
ဂါဘရီရယ်ဂျီးဆပ်စ်ကိုပေါင်၄၅သန်းဖြင့်ခေါ်ယူထားပြီးဖြစ်ပေမဲ့ ရာဖင်ညာကို ခေါ်ယူရေးအရှုံး
ပေးလိုက်ရပြီးနောက်အာဆင်နယ်ပရိသတ်များဟာဆာဂျီဂနာဘရီကိုပြန်လည်ခေါ်ယူရန်ကလပ်
ကိုတိုက်တွန်းလာပါတယ်။လိဒ်တောင်ပံကစားသမားဟာအာဆင်နယ်ရဲ့အဝယ်စာရင်းတွင်ပါဝင်
နေခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်ရဲ့လန်ဒန်ပြိုင်ဘက်ချဲလ်ဆီးကဘရာဇီးစတားကိုပေါင်၅၅
သန်းဖြင့်ခေါ်ယူရန်လိဒ်နှင့်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ဒါကြောင့်လည်းအာဆင်နယ်
ပရိသတ်များဟာရာဖင်ညာကိုချက်ချင်မေ့ဖျောက်ကာဂနာဘရီကိုပြန်လည်ခေါ်ယူရေးကြိုးပမ်း
ရန်ကလပ်ကိုတိုက်တွန်းလာပါတယ်။အသက်၂၆နှစ်ရှိဂျာမနီလက်ရွေးစင်တိုက်စစ်သမားဟာ
၂၀၂၃ခုနှစ်မှာဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးယခုနွေရာသီတွင်ထွက်ခွာ
ာမယ်လို့သတင်းများစွာထွက်ပေါ်နေသူဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်တစ်ဦးက “ရာဖင်
ညာကိုခေါ်ယူရေးမှာအရှုံးပေးလိုက်ရပေမဲ့ပြဿနာမရှိပါဘူး။ဂါနာဘရီကပိုကောင်းတဲ့ရွေးချယ်
မှုဖြစ်နေပါတယ်။သူ့ကိုအိမ်သို့ပြန်ခေါ်ကြစို့”လို့ဆိုသွားပါတယ်။ဒါ့အပြင်အခြားပရိသတ်တစ်ဦး
ကလည်း “ရာဖင်ညာထက်ဂနာဘရီကိုပဲရွေးမယ်။အထူးသဖြင့်လိဂ်ကစားသမားထက်ဆွေးနွေး
းရတာပိုအဆင်ပြေမယ်”လို့ပြောကြားသွားပါတယ်။ဂနာဘရီဟာ၂၀၁၃ခုနှစ်တုန်းကဆယ်ကျော်
သက်အရွယ်တွင်အာစင်ဝင်းဂါးရဲ့ခေါ်ဆောင်မှုဖြင့်အာဆင်နယ်အကယ်ဒမီသို့ရောက်လာခဲ့ပါ
တယ်။ဒါပေမဲ့ဝင်းဂါးဟာဂနာဘရီအပေါ်ယုံကြည်မှုမရှိဘဲ၂၀၁၆ခုနှစ်ဖေဖော်ဝါရီလတွင်ဝက်စ်
ဘရွန်းသို့အငှားချခဲ့ပါတယ်။ယင်းနောက်ဩဂုတ်လတွင်ဝါဒါဘရီမင်သို့ပေါင်၄.၅သန်းဖြင့်ရောင်
းချခဲ့ပါတယ်။ယင်းနောက်သူဟာတစ်နှစ်အကြာမှာဘိုင်ယန်သို့ပြောင်းခဲ့ပါတယ်။ဂနာဘရီဟာ
ဘိုင်ယန်မြူးနစ်သို့ရောက်လာပြီးနောက်ကမ္ဘာ့ထိပ်တန်းကစားသမားများထဲမှတစ်ဦးဖြစ်လာပြီး
ချန်ပီယံလိဂ်ဖလားအပါအဝင်ဆုဖလား၁၂လုံးဆွတ်ခူးထားနိုင်ပါတယ်။သူဟာအာဆင်နယ်တွင်
