
ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်း
းကနေ ထွက်ချင်နေတဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူကို ခေါ်နိုင်ရေးအလားအလာနဲ့ ပတ်သက်
ပြီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျိုအန်း လာပေါ်တာနဲ့ ဆွေးနွေးလျက်ရှိနေကြောင်း စပိန်
နိုင်ငံမှာရှိတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်
တိုက်စစ်ကစားသမားကြီး ရိုနယ်ဒိုဟာ သူ့အနေနဲ့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ချင်ကြောင်း
ယူနိုက်တက်အကြီးအကဲတွေကို အသိပေးထားပြီးတော့၊ မန်ယူအသင်းဟာ ဆုဖလားတွေကို
ဆွတ်ခူးနိုင်မယ့် အနေအထားမျိုးမှာ ရှိနေတယ်လို့ မယုံကြည်တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်
ပွဲမှာပဲ ဆက်လက်ကစားချင်နေတဲ့ရိုနယ်ဒိုဟာ တနင်္လာနေ့က အသင်းရဲ့ ရာသီကြိုထရိမ်နင်ကို
လည်း မိသားစုကိစ္စတွေကြောင့် မလာရောက်နိုင်ခဲ့တဲ့ ပေါ်တူဂီမှာပဲ ဆက်နေခဲ့ပါတယ်။ ရိုနယ်
ဒိုဟာ စပို့တင်းလစ္စဘွန်း၊ ရိုးမား၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့လို အသင်းတွေနဲ့ သတင်း
ထွက်နေပါတယ်။ ဒါပေမယ့် အခုမှာတော့ အံ့အားသင့်ဖွယ်နောက်ထပ်အသင်းတစ်ခု ပေါ်ထွက်
လာခဲ့ပါတယ်။နာမည်ကြီးစပိန်သတင်းဌာနဖြစ်တဲ့ AS က စူပါအေးဂျင့် မန်းဒက်စ်ဟာ ဘာစီ
လိုနာအသင်း ဥက္ကဌ လာပေါ်တာနဲ့ တနင်္လာနေ့ညနေပိုင်းလောက်က ညစာအတူစားရင်း တွေ့
ဆုံဆွေးနွေးခဲ့ကြောင်းနဲ့ ထိုအထဲမှာ ရိုနယ်ဒိုရဲ့ နာမည်လည်း ပါဝင်ခဲ့ကြောင်း အခိုင်အမာဖော်
ာ်ပြလာပါတယ်။ အရင်တုန်းကတော့ ဘာစီလိုနာဟာ အသင်းကနေ ထွက်သွားတဲ့ မက်ဆီရဲ့
နေရာကို ကြယ်ပွင့်တစ်ဦးနဲ့ အစားချင်ခဲ့ပေမယ့်၊ ရိုနယ်ဒိုကို တတ်နိုင်တဲ့အနေအထားမျိုးမှာ
ရှိမနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဘာစီလိုနာဟာ ရုပ်သံလွှင့်မူပိုင်
ခွင့်တွေနဲ့ ရောင်းဝယ်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကို ရောင်းချကာ ရန်ပုံငွေကို မြှင့်တင်ထားတာ
ကြောင့် အခြေအနေက ပြောင်းလဲသွားပြီလို့ ဆိုရပါမယ်။ ဘာစီလိုနာဟာ လက်ရှိမှာဘိုင်ယန်
မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ပစ်မှတ်ထားနေပြီး၊ ကစားသမားဖြစ်သူဘက်
ကလည်း ပြောင်းရွှေ့ချင်နေပေမယ့်၊ ဘိုင်ယန်ဘက်က လီဝန်မှာ စာချုပ်သက်တမ်းတစ်နှစ်ပဲ
ကျန်တော့တာတောင် ပေါင် သန်း ၅၀ ဝန်းကျင်အထိ အလိုရှိနေပါတယ်။ ရိုနယ်ဒိုအနေနဲ့ လုပ်
ခလစာမြင့်နိုင်ပေမယ့်၊ ယူနိုက်တက်အသင်းကသာ လျှော့ပေါ့ပေးဖို့ သဘောတူလိုက်မယ်ဆို
ရင်၊ ရိုနယ်ဒိုက လီဝန်ထက် ပိုသက်သာတဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။
