ရိုနယ်ဒိုသာ ယူနိုက်တက်မှာ ဆက်ရှိနေမယ်ဆို ပြဿနာတွေပိုများလာနိုင်ကြောင်းပြောလာတဲ့ ပေါလ်မာဆန်

ခရစ္စတီယာနို ရိုနယ်ဒိုအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ လီယွန်နယ် မက်ဆီနဲ့အတူ တွဲဖက်က

စားနိုင်ဖို့အတွက် ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသင့်ကြောင်း

ပေါလ်မာဆန်က ပြောဆိုလာပါတယ်။ မာဆန်က ရိုနယ်ဒိုဟာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်း

ဖြစ်နေတယ်လို့ ယုံကြည်နေပြီး နောက်ရာသီမှာ ဆက်ရှိနေမယ်ဆိုရင်ပြဿနာတွေပိုများလာ

လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ” ရိုနယ်ဒိုအနေနဲ့ ဒီနွေရာသီမှာ လီယွန်နယ် မက်ဆီနဲ့အတူ

အိမ်မက်အသင်းကို ဖန်တီးဖို့အတွက် ပီအက်စ်ဂျီအသင်းကို သွားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆို

တော့ ကျွန်တော့်အမြင်မှာ အဲရစ် တန်ဟန့်ရဲ့ မန်ယူကို ပြန်လည်တည်ဆောက်မယ့် အစီစဉ်ဟာ

ရိုနယ်ဒို မထွက်သွားမချင်း စတင်လို့ ”“ မရနိုင်ဘူးလို့ ထင်တာကြောင့်ပါ။ ပြီးတော့ ရိုနယ်ဒိုအ

နေနဲ့ မန်ယူမှာ ဆက်နေမယ်ဆိုရင် ဘာဆုဖလားမှ ရနိုင်မာ မဟုတ်ပါဘူး၊ ဒါဆို ဘာလို့ဆက်နေ

နေမာလဲ ? ဆုကြီးတွေကို ရယူဖို့အတွက် သူ့မှာ နှစ်တွေအများကြီး မကျန်တော့ပါဘူး။ သူ့ကို ပီ

အက်စ်ဂျီမှာ မက်ဆီနဲ့အတူ မြင်ကြည့်စမ်းပါ။ သူတို့က ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာ

ရှိခဲ့ကြတာပါ ”“ သူတို့နှစ်ဦးရဲ့ ကစားသမားဘဝနေဝင်ချိန်တွေမှာ အသင်းဖော်တွေအဖြစ်အတူ

မြင်ရတာ ပျော်ဖို့ကောင်းမယ်လို့ ထင်ပါတယ်။ နေမာကလည်း ပီအက်စ်ဂျီကနေ ထွက်တော့

မယ်လို့ ကြားနေရပါတယ်၊ ဒီတော့ မက်ဆီ၊ ရိုနယ်ဒိုနဲ့ ကီလီယန် အမ်ဘာပေတို့ ရှိတဲ့ တိုက်စစ်

အတွဲကို မြင်ရနိုင်ပါတယ်။ ရိုနယ်ဒိုအနေနဲ့လည်း ဆုကြီးတွေရဖို့ ထပ်ပြီးတော့ အာမခံချက် ”

“ ရနိုင်ပါလိမ့်မယ်။ ဒါက သူ့အတွက် အကောင်းဆုံးနေရာပါ။ သူတို့က တစ်ကမ္ဘာလုံးက တီဗီ

တိုင်းပေါ်မှာ အပတ်တိုင်း ရှိနေကြပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ လူတိုင်းက ဒါကို ကြည့်ချင်

ကြတာကြောင့်ပါ။ သူတို့အနေနဲ့ ချန်ပီယံလိဂ်တော့ ရနိုင်မာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့

မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ ကမ္ဘာ့အကောင်းဆုံးအဖြစ် နှစ်‌ပေါင်းများစွာ ”“ ရှိခဲ့ကြပေမယ့်၊ အခု

