ရာသီအစတာထွက်မလှခဲ့ပေမဲ့ စက်တင်ဘာလအတွက် သတင်းကောင်းကြားရဖို့ရှိနေတဲ့ ယူနိုက်တက်
ပရီးမီးယားလိဂ်ကနေ ယနေ့မှာပဲ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံးနည်းပြ နှင့်
တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင် စာရင်း ကြေညာခဲ့ပါတယ်။တစ်
လတာ အကောင်းဆုံး ကစားသမားဆုအတွက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကတ်
ရက်ဖို့ဒ် အဆိုပြုခြင်း ခံခဲ့ရပါတယ်။  ရက်ဖို့ဒ်နဲ့အတူ အဆိုပါ ဆန်ကာတင် စာရင်းမှာ ဘုန်းမောက်
ရဲ့ ဘေလီ ၊ မန်စီးတီးရဲ့ ကီဗင် ဒီဘရိုင်းနား ၊ စပါးရဲ့ ဝိုက်ဘိယက် ၊ အဲဗာတန်ရဲ့ အီယိုဘီ ၊ ဗီလာရဲ့
ရမ်းဆေးတို့ ပါဝင်လာပါတယ်။ရက်ဖို့ဒ်ဟာ စက်တင်ဘာလအတွင်း ပရီးမီးယားလိဂ်မှာ ယူနိုက်တက်
အတွက် ( ၂ ) ဂိုးသွင်း ( ၂ ) ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ဒီဆုရရှိဖို့ ရေပန်းစားနေပါတယ်။နောက်ပြီး
တစ်လတာ အကောင်းဆုံးနည်းပြ ဆန်ကာတင် စာရင်းမှာလည်း  မန်ယူနိုက်တက်နည်းပြ အဲရစ်
တင်ဟာ့ခ် ပါဝင်လာပါတယ်။ တင်ဟာ့ခ်နဲ့အတူ ဘုန်းမောက်ရဲ့ ကြားဖြတ်နည်းပြ ဂယ်ရီ အိုနေးလ်
နှင့် တော့တင်ဟမ်ရဲ့ အန်တိုနီယို ကွန်တေတို့ ပါဝင်လာပါတယ်။တင်ဟာ့ခ်ဟာ  စက်တင်ဘာလအ
တွင်း အာဆင်နယ် ၊ လက်စတာတို့ကို အနိုင်ယူပြီး အာတီတာ နှင့် ပက်ဂွာဒီယိုလာတို့ရဲ့ အသင်းတွေ
နဲ့ ရမှတ် ကွာခြားချက်နည်းအောက် စွမ်းဆောင်နိုင်ခဲ့ပါတယ်။