ရာသီကြိုမှာရရှိထားတဲ့ အပေါင်းလက္ခဏာဆောင်တာတွေဟာ အစသာရှိသေးတယ်လို့ကြုံးဝါးလာတဲ့ လုခ်ရှော
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်ဟာ မန်ယူအသင်းကို အနီးကပ်လေ့ကျင့်
သင်ကြားပေးမှုတွေနဲ့ အထင်ကြီးအောင် ပြုလုပ်ထားနိုင်ခဲ့ပြီး၊ ရာသီကြိုမှာ ရရှိထားတဲ့ အပေါင်း
လက္ခဏာဆောင်တာတွေဟာ အစသာရှိသေးတယ်လို့ အသင်းရဲ့ ဘယ်ခြမ်းခံစစ်ကစားသမား
ဖြစ်သူ လုခ်ရှောက ပြောဆိုလာပါတယ်။ မန်ယူအသင်းဟာတန်ဟန့်ရဲ့ လက်အောက်မှာ ခြေ
စမ်းပွဲနှစ်ပွဲကစားထားပြီး နှစ်ပွဲစလုံးကို ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထို့အတွက်ကြောင့်
လုခ်ရှောက “ နည်းပြက ပိုပြီးတော့ အလိုရှိနေပါတယ်၊ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပိုပြီး
ကောင်းအောင် လုပ်ရပါမယ်။ သူက အသင်း၊ ဖွဲ့စည်းပုံနဲ့ သူ ကစားချင်တဲ့နည်းလမ်းကို အ
များကြီးပြောပါတယ်။ အဲ့ဒါက အသေးစိတ် ”“ အများကြီးပါ၊ ဒါပေမယ့် အသေးစိတ်လုပ်
ဆောင်တာကပဲ နိုင်ပွဲတွေကို ရရှိစေတာပါ၊ သူ့ရဲ့ တွေးခေါ်ပုံတွေနဲ့ သူ ကစားချင်တဲ့ နည်း
လမ်းကို ကျွန်တော်တို့ နားထောင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်ဖို့ အရမ်းကောင်း
ခဲ့ပါတယ်၊ အသင်းအနေနဲ့တင်မကပါဘူး၊ တစ်ဦးချင်းအလိုက်မှာလည်း ကျွန်တော့်အတွက်
ပါ စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ် ”“ အဲ့ဒါက ပရိသတ်တွေမျှော်လင့်တဲ့အရာ ဒါမှမဟုတ် ကျွန်
တော် မျှော်လင့်တဲ့အရာ မဟုတ်ခဲ့ပါဘူး၊ ဒီရာသီကတော့ နောက်ထပ်လတ်ဆတ်တဲ့ စတင်မှု
ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုချိန်က ကျွန်တော့်အနေနဲ့ ခြေစွမ်းပိုင်းကို တည်ငြိမ်
အောင်ထိန်းသိမ်းပြီး တစ်ပတ်ပြီးတစ်ပတ် စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အချိန်ဖြစ်ပါတယ်၊
နည်းပြနဲ့လည်း ”“ ကျွန်တော် ဒီအကြောင်းကို ပြောခဲ့ပြီးပါပြီ၊ ဒါက သူ ဖြစ်စေချင်တဲ့အရာပါ။
ပြီးခဲ့တဲ့နှစ်ပတ်က စတင်ပြီး အထူးသဖြင့် ထရိမ်နင်မှာ ကြီးမားတဲ့တိုးတက်မှုရှိလာပါတယ်။
ပွဲတွေထဲမှာလည်း ခင်ဗျားတို့ အရင်တုန်းက မမြင်ဖူးခဲ့တဲ့အရာတွေကို မြင်လာရတယ်လို့ ထင်
ပါတယ်။ အသင်းက ဘာလိုအပ်နေသလဲဆိုတာ နည်းပြက သိပါတယ်၊ သူ့မှာ ကိုယ်ပိုင် ”“ က
စားကွက်ရှိပြီးတော့ ကစားသမားအားလုံးက အဲ့ဒီအတိုင်း လိုက်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
သူက အရမ်းလက်တွေ့ဆန်သူဖြစ်ပြီးတော့၊ ထရိမ်နင်တွေအများကြီး လုပ်ပါတယ်။ သူက ကိစ္
စအတော်များများမှာ ပါဝင်ပြီးတော့၊ ထရိမ်နင်မှာ သူ လိုချင်တဲ့ စံချိန်စံညွှန်းတွေ ရောက်အောင်
မလုပ်နိုင်တဲ့ ကစားသမားတွေ ‌တွေ့ရင် သူက သူတို့ကို ”“ သိသွားအောင် လုပ်ပါတယ်။ ဒါက
ကောင်းတယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက အသင်းရဲ့ စံချိန်စံညွှန်းတွေကို မြင့်နေ
အောင် ထားတာကြောင့်ပါ။ ကျွန်တော်တို့ဆီကနေ အများကြီး ထပ်မြင်ရဖို့ရှိပါသေးတယ်၊ ပြီး
တော့ ဒါဟာ အခုမှ အစပဲ ရှိပါသေးတယ် ” လို့ ပြောဆိုခဲ့ပါတယ်။