ရာသီအစ ဖွင့်ပွဲမှာပဲ အဝါကဒ်မရ ရအောင်ယူသွားခဲ့တဲ့ အာဆင်နယ်အလယ်တန်းကစားသမား

အာဆင်နယ်အလယ်တန်းကစားသမားဂရာနစ်ဇာခါဟာ၂၀၂၂-၂၃ဘောလုံးရာသီရဲ့ပထမဆုံးအဝါ

ကတ်အားပြသခြင်းခံခဲ့ရပါတယ်။ယင်းသို့ဇာခါ ရာသီသစ်ရဲ့ပထမဆုံးအဝါကတ်ပြသခံရမှုနဲ့ပတ်သက်

ပြီးဘယ်သူမှလည်းအံ့ဩကြခြင်းမရှိကြပါဘူး။အသက်၂၉နှစ်ရှိဆွစ်ဇာလန်လက်ရွေးစင်ဟာ ၂၀၁၆

ခုနှစ်တွင်အာဆင်နယ်သို့ပြောင်းလာပြီးနောက်ပုံမှန်အဝါကတ်ပြသခြင်းခံလာရသူဖြစ်ပါတယ်။ဇာခါ

ဟာအာဆင်နယ်တွင်ကစားနေစဉ်အတွင်းပရီးမီးယားလိဂ်မှာအဝါကတ်၅၃ကြိမ်အထိပြသခံထားရ

ပြီးလည်းဖြစ်ပါတယ်။ယင်းမှအဝါကတ်၁၀ကတ်ကပြီးခဲ့တဲ့ရာသီတုန်းကပြသခြင်းခံခဲ့ရတာပါ။ဒါပေ

မဲ့မနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာတော့ဇာခါဟာထူးထူးခြားခြား

ဆိုသလို ပြိုင်ဘက်ကစားသမားကိုကြမ်းကြမ်းတမ်းတမ်းကစားလိုအဝါကတ်ပြသခံရတာမဟုတ်ပါ

ဘူး။သူဟာပဲလေ့စ်နှင့်ပွဲစဉ်မှာတော့ပင်နယ်တီရရှိဖို့အတွက်ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့်အဝါ

ကတ်ပြသခံရတာဖြစ်ပါတယ်။ဘောလုံးပရိသတ်များဟာ၂၀၂၂-၂၃ဘောလုံးရာသီရဲ့ပထမဆုံးအဝါ

ကတ်ပြသခံရသူ ဇာခါဖြစ်လာမှုအပေါ်အံ့ဩကြခြင်းမရှိပါဘူး။ပရိသတ်တစ်ဦးက “ဒီရာသီရဲ့ပထမ

ဆုံးအဝါကတ်ကဇာခါအပြခံရမယ်ဆိုပြီးလောင်းလိုက်သင့်တယ်”လို့ပြောကြားသွားပါတယ်။အခြား

တစ်ဦးကလည်း “တချို့အရာတွေက ပြောင်းလဲခြင်းမရှိဘူး။အဲဒီထဲမှာ ဇာခါအဝါကတ်ပြသခံရတာ

လည်းပါဝင်တယ်။”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “ဒီရာသီရဲ့ပထမဆုံးအဝါ

ကတ်အဖြစ်ဇာခါပြသခံရတာဘာမှအံ့ဩစရာမရှိပါဘူး”ဆိုသွားပါတယ်။စတုတ္ထတစ်ဦးကလည်း

“ဇာခါအဝါကတ်ပြခံရတယ်။ရေကစိုတယ်”လို့ဆိုသွားပါတယ်။

အာဆင္နယ္အလယ္တန္းကစားသမားဂရာနစ္ဇာခါဟာ၂၀၂၂-၂၃ေဘာလုံးရာသီရဲ႕ပထမဆုံးအဝါ

ကတ္အားျပသျခင္းခံခဲ့ရပါတယ္။ယင္းသို႔ဇာခါ ရာသီသစ္ရဲ႕ပထမဆုံးအဝါကတ္ျပသခံရမႈနဲ႔ပတ္သက္

ၿပီးဘယ္သူမွလည္းအံ့ဩၾကျခင္းမရွိၾကပါဘူး။အသက္၂၉ႏွစ္ရွိဆြစ္ဇာလန္လက္ေ႐ြးစင္ဟာ ၂၀၁၆

ခုႏွစ္တြင္အာဆင္နယ္သို႔ေျပာင္းလာၿပီးေနာက္ပုံမွန္အဝါကတ္ျပသျခင္းခံလာရသူျဖစ္ပါတယ္။ဇာခါ

ဟာအာဆင္နယ္တြင္ကစားေနစဥ္အတြင္းပရီးမီးယားလိဂ္မွာအဝါကတ္၅၃ႀကိမ္အထိျပသခံထားရ

ၿပီးလည္းျဖစ္ပါတယ္။ယင္းမွအဝါကတ္၁၀ကတ္ကၿပီးခဲ့တဲ့ရာသီတုန္းကျပသျခင္းခံခဲ့ရတာပါ။ဒါေပ

မဲ့မေန႔ညတုန္းကခရစၥတယ္ပဲေလ့စ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာေတာ့ဇာခါဟာထူးထူးျခားျခား

ဆိုသလို ၿပိဳင္ဘက္ကစားသမားကိုၾကမ္းၾကမ္းတမ္းတမ္းကစားလိုအဝါကတ္ျပသခံရတာမဟုတ္ပါ

ဘူး။သူဟာပဲေလ့စ္ႏွင့္ပြဲစဥ္မွာေတာ့ပင္နယ္တီရရွိဖို႔အတြက္ဟန္ေဆာင္ဒိုင္ဗင္ထိုးမႈေၾကာင့္အဝါ

ကတ္ျပသခံရတာျဖစ္ပါတယ္။ေဘာလုံးပရိသတ္မ်ားဟာ၂၀၂၂-၂၃ေဘာလုံးရာသီရဲ႕ပထမဆုံးအဝါ

ကတ္ျပသခံရသူ ဇာခါျဖစ္လာမႈအေပၚအံ့ဩၾကျခင္းမရွိပါဘူး။ပရိသတ္တစ္ဦးက “ဒီရာသီရဲ႕ပထမ

ဆုံးအဝါကတ္ကဇာခါအျပခံရမယ္ဆိုၿပီးေလာင္းလိုက္သင့္တယ္”လို႔ေျပာၾကားသြားပါတယ္။အျခား

တစ္ဦးကလည္း “တခ်ိဳ႕အရာေတြက ေျပာင္းလဲျခင္းမရွိဘူး။အဲဒီထဲမွာ ဇာခါအဝါကတ္ျပသခံရတာ

လည္းပါဝင္တယ္။”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “ဒီရာသီရဲ႕ပထမဆုံးအဝါ

ကတ္အျဖစ္ဇာခါျပသခံရတာဘာမွအံ့ဩစရာမရွိပါဘူး”ဆိုသြားပါတယ္။စတုတၳတစ္ဦးကလည္း

“ဇာခါအဝါကတ္ျပခံရတယ္။ေရကစိုတယ္”လို႔ဆိုသြားပါတယ္။