
အဲရစ်တန်ဟက်ဟာမနေ့ညတုန်းကအက်သလက်တီကိုအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်အခွင့်
အရေးဖန်တီးနိုင်ခဲ့ပေမဲ့ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပြီးနောက် လက်ခံနိုင်စရာမရှိကြောင်း အသင်းကိုဝေ
ဖန်ပြောကြားသွားပါတယ်။အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာမနေ့ညတုန်းကအော်စလိုတွင်
အက်သလက်တီကိုနှင့်ခြေစမ်းပွဲကစားသွားခဲ့ပြီးဂျိုအာဖီးလစ်သွင်းယူတဲ့ဂိုးဖြင့် ၁-၀ဂိုးဖြင့်ရှုံးနိမ့်
ခဲ့ပါတယ်။ယင်းရှုံးပွဲမှာ အဲရစ်တန်ဟက်အတွက် ပထမဆုံးယူနိုက်တက်ရှုံးပွဲလည်းဖြစ်ပါတယ်။
အဲရစ်တန်ဟက်က “နောက်ဆုံးမှာတော့ရလဒ်ကအရေးအကြီးဆုံးပါ။ရလဒ်ကမကောင်းပါဘူး။
ကိုယ်ဖန်တီးနိုင်တဲ့အခွင့်အရေးတွေကိုအသုံးချရပါမယ်။တစ်ဂိုးလောက်ရဖို့ကိုတော့လုံလောက်
တဲ့ဖန်တီးမှုပြုလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ဒီတော့ကျေနပ်ခြင်းမရှိပါဘူး။လက်ခံနိုင်စရာမရှိ
ဘူးလို့အသင်းကိုပြောခဲ့ပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။ဆက်လက်ပြီးအဲရစ်တန်ဟက်က
“Set-Play ကနေဟယ်ရီမက်ဂွိုင်းယားအခွင့်အရေးကြီးရခဲ့တယ်။ဒီတော့အနိုင်ရဖို့လုံလောက်ခဲ့
တယ်။ဒါကကျွန်တော်တို့ရဲ့အမြဲတမ်းရည်မှန်းချက်ပါ”လို့ပြောကြားသွားပါတယ်။မနေ့ညတုန်း
ကအက်သလက်တီကိုနှင့်ပွဲတွင်ခရစ္စတီယန်အဲရစ်ဆင်မှာပွဲချိန်၆၉မိနစ်တွင်အန်တိုနီမာရှယ်အ
စားလူစားဝင်ရောက်ကစားပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်တွင်ယူနိုက်
တက်ကွင်းလယ်ကစားသမားဖရက်မှာပွဲပြီးခါနီးတွင်ကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့်
အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ဖရက်ဟာချဲလ်ဆီးတိုက်စစ်မှူးဟောင်းမိုရာတာကိုကြမ်း
တမ်းစွာဖျက်ထုတ်ခဲ့တဲ့အပြင်နင်းလည်းနင်းခဲ့တာတွေ့ရပါတယ်။ယူနိုက်တက်ဟာယနေ့တွင်
အိုးထရက်ဖို့ဒ်ကွင်းတွင်ရာယိုဗယ်လီကာနိုနှင့်ခြေစမ်းပွဲကစားပါမယ်။ယင်းပွဲတွင်ခရစ္စတီယာနို
ရော်နယ်ဒိုပါဝင်လာမည်ဖြစ်ကြောင်းအဲရစ်တန်ဟက်ကအတည်ပြုထားပါတယ်။
အဲရစ္တန္ဟက္ဟာမေန႔ညတုန္းကအက္သလက္တီကိုအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္အခြင့္
အေရးဖန္တီးႏိုင္ခဲ့ေပမဲ့ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိၿပီးေနာက္ လက္ခံႏိုင္စရာမရွိေၾကာင္း အသင္းကိုေဝ
ဖန္ေျပာၾကားသြားပါတယ္။အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာမေန႔ညတုန္းကေအာ္စလိုတြင္
အက္သလက္တီကိုႏွင့္ေျခစမ္းပြဲကစားသြားခဲ့ၿပီးဂ်ိဳအာဖီးလစ္သြင္းယူတဲ့ဂိုးျဖင့္ ၁-၀ဂိုးျဖင့္ရႈံးနိမ့္
ခဲ့ပါတယ္။ယင္းရႈံးပြဲမွာ အဲရစ္တန္ဟက္အတြက္ ပထမဆုံးယူႏိုက္တက္ရႈံးပြဲလည္းျဖစ္ပါတယ္။
အဲရစ္တန္ဟက္က “ေနာက္ဆုံးမွာေတာ့ရလဒ္ကအေရးအႀကီးဆုံးပါ။ရလဒ္ကမေကာင္းပါဘူး။
ကိုယ္ဖန္တီးႏိုင္တဲ့အခြင့္အေရးေတြကိုအသုံးခ်ရပါမယ္။တစ္ဂိုးေလာက္ရဖို႔ကိုေတာ့လုံေလာက္
တဲ့ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့တယ္လို႔ထင္ပါတယ္။ဒီေတာ့ေက်နပ္ျခင္းမရွိပါဘူး။လက္ခံႏိုင္စရာမရွိ
ဘူးလို႔အသင္းကိုေျပာခဲ့ပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။ဆက္လက္ၿပီးအဲရစ္တန္ဟက္က
“Set-Play ကေနဟယ္ရီမက္ဂြိဳင္းယားအခြင့္အေရးႀကီးရခဲ့တယ္။ဒီေတာ့အႏိုင္ရဖို႔လုံေလာက္ခဲ့
တယ္။ဒါကကြၽန္ေတာ္တို႔ရဲ႕အၿမဲတမ္းရည္မွန္းခ်က္ပါ”လို႔ေျပာၾကားသြားပါတယ္။မေန႔ညတုန္း
ကအက္သလက္တီကိုႏွင့္ပြဲတြင္ခရစၥတီယန္အဲရစ္ဆင္မွာပြဲခ်ိန္၆၉မိနစ္တြင္အန္တိုနီမာရွယ္အ
စားလူစားဝင္ေရာက္ကစားၿပီးေနာက္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။အဆိုပါပြဲစဥ္တြင္ယူႏိုက္
တက္ကြင္းလယ္ကစားသမားဖရက္မွာပြဲၿပီးခါနီးတြင္ၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈေၾကာင့္
အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ဖရက္ဟာခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းမိုရာတာကိုၾကမ္း
တမ္းစြာဖ်က္ထုတ္ခဲ့တဲ့အျပင္နင္းလည္းနင္းခဲ့တာေတြ႕ရပါတယ္။ယူႏိုက္တက္ဟာယေန႔တြင္
အိုးထရက္ဖို႔ဒ္ကြင္းတြင္ရာယိုဗယ္လီကာႏိုႏွင့္ေျခစမ္းပြဲကစားပါမယ္။ယင္းပြဲတြင္ခရစၥတီယာႏို
ေရာ္နယ္ဒိုပါဝင္လာမည္ျဖစ္ေၾကာင္းအဲရစ္တန္ဟက္ကအတည္ျပဳထားပါတယ္။