ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်လာဖွယ်မရှိသူကို ခေါ်ယူဖို့စဥ်းစားလာနိုင်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ် အဲရစ် တန်ဟန့် ရောက်ရှိလာ

မှုနဲ့အတူ နွေရာသီမှာ အပြောင်းအလဲတွေ အများအပြားလုပ်ဆောင်သွားဖို့ ရှိနေပါ

တယ်။ မန်ယူပရိသတ်တွေကလည်း အရင်နည်းပြဟောင်းတွေ မလုပ်နိုင်ခဲ့တဲ့အ

ရာတွေကို တန်ဟန့်က လုပ်နိုင်ပြီး အသင်းကို ထိပ်တန်းအနေအထားတစ်ခုဆီ ပြန်

ရောက်ဖို့ မျှော်လင့်နေကြပါတယ်။မန်ယူအသင်းအနေနဲ့ ဥရောပမှာ အောင်မြင်တဲ့

အသင်းတစ်သင်းပြန်ဖြစ်ဖို့ဆိုရင် ကစားသမား အပြောင်းအလဲတွေအများအပြား

လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်ဆိုတာ အထင်အရှားဖြစ်ပြီး၊ မန်ယူအသင်း ဒီ

နွေရာသီမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့နေရာတွေထဲက တစ်ခုကတော့ အ

လွန်အမင်းအားနည်းသွားတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။လက်ရှိမှာ

တော့ မန်ယူအသင်းဟာ ဥရောပတစ်ခွင်မှာ ရှိတဲ့ နာမည်ကြီးတိုက်စစ်မှူးတွေကို

စောင့်ကြည့်လျက်ရှိနေပါတယ်။ စပိန် အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ El

Chiringuito ကတော့ နာမည်ကြီးအေးဂျင့်တစ်ဦးဖြစ်တဲ့ ဂျော့မန်းဒက်စ်ဟာ သူ့ရဲ့

ကစားသမားဖြစ်သူ မာကို အဆန်စီရိုကို မန်ယူအသင်းဆီ ပြောင်းရွှေ့နိုင်ဖို့အ

တွက် လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။မန်းဒက်စ်ဟာ မန်ယူအသင်းရဲ့

အဓိကတိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ အေးဂျင့်လည်းဖြစ်ပါတယ်။ အဆန်စီ

ရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အရည်အသွေးမြင့်ကစားသမားတွေထဲက တစ်

ဦးအဖြစ် နှစ်များစွာကြာအောင် သတ်မှတ်ခံခဲ့ရသူဖြစ်ပေမယ့်၊ အံ့ဩမှင်သက်စ

ရာကောင်းတဲ့ ရာသီမျိုး ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ရပဲ ပထမအသင်းမှာ ပုံမှန်ပွဲ

ထွက်ခွင့်ရတဲ့သူလည်း မဖြစ်ခဲ့တာပါ။အဆန်စီရိုဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်

အသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲပါဝင်ကစားပေးထားခဲ့ပြီးတော့ ၁၂ ဂိုးသွင်းယူကာ

ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အဆန်စီရိုအနေနဲ့ အသက်အရွယ်အားဖြင့်

၂၆ နှစ်ရှိပြီဖြစ်တဲ့အပြင် ရီးရဲလ်မက်ဒရစ် ပထမအသင်းရဲ့ ကြယ်ပွင့်ကစား

သမားတစ်ဦး ဖြစ်လာဖွယ်မရှိတာကြောင့်၊ သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး

တစ်ခုခု ဆုံးဖြတ်ချက်ချဖို့ လိုနေပါတယ်။ဒါ့အပြင် အဆန်စီရိုရဲ့ ရီးရဲလ်မက်ဒရစ်

အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ သက်တမ်းဟာလည်း တစ်နှစ်သာ ကျန်ရှိ

တော့တာကြောင့် မန်ယူအသင်းအနေနဲ့ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းဖို့

အကောင်းဆုံးအချိန်ဖြစ်နေပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက

လည်း ရီးရဲလ်အသင်းကနေ ရာဖေးလ် ဗာရန်းကို ခေါ်ယူခဲ့သေးတာကြောင့် ဒီနွေ

မှာလည်း ရီးရဲလ်ကစားသမားတစ်ဦးကို ထပ်ရအုန်းမလား စောင့်ကြည့်ရပါမယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပသစ္ အဲရစ္ တန္ဟန႔္ ေရာက္ရွိလာ

