
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်း
ခင် သူ လိုချင်တဲ့ ကစားသမားမရဘူးဆိုရင် မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ
အမြင့်မားဆုံးအဆင့်အဖြစ် အဆင့်ခြောက်သာ ရနိုင်လိမ့်မယ်လို့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်
ကစားသမားဟောင်း ပေါလ်စခိုးလ်က ပြောဆိုလာပါတယ်။တန်ဟန့်ဟာ မန်ယူအသင်းကို သူ့ရဲ့
တည်ဆောက်မှုအစီစဉ်အတွက် တိုင်ရယ် မာလစီယာ၊ ခရစ္စတန်ဆန် အဲရစ်ဆန်နဲ့ လီဆန်ဒရို မာ
တီးနက်ဇ်တို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့်၊ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ ဘာစီလိုနာအသင်း
ရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်းကို မခေါ်ယူနိုင်သေးတာ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ကွင်း
လယ်ပိုင်း လိုအပ်ချက်ဟာမနေ့က ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဥ်မှာ ပိုမိုသိသာခဲ့ပါတယ်။
ထို့အတွက်ကြောင့် ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်းအပေါ် စိုးရိမ်နေပါတယ်။ “ အဲ့ဒါက ပြီး
ခဲ့တဲ့ရာသီအကုန်တုန်းက ဖြစ်ခဲ့တာနဲ့ ဆင်တူပါတယ်။ ဘရိုက်တန်ဘက်က စွမ်းဆောင်ရည်က
လည်း ကောင်းခဲ့ပါတယ်။ အဲရစ် တန်ဟန့်က သူ့ရဲ့ လက်ထဲမှာ ကြီးမားတဲ့ အလုပ်တစ်ခု ”“ ရှိနေ
ပါတယ်။ သူ့အနေနဲ့ ကစားသမားတွေ လိုအပ်ပါတယ်၊ ပိုကောင်းတဲ့အရည်အချင်းရှိတဲ့ ကစားသ
မားတွေ အင်အားဖြည့်တင်းမှုကို သူ လိုအပ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ဘရိုက်တန်နဲ့ ပွဲမှာ သူ
တို့ ကစားသွားခဲ့ပုံအရ၊ အဆင့်ခြောက်ဟာ ဒီရာသီမှာ မန်ယူအသင်း အမြင့်မားဆုံးရနိုင်မယ့် အ
ဆင့်လို့ ထင်တယ်။ အဲ့ဒါက ထ်ိတ်လန့်စရာကောင်းတဲ့ ”“ စတင်မှုဖြစ်ခဲ့ပြီးတော့၊ ပထမပိုင်း ပွဲက
စားချိန်တစ်ခုလုံးဟာ တုန်လှုပ်ရးချောက်ချားစရာ ကောင်းခဲ့ပါတယ်။ ပွဲစတဲ့အချိန်ကနေစတင်ပြီး
အရိပ်လက္ခဏာတွေဟာ ရှိနေခဲ့ပြီး၊ အသင်းရဲ့ ကွင်းလယ်ပိုင်းက အရည်အချင်းဟာ ညံ့ဖျင်းခဲ့ပါ
တယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟန႔္အေနနဲ႔ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္သိမ္း
ခင္ သူ လိုခ်င္တဲ့ ကစားသမားမရဘူးဆိုရင္ မန္ယူအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ
အျမင့္မားဆုံးအဆင့္အျဖစ္ အဆင့္ေျခာက္သာ ရႏိုင္လိမ့္မယ္လို႔ ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္
ကစားသမားေဟာင္း ေပါလ္စခိုးလ္က ေျပာဆိုလာပါတယ္။တန္ဟန႔္ဟာ မန္ယူအသင္းကို သူ႔ရဲ႕
တည္ေဆာက္မႈအစီစဥ္အတြက္ တိုင္ရယ္ မာလစီယာ၊ ခရစၥတန္ဆန္ အဲရစ္ဆန္နဲ႔ လီဆန္ဒ႐ို မာ
တီးနက္ဇ္တို႔ကို ေခၚယူထားၿပီးျဖစ္ေပမယ့္၊ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ ဘာစီလိုနာအသင္း
ရဲ႕ ကြင္းလယ္လူ ဖရန္ကီ ဒီေယာင္းကို မေခၚယူႏိုင္ေသးတာ ျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕ ကြင္း
လယ္ပိုင္း လိုအပ္ခ်က္ဟာမေန႔က ကစားခဲ့တဲ့ ဘ႐ိုက္တန္အသင္းနဲ႔ ပြဲစဥ္မွာ ပိုမိုသိသာခဲ့ပါတယ္။
ထို႔အတြက္ေၾကာင့္ ေပါလ္စခိုးလ္က သူ႔ရဲ႕ အသင္းေဟာင္းအေပၚ စိုးရိမ္ေနပါတယ္။ “ အဲ့ဒါက ၿပီး
ခဲ့တဲ့ရာသီအကုန္တုန္းက ျဖစ္ခဲ့တာနဲ႔ ဆင္တူပါတယ္။ ဘ႐ိုက္တန္ဘက္က စြမ္းေဆာင္ရည္က
လည္း ေကာင္းခဲ့ပါတယ္။ အဲရစ္ တန္ဟန႔္က သူ႔ရဲ႕ လက္ထဲမွာ ႀကီးမားတဲ့ အလုပ္တစ္ခု ”“ ရွိေန
ပါတယ္။ သူ႔အေနနဲ႔ ကစားသမားေတြ လိုအပ္ပါတယ္၊ ပိုေကာင္းတဲ့အရည္အခ်င္းရွိတဲ့ ကစားသ
မားေတြ အင္အားျဖည့္တင္းမႈကို သူ လိုအပ္ပါတယ္။ တနဂၤေႏြေန႔တုန္းက ဘ႐ိုက္တန္နဲ႔ ပြဲမွာ သူ
တို႔ ကစားသြားခဲ့ပုံအရ၊ အဆင့္ေျခာက္ဟာ ဒီရာသီမွာ မန္ယူအသင္း အျမင့္မားဆုံးရႏိုင္မယ့္ အ
ဆင့္လို႔ ထင္တယ္။ အဲ့ဒါက ထ္ိတ္လန႔္စရာေကာင္းတဲ့ ”“ စတင္မႈျဖစ္ခဲ့ၿပီးေတာ့၊ ပထမပိုင္း ပြဲက
စားခ်ိန္တစ္ခုလုံးဟာ တုန္လႈပ္ရးေခ်ာက္ခ်ားစရာ ေကာင္းခဲ့ပါတယ္။ ပြဲစတဲ့အခ်ိန္ကေနစတင္ၿပီး
အရိပ္လကၡဏာေတြဟာ ရွိေနခဲ့ၿပီး၊ အသင္းရဲ႕ ကြင္းလယ္ပိုင္းက အရည္အခ်င္းဟာ ညံ့ဖ်င္းခဲ့ပါ
တယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။