ရာသီအစအဖွင့်မလှခဲ့တဲ့နောက် အထုတ်ခံရမဲ့ကြေးပြောင်းလဲခံလိုက်ရတဲ့ နည်းပြတန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ်ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့

ပြီးတဲ့နောက် နည်းပြရာထူးကနေ စောစောစီးစီးအထုတ်ခံရဖို့ရှိနေတဲ့သူတွေထဲမှာ အဲရစ်တန်ဟက်

တစ်ယောက်ပါဝင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာရလဒ်တွေနဲ့ရင်ဆိုင်ခဲ့ရအတွက်

ယူနိုက်တက်တာဝန်ရှိသူတွေက နည်းပြသစ်အဖြစ်အဲရစ်တန်ဟက်ကို ခန့်အပ်ခဲ့ပေမယ့် ရာသီအ

ဖွင့်အိမ်ကွင်းပွဲမှာပဲဘရိုက်တန်ကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အဲရစ်တန်ဟက်ရဲ့ပရီးမီးယားလိဂ်

ပွဲဦးထွက်က မလှပခဲ့ပါဘူး။ ဘရိုက်တန်နဲ့ပွဲရလဒ်ကြောင့်ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးအ

ထုတ်ခံရဖို့ရှိတဲ့ နည်းပြတွေထဲမှာအဲရစ်တန်ဟက် ပါဝင်နေတာဖြစ်ပြီး ဘွတ်ကီဒိုင်တွေက အရင်

ကအလေးပေးချက်မှာ ၃၃ လေး/၁ လေးသာဖွင့်လှစ်ခဲ့ပေမယ့် အခု၂၀ လေး/၁ လေးအဖြစ် ပြောင်း

လဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ရာသီအစပိုင်းမှာပဲ လီဗာပူးလ်၊ လက်

စတာ၊အာဆင်နယ်စတဲ့အသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့် ရလဒ်ကောင်းမယူနိုင်ရင် အဲရစ်

တန်ဟက်အတွက် ဖိအားပိုများလာဖို့ရှိနေပြီးနည်းပြရာထူးကနေ အဲရစ်တန်ဟက် အထုတ်ခံရမယ့်

ဘက်ကနေလောင်းကြေးမြင့်တက်လာမယ့်အနေအထားအရ ဘွတ်ကီဒိုင်တွေကသူတို့ဖွင့်လှစ်ထား

တဲ့ကြေးကို ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ဗြိတိန်အခြေစိုက် နာမည်ကျော်ဘွတ်ကီဝက်ဘ်ဆိုက်ဖြစ်

တဲ့ Betfair ကဒီရာသီပရီးမီးယားလိဂ်မှာ ရာထူးကစောစောစီးစီးအထုတ်ခံရဖို့ရှိတဲ့နည်းပြတွေအ

တွက် လောင်းကြေးဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းနည်းပြလမ်းပတ်က ၄လေး/၁လေးနဲ့

ထိပ်ဆုံးမှာရေပန်းစားနေပါတယ်။လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း တန်း

မဆင်းရအောင် အသည်းအသန်ရုန်းကန်ခဲ့ရပြီးမှ ပရီးမီးယားလိဂ်မှာ အသက်ဆက်ခွင့်ရခဲ့သလို ဒီ

ရာသီအဖွင့်ပွဲမှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တာကြောင့်အဆင့်(၁၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲအျဖစ္ဘ႐ိုက္တန္ကိုရႈံးနိမ့္ခဲ့

ၿပီးတဲ့ေနာက္ နည္းျပရာထူးကေန ေစာေစာစီးစီးအထုတ္ခံရဖို႔ရွိေနတဲ့သူေတြထဲမွာ အဲရစ္တန္ဟက္

တစ္ေယာက္ပါဝင္ေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက စိတ္ပ်က္စရာရလဒ္ေတြနဲ႔ရင္ဆိုင္ခဲ့ရအတြက္

ယူႏိုက္တက္တာဝန္ရွိသူေတြက နည္းျပသစ္အျဖစ္အဲရစ္တန္ဟက္ကို ခန႔္အပ္ခဲ့ေပမယ့္ ရာသီအ

ဖြင့္အိမ္ကြင္းပြဲမွာပဲဘ႐ိုက္တန္ကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ အဲရစ္တန္ဟက္ရဲ႕ပရီးမီးယားလိဂ္

ပြဲဦးထြက္က မလွပခဲ့ပါဘူး။ ဘ႐ိုက္တန္နဲ႔ပြဲရလဒ္ေၾကာင့္ဒီရာသီပရီးမီးယားလိဂ္မွာ ပထမဆုံးအ

ထုတ္ခံရဖို႔ရွိတဲ့ နည္းျပေတြထဲမွာအဲရစ္တန္ဟက္ ပါဝင္ေနတာျဖစ္ၿပီး ဘြတ္ကီဒိုင္ေတြက အရင္

ကအေလးေပးခ်က္မွာ ၃၃ ေလး/၁ ေလးသာဖြင့္လွစ္ခဲ့ေပမယ့္ အခု၂၀ ေလး/၁ ေလးအျဖစ္ ေျပာင္း

လဲသတ္မွတ္လိုက္တာျဖစ္ပါတယ္။ယူႏိုက္တက္အသင္းဟာ ရာသီအစပိုင္းမွာပဲ လီဗာပူးလ္၊ လက္

စတာ၊အာဆင္နယ္စတဲ့အသင္းေတြနဲ႔ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ရလဒ္ေကာင္းမယူႏိုင္ရင္ အဲရစ္

တန္ဟက္အတြက္ ဖိအားပိုမ်ားလာဖို႔ရွိေနၿပီးနည္းျပရာထူးကေန အဲရစ္တန္ဟက္ အထုတ္ခံရမယ့္

ဘက္ကေနေလာင္းေၾကးျမင့္တက္လာမယ့္အေနအထားအရ ဘြတ္ကီဒိုင္ေတြကသူတို႔ဖြင့္လွစ္ထား

တဲ့ေၾကးကို ျပင္ဆင္ခဲ့တာပဲျဖစ္ပါတယ္။ၿဗိတိန္အေျခစိုက္ နာမည္ေက်ာ္ဘြတ္ကီဝက္ဘ္ဆိုက္ျဖစ္

တဲ့ Betfair ကဒီရာသီပရီးမီးယားလိဂ္မွာ ရာထူးကေစာေစာစီးစီးအထုတ္ခံရဖို႔ရွိတဲ့နည္းျပေတြအ

တြက္ ေလာင္းေၾကးဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အဲဗာတန္အသင္းနည္းျပလမ္းပတ္က ၄ေလး/၁ေလးနဲ႔

ထိပ္ဆုံးမွာေရပန္းစားေနပါတယ္။လမ္းပတ္ရဲ႕ အဲဗာတန္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကလည္း တန္း

မဆင္းရေအာင္ အသည္းအသန္႐ုန္းကန္ခဲ့ရၿပီးမွ ပရီးမီးယားလိဂ္မွာ အသက္ဆက္ခြင့္ရခဲ့သလို ဒီ

ရာသီအဖြင့္ပြဲမွာ ခ်ယ္လ္ဆီးကို ရႈံးနိမ့္ခဲ့တာေၾကာင့္အဆင့္(၁၅)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။