
ဟိုဆေးမော်ရင်ဟိုဟာရိုးမားအသင်းတွင်စိတ်ပျက်စရာများနှင့်ကြုံတွေ့နေရမှုနှင့်အတူချဲလ်ဆီးအသင်းကို
တတိယအကြိမ်မြောက်အဖြစ်ကိုင်တွယ်လိုနေကြောင်းသိရပါတယ်။ယခုတွင်အသက်၆၀နှစ်ပြည့်ခဲ့တဲ့မော်
ရင်ဟိုဟာလာမယ့်ရာသီတွင်စတမ်းဖို့ဒ်ဘရစ်ချ်သို့တတိယအကြိမ်မြောက်အဖြစ်ပြန်လာရန်မျှော်လင့်နေ
ကြောင်း Daily Mail ကဖော်ပြသွားပါတယ်။မော်ရင်ဟိုရဲ့သားသမီးများဟာလန်ဒန်တွင်ကြီးပြင်းသလိုဇနီး
သည်မှာလည်းယင်းတွင်ပင်နေထိုင်နေဆဲဖြစ်ပါတယ်။သူဟာလန်ဒန်တွင်နေထိုင်ရပျော်သလို မန်ချက်စ
တာယူနိုက်တက်ကိုကိုင်တွယ်တဲ့နှစ်နှစ်ခွဲတာကာလအတွင်းတွင် Lowry Hotel တွင်သာနေထိုင်ခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာပြီးခဲ့တဲ့နှစ်တုန်းကရိုးမားအသင်းကိုယူရိုပါကွန်ဖရင့်လိဂ်ဖလားဆွတ်ခူးနိုင်အောင်
ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာကလပ်ဘက်ကစီးရီးအေဖလားအတွက်စိန်ခေါ်နိုင်ရန်လိုအပ်တဲ့အင်
အားဖြည့်တင်းပေးမှုပြုလုပ်ပေးခြင်းမရှိမှုအပေါ်စိတ်ပျက်နေကြောင်းသိရပါတယ်။ရိုးမားဟာလက်ရှိအချိန်
တွင်စီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှနာပိုလီနှင့်ရမှတ်၁၃မှတ်အထိ
ကွာဟနေရာချန်ပီယံဆုအတွက်မျှော်လင့်နိုင်ခြင်းမရှိပါဘူး။ချဲလ်ဆီးဟာရလဒ်ဆိုးရွားနေပေမဲ့လည်းနည်းပြ
ဂရေဟမ်ပေါ်တာကိုချက်ချင်းထုတ်ပယ်ရန်အစီအစဉ်မရှိပေမဲ့ နွေရာသီတွင်ပြန်လည်သုံးသပ်မှုပြုလုပ်ကာ
လမ်းခွဲလာဖို့ရှိနေပါတယ်။
ဟိုေဆးေမာ္ရင္ဟိုဟာ႐ိုးမားအသင္းတြင္စိတ္ပ်က္စရာမ်ားႏွင့္ႀကဳံေတြ႕ေနရမႈႏွင့္အတူခ်ဲလ္ဆီးအသင္းကို
တတိယအႀကိမ္ေျမာက္အျဖစ္ကိုင္တြယ္လိုေနေၾကာင္းသိရပါတယ္။ယခုတြင္အသက္၆၀ႏွစ္ျပည့္ခဲ့တဲ့ေမာ္
ရင္ဟိုဟာလာမယ့္ရာသီတြင္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔တတိယအႀကိမ္ေျမာက္အျဖစ္ျပန္လာရန္ေမွ်ာ္လင့္ေန
ေၾကာင္း Daily Mail ကေဖာ္ျပသြားပါတယ္။ေမာ္ရင္ဟိုရဲ႕သားသမီးမ်ားဟာလန္ဒန္တြင္ႀကီးျပင္းသလိုဇနီး
သည္မွာလည္းယင္းတြင္ပင္ေနထိုင္ေနဆဲျဖစ္ပါတယ္။သူဟာလန္ဒန္တြင္ေနထိုင္ရေပ်ာ္သလို မန္ခ်က္စ
တာယူႏိုက္တက္ကိုကိုင္တြယ္တဲ့ႏွစ္ႏွစ္ခြဲတာကာလအတြင္းတြင္ Lowry Hotel တြင္သာေနထိုင္ခဲ့ပါတယ္။
ေပၚတူဂီလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့ႏွစ္တုန္းက႐ိုးမားအသင္းကိုယူ႐ိုပါကြန္ဖရင့္လိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္
ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့သူဟာကလပ္ဘက္ကစီးရီးေအဖလားအတြက္စိန္ေခၚႏိုင္ရန္လိုအပ္တဲ့အင္
အားျဖည့္တင္းေပးမႈျပဳလုပ္ေပးျခင္းမရွိမႈအေပၚစိတ္ပ်က္ေနေၾကာင္းသိရပါတယ္။႐ိုးမားဟာလက္ရွိအခ်ိန္
တြင္စီးရီးေအအမွတ္ေပးဇယားအဆင့္၅ေနရာတြင္ရပ္တည္ေနၿပီးထိပ္ဆုံးမွနာပိုလီႏွင့္ရမွတ္၁၃မွတ္အထိ
ကြာဟေနရာခ်န္ပီယံဆုအတြက္ေမွ်ာ္လင့္ႏိုင္ျခင္းမရွိပါဘူး။ခ်ဲလ္ဆီးဟာရလဒ္ဆိုး႐ြားေနေပမဲ့လည္းနည္းျပ
ဂေရဟမ္ေပၚတာကိုခ်က္ခ်င္းထုတ္ပယ္ရန္အစီအစဥ္မရွိေပမဲ့ ေႏြရာသီတြင္ျပန္လည္သုံးသပ္မႈျပဳလုပ္ကာ
လမ္းခြဲလာဖို႔ရွိေနပါတယ္။