မႈနဲ႔အတူ ေႏြရာသီမွာ အေျပာင္းအလဲေတြ အမ်ားအျပားလုပ္ေဆာင္သြားဖို႔ ရွိေနပါ

တယ္။ မန္ယူပရိသတ္ေတြကလည္း အရင္နည္းျပေဟာင္းေတြ မလုပ္ႏိုင္ခဲ့တဲ့အ

ရာေတြကို တန္ဟန႔္က လုပ္ႏိုင္ၿပီး အသင္းကို ထိပ္တန္းအေနအထားတစ္ခုဆီ ျပန္

ေရာက္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။မန္ယူအသင္းအေနနဲ႔ ဥေရာပမွာ ေအာင္ျမင္တဲ့

အသင္းတစ္သင္းျပန္ျဖစ္ဖို႔ဆိုရင္ ကစားသမား အေျပာင္းအလဲေတြအမ်ားအျပား

လုပ္ေဆာင္သြားဖို႔ လိုအပ္ေနတယ္ဆိုတာ အထင္အရွားျဖစ္ၿပီး၊ မန္ယူအသင္း ဒီ

ေႏြရာသီမွာ ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္ေနတဲ့ေနရာေတြထဲက တစ္ခုကေတာ့ အ

လြန္အမင္းအားနည္းသြားတဲ့ အသင္းရဲ႕ တိုက္စစ္ပိုင္းပဲ ျဖစ္ပါတယ္။လက္ရွိမွာ

ေတာ့ မန္ယူအသင္းဟာ ဥေရာပတစ္ခြင္မွာ ရွိတဲ့ နာမည္ႀကီးတိုက္စစ္မႉးေတြကို

ေစာင့္ၾကည့္လ်က္ရွိေနပါတယ္။ စပိန္ အားကစားသတင္းဌာနတစ္ခုျဖစ္တဲ့ El

Chiringuito ကေတာ့ နာမည္ႀကီးေအးဂ်င့္တစ္ဦးျဖစ္တဲ့ ေဂ်ာ့မန္းဒက္စ္ဟာ သူ႔ရဲ႕

ကစားသမားျဖစ္သူ မာကို အဆန္စီ႐ိုကို မန္ယူအသင္းဆီ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔အ

တြက္ လုပ္ေဆာင္ေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။မန္းဒက္စ္ဟာ မန္ယူအသင္းရဲ႕

အဓိကတိုက္စစ္မႉး ခရစၥတီယာႏို ႐ိုနယ္ဒိုရဲ႕ ေအးဂ်င့္လည္းျဖစ္ပါတယ္။ အဆန္စီ

႐ိုဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အရည္အေသြးျမင့္ကစားသမားေတြထဲက တစ္

ဦးအျဖစ္ ႏွစ္မ်ားစြာၾကာေအာင္ သတ္မွတ္ခံခဲ့ရသူျဖစ္ေပမယ့္၊ အံ့ဩမွင္သက္စ

ရာေကာင္းတဲ့ ရာသီမ်ိဳး ဘယ္တုန္းကမွ မပိုင္ဆိုင္ခဲ့ရပဲ ပထမအသင္းမွာ ပုံမွန္ပြဲ

ထြက္ခြင့္ရတဲ့သူလည္း မျဖစ္ခဲ့တာပါ။အဆန္စီ႐ိုဟာ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္

အသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၂ ပြဲပါဝင္ကစားေပးထားခဲ့ၿပီးေတာ့ ၁၂ ဂိုးသြင္းယူကာ

ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ အဆန္စီ႐ိုအေနနဲ႔ အသက္အ႐ြယ္အားျဖင့္

၂၆ ႏွစ္ရွိၿပီျဖစ္တဲ့အျပင္ ရီးရဲလ္မက္ဒရစ္ ပထမအသင္းရဲ႕ ၾကယ္ပြင့္ကစား

သမားတစ္ဦး ျဖစ္လာဖြယ္မရွိတာေၾကာင့္၊ သူ႔ရဲ႕ အနာဂါတ္နဲ႔ ပတ္သက္ၿပီး

တစ္ခုခု ဆုံးျဖတ္ခ်က္ခ်ဖို႔ လိုေနပါတယ္။ဒါ့အျပင္ အဆန္စီ႐ိုရဲ႕ ရီးရဲလ္မက္ဒရစ္

အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ရဲ႕ သက္တမ္းဟာလည္း တစ္ႏွစ္သာ က်န္ရွိ

ေတာ့တာေၾကာင့္ မန္ယူအသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ ကမ္းလွမ္းဖို႔

အေကာင္းဆုံးအခ်ိန္ျဖစ္ေနပါတယ္။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက

လည္း ရီးရဲလ္အသင္းကေန ရာေဖးလ္ ဗာရန္းကို ေခၚယူခဲ့ေသးတာေၾကာင့္ ဒီေႏြ

မွာလည္း ရီးရဲလ္ကစားသမားတစ္ဦးကို ထပ္ရအုန္းမလား ေစာင့္ၾကည့္ရပါမယ္။