ချိန်မှာတော့ မဟုတ်တော့တာကြောင့်ပါ။ ပြီးခဲ့တဲ့ရာသီမှာ မက်ဆီဆိုရင် ပြင်သစ်လိဂ်မှာ ခြောက်

ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ သူက စပိန်မှာဆိုရင် တစ်ပတ်ကို ခြောက်ဂိုးလောက်သွင်းနိုင်နေတာပါ။

ဒါပေမယ့် ဒီတိုက်စစ်သုံးဦးဟာ Playstation ဘောလုံးအသင်းလို ဖြစ်နေပါလိမ့်မယ်။ အဲ့ဒါက

ကြည့်ရတာ ပျော်ဖို့ကောင်းပါလိမ့်မယ် ”“ ရိုနယ်ဒိုကို မန်ယူမှာ မြင်ရတာ ပျော်ဖို့မကောင်းပါ

ဘူး။ ရိုနယ်ဒို ရောက်မလာခင်မှာ မန်ယူဟာ မယုံနိုင်စရာကောင်းလောက်တဲ့ အမြန်နှုန်းတွေ၊

အားအင်တွေ၊ စကေးတွေနဲ့ တန်ပြန်တိုက်စစ်ဆော့နိုင်တဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရို

နယ်ဒို ရှိနေတဲ့အချိန် ပြီးခဲ့တဲ့ရာသီမှာတော့ သူတို့ ဒါမျိုး မလုပ်နိုင်ခဲ့ကြဘူး။ သူက ဂိုးတွေ အ

များကြီးသွင်းခဲ့တာ ”“ ကျွန်တော် သိပါတယ်၊ လူတွေက ရိုနယ်ဒိုဟာ သူ့အလုပ်သူ တာဝန်ကျေ

တယ်လို့ ပြောကြတယ်။ ရိုနယ်‌ဒိုသာ လက်တစ်ဆုပ်စာသွင်းဂိုးလောက်ပဲ သွင်းခဲ့မယ်ဆိုရင် မန်

ယူက လိဂ်ဖလားရနိုင်ပါလိမ့်မယ်။ အဲ့ဒါက အိမ်တစ်အိမ်ကို ဆောက်လိုက်ပြီး၊ ပြတင်းပေါက်

လှလှလေးတွေ ရှိနေတယ်လို့ ပြောသလိုပါပဲ၊ ဒါပေမယ့် ခေါင်မိုးကတော့ ကောင်းကောင်း ”

“ မတပ်ဆင်ထားပါဘူး။ ဒါက အလုပ်မဖြစ်ပါဘူး။ ရိုနယ်ဒိုက ဘရိုက်တန်နဲ့ ပွဲတုန်းကဆိုရင်

ကွင်းထဲမှာ မတ်တပ်ရပ်နေပြီး ရယ်နေကာ ‘ ငါ ဒီမှာ ဘာလုပ်နေတာလဲ ? ’ လို့ တွေးနေခဲ့တယ်။

ဒါပေမယ့် သူ သွားနိုင်တဲ့အသင်းက အများကြီးမရှိပါဘူး။ မန်စီးတီးက ဟာလန်းကို ရသွားပြီး၊

လီဗာပူးလ်ကိုတော့ သူ သွားမာ မဟုတ်ဘူး။ တစ်ခုတည်းသော ရွေးစရာကတော့ ပီအက်စ်ဂျီ

ပဲ ရှိပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ခရစၥတီယာႏို ႐ိုနယ္ဒိုအေနနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ လီယြန္နယ္ မက္ဆီနဲ႔အတူ တြဲဖက္က

စားႏိုင္ဖို႔အတြက္ ဒီေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ထြက္ခြာသင့္ေၾကာင္း