ကစားစဉ်တုန်းကလည်းအက်ဖ်အေဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂါဘရီရယ္ဂ်ီးဆပ္စ္ကိုေပါင္၄၅သန္းျဖင့္ေခၚယူထားၿပီးျဖစ္ေပမဲ့ ရာဖင္ညာကို ေခၚယူေရးအရႈံး
ေပးလိုက္ရၿပီးေနာက္အာဆင္နယ္ပရိသတ္မ်ားဟာဆာဂ်ီဂနာဘရီကိုျပန္လည္ေခၚယူရန္ကလပ္
ကိုတိုက္တြန္းလာပါတယ္။လိဒ္ေတာင္ပံကစားသမားဟာအာဆင္နယ္ရဲ႕အဝယ္စာရင္းတြင္ပါဝင္
ေနခဲ့သူျဖစ္ပါတယ္။ဒါေပမဲ့အာဆင္နယ္ရဲ႕လန္ဒန္ၿပိဳင္ဘက္ခ်ဲလ္ဆီးကဘရာဇီးစတားကိုေပါင္၅၅
သန္းျဖင့္ေခၚယူရန္လိဒ္ႏွင့္သေဘာတူညီမႈရရွိသြားၿပီျဖစ္ပါတယ္။ဒါေၾကာင့္လည္းအာဆင္နယ္
ပရိသတ္မ်ားဟာရာဖင္ညာကိုခ်က္ခ်င္ေမ့ေဖ်ာက္ကာဂနာဘရီကိုျပန္လည္ေခၚယူေရးႀကိဳးပမ္း
ရန္ကလပ္ကိုတိုက္တြန္းလာပါတယ္။အသက္၂၆ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္သမားဟာ
၂၀၂၃ခုႏွစ္မွာဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးယခုေႏြရာသီတြင္ထြက္ခြာ
ာမယ္လို႔သတင္းမ်ားစြာထြက္ေပၚေနသူျဖစ္ပါတယ္။အာဆင္နယ္ပရိသတ္တစ္ဦးက “ရာဖင္
ညာကိုေခၚယူေရးမွာအရႈံးေပးလိုက္ရေပမဲ့ျပႆနာမရွိပါဘူး။ဂါနာဘရီကပိုေကာင္းတဲ့ေ႐ြးခ်ယ္
မႈျဖစ္ေနပါတယ္။သူ႔ကိုအိမ္သို႔ျပန္ေခၚၾကစို႔”လို႔ဆိုသြားပါတယ္။ဒါ့အျပင္အျခားပရိသတ္တစ္ဦး
ကလည္း “ရာဖင္ညာထက္ဂနာဘရီကိုပဲေ႐ြးမယ္။အထူးသျဖင့္လိဂ္ကစားသမားထက္ေဆြးေႏြး
းရတာပိုအဆင္ေျပမယ္”လို႔ေျပာၾကားသြားပါတယ္။ဂနာဘရီဟာ၂၀၁၃ခုႏွစ္တုန္းကဆယ္ေက်ာ္
သက္အ႐ြယ္တြင္အာစင္ဝင္းဂါးရဲ႕ေခၚေဆာင္မႈျဖင့္အာဆင္နယ္အကယ္ဒမီသို႔ေရာက္လာခဲ့ပါ
တယ္။ဒါေပမဲ့ဝင္းဂါးဟာဂနာဘရီအေပၚယုံၾကည္မႈမရွိဘဲ၂၀၁၆ခုႏွစ္ေဖေဖာ္ဝါရီလတြင္ဝက္စ္
ဘ႐ြန္းသို႔အငွားခ်ခဲ့ပါတယ္။ယင္းေနာက္ဩဂုတ္လတြင္ဝါဒါဘရီမင္သို႔ေပါင္၄.၅သန္းျဖင့္ေရာင္
းခ်ခဲ့ပါတယ္။ယင္းေနာက္သူဟာတစ္ႏွစ္အၾကာမွာဘိုင္ယန္သို႔ေျပာင္းခဲ့ပါတယ္။ဂနာဘရီဟာ
ဘိုင္ယန္ျမဴးနစ္သို႔ေရာက္လာၿပီးေနာက္ကမာၻ႔ထိပ္တန္းကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာၿပီး
ခ်န္ပီယံလိဂ္ဖလားအပါအဝင္ဆုဖလား၁၂လုံးဆြတ္ခူးထားႏိုင္ပါတယ္။သူဟာအာဆင္နယ္တြင္
ကစားစဥ္တုန္းကလည္းအက္ဖ္ေအဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။