ရာသီမကုန်ခင်သေးမှာပဲ အိမ်ကိုဘောလုံး(၆)လုံအထိယူသွားခဲ့တဲ့ အာလင်းဟာလန်း

ချန်ပီယံလိဂ်မှာ လိုက်ဇစ်ကို ၇ ဂိုးသွင်းခဲ့တဲ့ မန်စီးတီးဟာ ဘန်လေနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်

မှာလည်း ၆ ဂိုးအထိသွင်းကာ အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒီပွဲမှာ ဟာလန်း

ကခြေစွမ်းထပ်ပြခဲ့ပြီး ဟက်ထရစ်ထပ်မံသွင်းယူခဲ့ကာ အယ်လ်ဗာရက်ဇ်က ၂ဂိုး၊ ပယ်လ်မာက ၁ ဂိုး သွင်း

ပေးခဲ့ပြီး မန်စိးတီးတို့ ကြီးမားတဲ့ဂိုးပြတ်နိုင်ပွဲကို ထပ်မံရရှိခဲ့ပါတယ်။ ဂွါဒီယိုလာလက်အောက်မှာ မန်စီး

တီးအသင်းခေါင်းဆောင်အဖြစ်နဲ့ ကစားခဲ့တဲ့ ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေကတော့ ဘာဆိုဘာမှမလုပ်နိုင်

ခဲ့ပါဘူး။ ချန်ပီယံရှစ်မှာခြေစွမ်းပြပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာဖို့ အခြေအနေကောင်းနေတဲ့ ဘန်

လေဟာ မန်စီတီးနဲ့အတွေ့မှာတော့ လက်မြှောက်အရှုံးပေးခဲ့ရပြီး အက်ဖ်အေဖလားကွာတားအဆင့်နဲ့သာ

ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ ဟာလန်းကတော့ ပြိုင်ပွဲစုံနှစ်ပွဲဆက်တိုက် ဟက်ထရစ်

သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၂ပွဲမှာ ၈ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီရာသီသွင်းဂိုးစုစု

ပေါင်းက ဂိုးပေါင်း ၄၂ဂိုး အထိ ရှိသွားခဲ့ပြီဖြစ်ကာ ပြိုင်ပွဲစုံမှာရယူနိုင်ခဲ့တဲ့ ဟက်ထရစ်ကလည်း ၆ ကြိမ်

အထိ ရှိနေခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ အခြားကစားသမားတွေအားလုံးပေါင်းရရှိထားတဲ့ ဟက်

ထရစ်အကြိမ်အရေအတွက်ထက်တောင်မှ ၁ ကြိမ်ပိုများနေသေးတာဖြစ်ပါတယ်။ သူ့ရဲ့ ဂိုးသွင်းအားက

တော့ ကြောက်စရာကောင်းလောက်အောင်ကို ထက်မြက်နေပြီး သူ့နေအိမ်မှာဆိုရင် ဟက်ထရစ်သွင်းယူ

ပြီးတိုင်း အမှတ်တရယူဆောင်သွားတဲ့ ဘောလုံးတွေနဲ့တင် ပြည့်နှက်နေမှာလည်း သေချာပါတယ်။

ခ်န္ပီယံလိဂ္မွာ လိုက္ဇစ္ကို ၇ ဂိုးသြင္းခဲ့တဲ့ မန္စီးတီးဟာ ဘန္ေလနဲ႔ အက္ဖ္ေအဖလားကြာတားဖိုင္နယ္

မွာလည္း ၆ ဂိုးအထိသြင္းကာ အႏိုင္ကစားၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ပါၿပီ။ ဒီပြဲမွာ ဟာလန္း

ကေျခစြမ္းထပ္ျပခဲ့ၿပီး ဟက္ထရစ္ထပ္မံသြင္းယူခဲ့ကာ အယ္လ္ဗာရက္ဇ္က ၂ဂိုး၊ ပယ္လ္မာက ၁ ဂိုး သြင္း

ေပးခဲ့ၿပီး မန္စိးတီးတို႔ ႀကီးမားတဲ့ဂိုးျပတ္ႏိုင္ပြဲကို ထပ္မံရရွိခဲ့ပါတယ္။ ဂြါဒီယိုလာလက္ေအာက္မွာ မန္စီး

တီးအသင္းေခါင္းေဆာင္အျဖစ္နဲ႔ ကစားခဲ့တဲ့ ဗင္းဆင့္ကြန္ပနီရဲ႕ ဘန္ေလကေတာ့ ဘာဆိုဘာမွမလုပ္ႏိုင္

ခဲ့ပါဘူး။ ခ်န္ပီယံရွစ္မွာေျခစြမ္းျပၿပီး ပရီးမီးယားလိဂ္ကို တန္းတက္လာဖို႔ အေျခအေနေကာင္းေနတဲ့ ဘန္

ေလဟာ မန္စီတီးနဲ႔အေတြ႕မွာေတာ့ လက္ေျမႇာက္အရႈံးေပးခဲ့ရၿပီး အက္ဖ္ေအဖလားကြာတားအဆင့္နဲ႔သာ

ေက်နပ္ခဲ့ရပါတယ္။ ဒီပြဲမွာ ဟက္ထရစ္ရခဲ့တဲ့ ဟာလန္းကေတာ့ ၿပိဳင္ပြဲစုံႏွစ္ပြဲဆက္တိုက္ ဟက္ထရစ္

သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ၂ပြဲမွာ ၈ ဂိုးအထိ ရရွိခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ ဒီရာသီသြင္းဂိုးစုစု

ေပါင္းက ဂိုးေပါင္း ၄၂ဂိုး အထိ ရွိသြားခဲ့ၿပီျဖစ္ကာ ၿပိဳင္ပြဲစုံမွာရယူႏိုင္ခဲ့တဲ့ ဟက္ထရစ္ကလည္း ၆ ႀကိမ္

အထိ ရွိေနခဲ့ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္မွာ အျခားကစားသမားေတြအားလုံးေပါင္းရရွိထားတဲ့ ဟက္

ထရစ္အႀကိမ္အေရအတြက္ထက္ေတာင္မွ ၁ ႀကိမ္ပိုမ်ားေနေသးတာျဖစ္ပါတယ္။ သူ႔ရဲ႕ ဂိုးသြင္းအားက

ေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ကို ထက္ျမက္ေနၿပီး သူ႔ေနအိမ္မွာဆိုရင္ ဟက္ထရစ္သြင္းယူ

ၿပီးတိုင္း အမွတ္တရယူေဆာင္သြားတဲ့ ေဘာလုံးေတြနဲ႔တင္ ျပည့္ႏွက္ေနမွာလည္း ေသခ်ာပါတယ္။