင့် နှစ်ပတ်ခွဲကြာမြင့်မယ့် ဒီခရီးစဥ်ကို လာမယ့်သောကြာနေ့မှာ စတင်
ထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်မြို့မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီနောက် သြစတြေးလျ
ကို ဆက်လက်ခရီးဆက်မှာဖြစ်ပြီး ခြေစမ်းပွဲတွေ ဆက်လက်ကစားသွားဖို့ စီစဥ်ထားပါတယ်။
ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ရော်နယ်ဒိုအနေနဲ့ လက်ရှိနွေရာသီမှာ အသင်းကနေ
ထွက်ခွာဖြစ်ခဲ့ရင်တောင် ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေကို ကစားပေးသွားရမယ်လို့
အသိပေးထားတာဖြစ်ပါတယ်။ရာသီကြိုခြေစမ်းပွဲတွေဟာ အသင်းတွေရဲ့ပြင်ဆင်မှုအတွက်
ရော၊ စီးပွားရေးအရပါ အရေးပါပြီး ရော်နယ်ဒိုလို အထင်ကရကစားသမားမျိုးကို ယူနိုက်တက်
က အာရှမြေဆီ ခေါ်ဆောင်သွားချင်နေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပုံမှန်အားဖြင့်လည်း ဒီ
ကနေ့မှာ ယူနိုက်တက်နဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေပြုလုပ်ဖို့ စတင်ပူးပေါင်းရတော့
မှာလည်းဖြစ်ပါတယ်။
ယူႏိုက္တက္ဟာ အသင္းကေနထြက္ခြာခြင့္ေတာင္းခံထားတဲ့ ေရာ္နယ္ဒိုကို ရာသီႀကိဳေျခစမ္း
ခရီးစဥ္ေတြမွာ မျဖစ္မေနလိုက္ပါရမယ္လို႔ သတိေပးလိုက္ေၾကာင္း သိရွိရပါတယ္။ ေရာ္နယ္ဒို
ဟာ သူ႔အတြက္ သင့္ေတာ္တဲ့ကမ္းလွမ္းမႈရရွိရင္ ေရာင္းထုတ္ေပးဖို႔ ၿပီးခဲ့တဲ့စေနမွာ အသင္း
ကို အသိေပးခဲ့တာပါ။ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၁၉) ႏွစ္ဆက္တိုက္ ကစားထား
တဲ့ ကစားသမားတေယာက္ျဖစ္ၿပီး ယူႏိုက္တက္ကေတာ့ လာမယ့္ရာသီမွာ ယူ႐ိုပါလိဂ္ဝင္ခြင့္
သာရရွိထားပါတယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုက အသင္းရဲ႕ ျပင္ဆင္အားျဖည့္မႈေတြကို ေက်နပ္
အားရမႈမရွိတာေၾကာင့္ အခုလိုပဲ အသင္းကေနထြက္ခြာခြင့္ေတာင္းခံထားတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ယူႏိုက္တက္ကေတာ့ ေရာ္နယ္ဒိုကို ေရာင္းထုတ္သြားမွာမဟုတ္ဘူးလို႔ အသိေပး
ထားတဲ့အျပင္ အခုခ်ိန္မွာလည္း ရာသီႀကိဳေျခစမ္းခရီးစဥ္ေတြမွာ မျဖစ္မေနလိုက္ပါဖို႔ ေရာ္နယ္
ဒိုကို သတိေပးလိုက္ပါတယ္။ ဒီသတင္းကိုေတာ့ Mirror က ေဖာ္ျပခဲ့တာျဖစ္ၿပီး ယူႏိုက္တက္
ဟာ ရာသီႀကိဳေျခစမ္းခရီးစဥ္ေတြအျဖစ္ ထိုင္းႏိုင္ငံနဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ကို ခရီးထြက္ခြာရ
မွာပါ။အခ်ိန္ကာလအားျဖင့္ ႏွစ္ပတ္ခြဲၾကာျမင့္မယ့္ ဒီခရီးစဥ္ကို လာမယ့္ေသာၾကာေန႔မွာ စတင္
ထြက္ခြာမွာျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕မွာ လီဗာပူးနဲ႔ ရင္ဆိုင္ရမွာပါ။ အဲ့ဒီေနာက္ ၾသစေၾတးလ်
ကို ဆက္လက္ခရီးဆက္မွာျဖစ္ၿပီး ေျခစမ္းပြဲေတြ ဆက္လက္ကစားသြားဖို႔ စီစဥ္ထားပါတယ္။
ယူႏိုက္တက္တာဝန္ရွိသူေတြကေတာ့ ေရာ္နယ္ဒိုအေနနဲ႔ လက္ရွိေႏြရာသီမွာ အသင္းကေန
ထြက္ခြာျဖစ္ခဲ့ရင္ေတာင္ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြကို ကစားေပးသြားရမယ္လို႔
အသိေပးထားတာျဖစ္ပါတယ္။ရာသီႀကိဳေျခစမ္းပြဲေတြဟာ အသင္းေတြရဲ႕ျပင္ဆင္မႈအတြက္
ေရာ၊ စီးပြားေရးအရပါ အေရးပါၿပီး ေရာ္နယ္ဒိုလို အထင္ကရကစားသမားမ်ိဳးကို ယူႏိုက္တက္
က အာရွေျမဆီ ေခၚေဆာင္သြားခ်င္ေနတာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ပုံမွန္အားျဖင့္လည္း ဒီ
ကေန႔မွာ ယူႏိုက္တက္နဲ႔ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြျပဳလုပ္ဖို႔ စတင္ပူးေပါင္းရေတာ့
မွာလည္းျဖစ္ပါတယ္။