ေပါလ္မာဆန္က ေျပာဆိုလာပါတယ္။ မာဆန္က ႐ိုနယ္ဒိုဟာ ျပႆနာရဲ႕ တစ္စိတ္တစ္ပိုင္း

ျဖစ္ေနတယ္လို႔ ယုံၾကည္ေနၿပီး ေနာက္ရာသီမွာ ဆက္ရွိေနမယ္ဆိုရင္ျပႆနာေတြပိုမ်ားလာ

လိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ” ႐ိုနယ္ဒိုအေနနဲ႔ ဒီေႏြရာသီမွာ လီယြန္နယ္ မက္ဆီနဲ႔အတူ

အိမ္မက္အသင္းကို ဖန္တီးဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းကို သြားသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆို

ေတာ့ ကြၽန္ေတာ့္အျမင္မွာ အဲရစ္ တန္ဟန႔္ရဲ႕ မန္ယူကို ျပန္လည္တည္ေဆာက္မယ့္ အစီစဥ္ဟာ

႐ိုနယ္ဒို မထြက္သြားမခ်င္း စတင္လို႔ ”“ မရႏိုင္ဘူးလို႔ ထင္တာေၾကာင့္ပါ။ ၿပီးေတာ့ ႐ိုနယ္ဒိုအ

ေနနဲ႔ မန္ယူမွာ ဆက္ေနမယ္ဆိုရင္ ဘာဆုဖလားမွ ရႏိုင္မာ မဟုတ္ပါဘူး၊ ဒါဆို ဘာလို႔ဆက္ေန

ေနမာလဲ ? ဆုႀကီးေတြကို ရယူဖို႔အတြက္ သူ႔မွာ ႏွစ္ေတြအမ်ားႀကီး မက်န္ေတာ့ပါဘူး။ သူ႔ကို ပီ

အက္စ္ဂ်ီမွာ မက္ဆီနဲ႔အတူ ျမင္ၾကည့္စမ္းပါ။ သူတို႔က ၿပိဳင္ဘက္ေတြအျဖစ္ ႏွစ္ေပါင္းမ်ားစြာ

ရွိခဲ့ၾကတာပါ ”“ သူတို႔ႏွစ္ဦးရဲ႕ ကစားသမားဘဝေနဝင္ခ်ိန္ေတြမွာ အသင္းေဖာ္ေတြအျဖစ္အတူ

ျမင္ရတာ ေပ်ာ္ဖို႔ေကာင္းမယ္လို႔ ထင္ပါတယ္။ ေနမာကလည္း ပီအက္စ္ဂ်ီကေန ထြက္ေတာ့

မယ္လို႔ ၾကားေနရပါတယ္၊ ဒီေတာ့ မက္ဆီ၊ ႐ိုနယ္ဒိုနဲ႔ ကီလီယန္ အမ္ဘာေပတို႔ ရွိတဲ့ တိုက္စစ္

အတြဲကို ျမင္ရႏိုင္ပါတယ္။ ႐ိုနယ္ဒိုအေနနဲ႔လည္း ဆုႀကီးေတြရဖို႔ ထပ္ၿပီးေတာ့ အာမခံခ်က္ ”

“ ရႏိုင္ပါလိမ့္မယ္။ ဒါက သူ႔အတြက္ အေကာင္းဆုံးေနရာပါ။ သူတို႔က တစ္ကမာၻလုံးက တီဗီ

တိုင္းေပၚမွာ အပတ္တိုင္း ရွိေနၾကပါလိမ့္မယ္၊ ဘာလို႔လဲဆိုေတာ့ လူတိုင္းက ဒါကို ၾကည့္ခ်င္

ၾကတာေၾကာင့္ပါ။ သူတို႔အေနနဲ႔ ခ်န္ပီယံလိဂ္ေတာ့ ရႏိုင္မာ မဟုတ္ပါဘူး၊ ဘာလို႔လဲဆိုေတာ့