ခရစၥတီယာႏို ႐ိုနယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္းဒက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္း
းကေန ထြက္ခ်င္ေနတဲ့ ၾကယ္ပြင့္ကစားသမားျဖစ္သူကို ေခၚႏိုင္ေရးအလားအလာနဲ႔ ပတ္သက္
ၿပီး ဘာစီလိုနာအသင္းရဲ႕ ဥကၠဌျဖစ္သူ ဂ်ိဳအန္း လာေပၚတာနဲ႔ ေဆြးေႏြးလ်က္ရွိေနေၾကာင္း စပိန္
ႏိုင္ငံမွာရွိတဲ့ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဝါရင့္
တိုက္စစ္ကစားသမားႀကီး ႐ိုနယ္ဒိုဟာ သူ႔အေနနဲ႔ ဒီေႏြရာသီမွာ အသင္းကေန ထြက္ခ်င္ေၾကာင္း
ယူႏိုက္တက္အႀကီးအကဲေတြကို အသိေပးထားၿပီးေတာ့၊ မန္ယူအသင္းဟာ ဆုဖလားေတြကို
ဆြတ္ခူးႏိုင္မယ့္ အေနအထားမ်ိဳးမွာ ရွိေနတယ္လို႔ မယုံၾကည္တာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္
ပြဲမွာပဲ ဆက္လက္ကစားခ်င္ေနတဲ့႐ိုနယ္ဒိုဟာ တနလၤာေန႔က အသင္းရဲ႕ ရာသီႀကိဳထရိမ္နင္ကို
လည္း မိသားစုကိစၥေတြေၾကာင့္ မလာေရာက္ႏိုင္ခဲ့တဲ့ ေပၚတူဂီမွာပဲ ဆက္ေနခဲ့ပါတယ္။ ႐ိုနယ္
ဒိုဟာ စပို႔တင္းလစၥဘြန္း၊ ႐ိုးမား၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်ယ္လ္ဆီးတို႔လို အသင္းေတြနဲ႔ သတင္း
ထြက္ေနပါတယ္။ ဒါေပမယ့္ အခုမွာေတာ့ အံ့အားသင့္ဖြယ္ေနာက္ထပ္အသင္းတစ္ခု ေပၚထြက္
လာခဲ့ပါတယ္။နာမည္ႀကီးစပိန္သတင္းဌာနျဖစ္တဲ့ AS က စူပါေအးဂ်င့္ မန္းဒက္စ္ဟာ ဘာစီ
လိုနာအသင္း ဥကၠဌ လာေပၚတာနဲ႔ တနလၤာေန႔ညေနပိုင္းေလာက္က ညစာအတူစားရင္း ေတြ႕
ဆုံေဆြးေႏြးခဲ့ေၾကာင္းနဲ႔ ထိုအထဲမွာ ႐ိုနယ္ဒိုရဲ႕ နာမည္လည္း ပါဝင္ခဲ့ေၾကာင္း အခိုင္အမာေဖာ္
ာ္ျပလာပါတယ္။ အရင္တုန္းကေတာ့ ဘာစီလိုနာဟာ အသင္းကေန ထြက္သြားတဲ့ မက္ဆီရဲ႕
ေနရာကို ၾကယ္ပြင့္တစ္ဦးနဲ႔ အစားခ်င္ခဲ့ေပမယ့္၊ ႐ိုနယ္ဒိုကို တတ္ႏိုင္တဲ့အေနအထားမ်ိဳးမွာ
ရွိမေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ဘာစီလိုနာဟာ ႐ုပ္သံလႊင့္မူပိုင္
ခြင့္ေတြနဲ႔ ေရာင္းဝယ္ေရးရဲ႕ တစ္စိတ္တစ္ပိုင္းကို ေရာင္းခ်ကာ ရန္ပုံေငြကို ျမႇင့္တင္ထားတာ
ေၾကာင့္ အေျခအေနက ေျပာင္းလဲသြားၿပီလို႔ ဆိုရပါမယ္။ ဘာစီလိုနာဟာ လက္ရွိမွာဘိုင္ယန္
ျမဴးနစ္အသင္းရဲ႕ တိုက္စစ္မႉး လီဝန္ေဒါ့စကီးကို ပစ္မွတ္ထားေနၿပီး၊ ကစားသမားျဖစ္သူဘက္
ကလည္း ေျပာင္းေ႐ႊ႕ခ်င္ေနေပမယ့္၊ ဘိုင္ယန္ဘက္က လီဝန္မွာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ပဲ
က်န္ေတာ့တာေတာင္ ေပါင္ သန္း ၅၀ ဝန္းက်င္အထိ အလိုရွိေနပါတယ္။ ႐ိုနယ္ဒိုအေနနဲ႔ လုပ္
ခလစာျမင့္ႏိုင္ေပမယ့္၊ ယူႏိုက္တက္အသင္းကသာ ေလွ်ာ့ေပါ့ေပးဖို႔ သေဘာတူလိုက္မယ္ဆို
ရင္၊ ႐ိုနယ္ဒိုက လီဝန္ထက္ ပိုသက္သာတဲ့ ေ႐ြးခ်ယ္မႈ ျဖစ္လာႏိုင္ပါတယ္။