ရာသီသစ်မှာလည်း စိတ်ပျက်စရာအဝေးကွင်း ဝတ်စုံဒီဇိုင်းကို ဝေဖန်လာကြတဲ့ လီဗာပူးပရိသတ်များ
လီဗာပူးပရိသတ်များဟာ Nike ရဲ့လာမယ့်ရာသီလီဗာပူးအဝေးကွင်းဝတ်စုံဒီဇိုင်းအွန်လိုင်းတွင်
ပေါက်ကြားလာပြီးနောက်အင်္ကျီကိုဝေဖန်နေကြပါတယ်။လီဗာပူးရဲ့၂၀၂၂-၂၃ဘောလုံးရာသီအ
ဝေးကွင်းဝတ်စုံတွင်အဖြူရောင်နှင့်အနက်ရောင်အသုံးပြုထားပြီး အရောင်မျိုးစုံထွက်တဲ့လှိုင်း
တွန့်ဒီဇိုင်းအသုံးပြုထားပါတယ်။လီဗာပူးပရိသတ်များဟာပြီးခဲ့တဲ့ရာသီတုန်းကလည်းစိတ်ပျက်
စရာအဝေးကွင်းဝတ်စုံကြုံခဲ့ရပြီးနောက်နောက်ထပ်တစ်ကြိမ်ဆိုးရွားတဲ့အဝေးကွင်းဝတ်စုံဒီဇိုင်း
နှင့်ပတ်သက်ပြီး Nike ကိုဝေဖန်လျက်ရှိကြပါတယ်။Nike ဟာတတိယမြောက်ရာသီအဖြစ်လီ
ဗာပူးရဲ့ဝတ်စုံကိုထောက်ပံ့လာတာဖြစ်ပြီးပရိသတ်တွေကတော့ကြိုဆိုခြင်းမရှိပါဘူး။လီဗာပူး
ပရိသတ်တစ်ဦးက “ငါတို့ဝတ်စုံဖန်တီးမှုအပိုင်းမှာနိုက်ခ်ကတော့ကျရှုံးတာပဲ။မက်လောက်စရာ
ကိုမရှိတာ။ဆိုးရွားလွန်းလှတယ်။ဘယ်သူကများ ဒီအင်္ကျီကိုဝယ်ဝတ်ကြမှာလဲ”လို့ပြောကြား
သွားပါတယ်။အခြားတစ်ဦးကလည်း “၂၀၀၃ ခုနှစ်တီဗွီလိုပဲ။ ဂြိုလ်တုလိုင်းကျလို့ လိုင်းတွန့်
ပေါ်နေသလိုပဲ”လို့ပြောကြားသွားပါတယ်။လီဗာပူးဟာ Nike နှင့်လက်တွဲပြီးနောက် ပထမဆုံး
ရာသီတွင်ဆုဖလားလက်မဲ့ရာသီကြုံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဆုဖလားလေး
လုံးရနိုင်တဲ့အခြေအနေမှ အက်ဖ်အေဖလားနှင့်ခါရာဘောင်ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။