မက္ဆီနဲ႔ ႐ိုနယ္ဒိုတို႔ဟာ ကမာၻ႔အေကာင္းဆုံးအျဖစ္ ႏွစ္‌ေပါင္းမ်ားစြာ ”“ ရွိခဲ့ၾကေပမယ့္၊ အခု

ခ်ိန္မွာေတာ့ မဟုတ္ေတာ့တာေၾကာင့္ပါ။ ၿပီးခဲ့တဲ့ရာသီမွာ မက္ဆီဆိုရင္ ျပင္သစ္လိဂ္မွာ ေျခာက္

ဂိုးပဲ သြင္းႏိုင္ခဲ့တယ္။ သူက စပိန္မွာဆိုရင္ တစ္ပတ္ကို ေျခာက္ဂိုးေလာက္သြင္းႏိုင္ေနတာပါ။

ဒါေပမယ့္ ဒီတိုက္စစ္သုံးဦးဟာ Playstation ေဘာလုံးအသင္းလို ျဖစ္ေနပါလိမ့္မယ္။ အဲ့ဒါက

ၾကည့္ရတာ ေပ်ာ္ဖို႔ေကာင္းပါလိမ့္မယ္ ”“ ႐ိုနယ္ဒိုကို မန္ယူမွာ ျမင္ရတာ ေပ်ာ္ဖို႔မေကာင္းပါ

ဘူး။ ႐ိုနယ္ဒို ေရာက္မလာခင္မွာ မန္ယူဟာ မယုံႏိုင္စရာေကာင္းေလာက္တဲ့ အျမန္ႏႈန္းေတြ၊

အားအင္ေတြ၊ စေကးေတြနဲ႔ တန္ျပန္တိုက္စစ္ေဆာ့ႏိုင္တဲ့ အသင္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ႐ို

နယ္ဒို ရွိေနတဲ့အခ်ိန္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ သူတို႔ ဒါမ်ိဳး မလုပ္ႏိုင္ခဲ့ၾကဘူး။ သူက ဂိုးေတြ အ

မ်ားႀကီးသြင္းခဲ့တာ ”“ ကြၽန္ေတာ္ သိပါတယ္၊ လူေတြက ႐ိုနယ္ဒိုဟာ သူ႔အလုပ္သူ တာဝန္ေက်

တယ္လို႔ ေျပာၾကတယ္။ ႐ိုနယ္‌ဒိုသာ လက္တစ္ဆုပ္စာသြင္းဂိုးေလာက္ပဲ သြင္းခဲ့မယ္ဆိုရင္ မန္

ယူက လိဂ္ဖလားရႏိုင္ပါလိမ့္မယ္။ အဲ့ဒါက အိမ္တစ္အိမ္ကို ေဆာက္လိုက္ၿပီး၊ ျပတင္းေပါက္

လွလွေလးေတြ ရွိေနတယ္လို႔ ေျပာသလိုပါပဲ၊ ဒါေပမယ့္ ေခါင္မိုးကေတာ့ ေကာင္းေကာင္း ”

“ မတပ္ဆင္ထားပါဘူး။ ဒါက အလုပ္မျဖစ္ပါဘူး။ ႐ိုနယ္ဒိုက ဘ႐ိုက္တန္နဲ႔ ပြဲတုန္းကဆိုရင္

ကြင္းထဲမွာ မတ္တပ္ရပ္ေနၿပီး ရယ္ေနကာ ‘ ငါ ဒီမွာ ဘာလုပ္ေနတာလဲ ? ’ လို႔ ေတြးေနခဲ့တယ္။

ဒါေပမယ့္ သူ သြားႏိုင္တဲ့အသင္းက အမ်ားႀကီးမရွိပါဘူး။ မန္စီးတီးက ဟာလန္းကို ရသြားၿပီး၊

လီဗာပူးလ္ကိုေတာ့ သူ သြားမာ မဟုတ္ဘူး။ တစ္ခုတည္းေသာ ေ႐ြးစရာကေတာ့ ပီအက္စ္ဂ်ီ

ပဲ ရွိပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။