
အသင်းဖော်တိုက်စစ်မှူးဒါဝင်နူနက်ဇ်က သူ ဘယ်လိုကစားသမားလဲဆိုတာကို ပြသနိုင်ခဲ့တယ်လို့
လီဗာပူးလ်နောက်ခံလူအာနိုးလ်က ချီးကျူးပြောဆိုလိုက်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီး
ကို ၃-၁ နဲ့ အနိုင်ရခဲ့ရာမှာ နူနက်ဇ်က လူစားဝင်လာပြီးနောက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုး ရရှိအောင်
စွမ်းဆောင်ပေးခဲ့ကာ အသင်းကို ကွန်မြူနတီဒိုင်းဆွတ်ခူးစေခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ရာသီကြို
ခြေစမ်းပွဲတွေမှာ လှောင်ပြောင်ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နူနက်ဇ်က အရန်ခုံကထလာပြီး အ
သင်းအတွက် အကျိုးသက်ရောက်မှုကို ပြသခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခေါင်းတိုက်ချက်ကြောင့် လီ
ဗာပူးလ်တို့ ပင်နယ်တီရရှိခဲ့ပြီး ဆာလာက ကန်သွင်းယူခဲ့ကာ နူနက်ဇ်ကိုယ်တိုင်ကလည်း အနိုင်
သေချာစေမယ့် သွင်းဂိုးတဂိုးကို ထပ်မံရယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ITV က တဆင့် အာနိုးလ်က
“သူ့ခြေစွမ်းက အဲဒီလိုနေရာမှာပဲ ရှိနေရမှာ၊ ပင်နယ်တီရအောင်ယူခဲ့တယ်၊ တဂိုးသွင်းခဲ့တယ်၊ တ
ဦးချင်းအနေအထားမျိုးနဲ့လည်း သူ ရင်ဆိုင်နိုင်ခဲ့တယ်၊ သူ့ကိုကြည့်ရတာ သွက်တယ်၊ အရမ်းသွက်
တယ်၊ သူက ကျနော်တို့အတွက် ဂိုးတွေသွင်းပေးဖို့ ဝယ်ထားတဲ့သူတယောက်ပါ၊ သူ ဒီနေ့လုပ်နိုင်
တယ်ဆိုတာကို သက်သေပြခဲ့ပါပြီ””သူက ထိပ်တန်းကစားသမားပါ၊ လူငယ်ကစားသမားတဦး
လည်းဖြစ်ပြီး အသင်းနဲ့အတူ သူ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ သူ လူစားဝင်လာပြီးတော့
ကောင်းကောင်းကြိုးစားခဲ့ပြီး သူ့ခြေစွမ်းက အကောင်းဆုံးမဟုတ်သေးဘူးဆိုတာကို သူ သိနေခဲ့
ပါတယ်၊ ဒီနေ့မှာ သူ ဘာလဲဆိုတာကို သက်သေပြဖို့အတွက် လာခဲ့ပြီး အသင်းအတွက်အနိုင်ဂိုး
တွေသွင်းပေးခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ နူနက်ဇ်ဟာ အားလုံးရဲ့ အထင်သေးမှုတွေကို ရရှိ
နေခဲ့ပြီး မနေ့ကပွဲမှာတော့ အဆိုပါအရာအားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟာလန်းနဲ့ သူ့
ရဲ့အားပြိုင်မှုကို စောင့်ကြည့်နေကြချိန်မှာ အသာရအောင်လည်း စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အသင္းေဖာ္တိုက္စစ္မႉးဒါဝင္ႏူနက္ဇ္က သူ ဘယ္လိုကစားသမားလဲဆိုတာကို ျပသႏိုင္ခဲ့တယ္လို႔
လီဗာပူးလ္ေနာက္ခံလူအာႏိုးလ္က ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ ကြန္ျမဴနတီဒိုင္းပြဲမွာ မန္စီးတီး
ကို ၃-၁ နဲ႔ အႏိုင္ရခဲ့ရာမွာ ႏူနက္ဇ္က လူစားဝင္လာၿပီးေနာက္ အေရးပါတဲ့ သြင္းဂိုး ၂ဂိုး ရရွိေအာင္
စြမ္းေဆာင္ေပးခဲ့ကာ အသင္းကို ကြန္ျမဴနတီဒိုင္းဆြတ္ခူးေစခဲ့ပါတယ္။ လီဗာပူးလ္ရဲ႕ ရာသီႀကိဳ
ေျခစမ္းပြဲေတြမွာ ေလွာင္ေျပာင္ေဝဖန္မႈေတြကို ရင္ဆိုင္ခဲ့ရတဲ့ ႏူနက္ဇ္က အရန္ခုံကထလာၿပီး အ
သင္းအတြက္ အက်ိဳးသက္ေရာက္မႈကို ျပသခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ ေခါင္းတိုက္ခ်က္ေၾကာင့္ လီ
ဗာပူးလ္တို႔ ပင္နယ္တီရရွိခဲ့ၿပီး ဆာလာက ကန္သြင္းယူခဲ့ကာ ႏူနက္ဇ္ကိုယ္တိုင္ကလည္း အႏိုင္
ေသခ်ာေစမယ့္ သြင္းဂိုးတဂိုးကို ထပ္မံရယူခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ITV က တဆင့္ အာႏိုးလ္က
“သူ႔ေျခစြမ္းက အဲဒီလိုေနရာမွာပဲ ရွိေနရမွာ၊ ပင္နယ္တီရေအာင္ယူခဲ့တယ္၊ တဂိုးသြင္းခဲ့တယ္၊ တ
ဦးခ်င္းအေနအထားမ်ိဳးနဲ႔လည္း သူ ရင္ဆိုင္ႏိုင္ခဲ့တယ္၊ သူ႔ကိုၾကည့္ရတာ သြက္တယ္၊ အရမ္းသြက္
တယ္၊ သူက က်ေနာ္တို႔အတြက္ ဂိုးေတြသြင္းေပးဖို႔ ဝယ္ထားတဲ့သူတေယာက္ပါ၊ သူ ဒီေန႔လုပ္ႏိုင္
တယ္ဆိုတာကို သက္ေသျပခဲ့ပါၿပီ””သူက ထိပ္တန္းကစားသမားပါ၊ လူငယ္ကစားသမားတဦး
လည္းျဖစ္ၿပီး အသင္းနဲ႔အတူ သူ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ပါတယ္၊ သူ လူစားဝင္လာၿပီးေတာ့
ေကာင္းေကာင္းႀကိဳးစားခဲ့ၿပီး သူ႔ေျခစြမ္းက အေကာင္းဆုံးမဟုတ္ေသးဘူးဆိုတာကို သူ သိေနခဲ့
ပါတယ္၊ ဒီေန႔မွာ သူ ဘာလဲဆိုတာကို သက္ေသျပဖို႔အတြက္ လာခဲ့ၿပီး အသင္းအတြက္အႏိုင္ဂိုး
ေတြသြင္းေပးခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ႏူနက္ဇ္ဟာ အားလုံးရဲ႕ အထင္ေသးမႈေတြကို ရရွိ
ေနခဲ့ၿပီး မေန႔ကပြဲမွာေတာ့ အဆိုပါအရာအားလုံးကို ဖယ္ရွားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဟာလန္းနဲ႔ သူ႔
ရဲ႕အားၿပိဳင္မႈကို ေစာင့္ၾကည့္ေနၾကခ်ိန္မွာ အသာရေအာင္လည္း စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။