ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ လူကာမိုဒရစ်
ရီးရဲလ်မက်ဒရစ်ကကွင်းလယ်ကစားသမားလူကာမိုဒရစ်ကို၂၀၂၃ခုနှစ်အထိထိန်း
ထားနိုင်မယ့်တစ်နှစ်စာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။လူကာမိုဒရစ်ဟာ
ယခင်စာချုပ်ကယခုရာသီအကုန်တွင်ကုန်ဆုံးမည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နှင့်
စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာပြဿနာတစုံတရာမရှိဘဲအလျှင်အမြန်
ချောမွေ့စွာပြီးဆုံးသွားခဲ့ပါတယ်။လူကာမိုဒရစ်ဟာလာမယ့်စက်တင်ဘာလတွင်
အသက်၃၇နှစ်ပြည့်မယ်ဆိုပေမဲ့လည်း ၂၀၂၁-၂၂ ရာသီတုန်းကလာလီဂါဖလား၊
ချန်ပီယံလိဂ်ဖလား၊စပိန်စူပါဖလားတို့ဆွတ်ခူးနိုင်အောင်အဓိကနေရာမှ
စွမ်းဆောင်နိုင်ခဲ့ပါတယ်။မိုဒရစ်ဟာ၂၀၂၁-၂၂ဘောလုံးရာသီတွင်ရီးရဲလ်မက်ဒ
ရစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၅ပွဲကစားကာ၃ဂိုးသွင်းယူပြီး၁၂ကြိမ်ဖန်တီးပေး
ထားနိုင်ပါတယ်သူဟာ၂၀၁၂ခုနှစ်တွင်စပါးစ်မှပြောင်းလာပြီးနောက်ချန်ပီယံလိဂ်
ဖလား၅ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်အတွက်၄၃၆ပွဲ
ကစားထားရာမှာ၃၁ဂိုးသွင်းယူပြီး၇၃ကြိမ်ဖန်တီးထားပါတယ်။