ရလာဒ်ဆိုးရွားနေတဲ့ အင်္ဂလန်အသင်းကနေအကျိုးအမြတ်ရခဲ့တဲ့ သရဲနီနှစ်ဦး
အင်္ဂလန်လက်ရွေးစင်အသင်းဟာ မနေ့ညက ပွဲစဥ်မှာ အီတလီကို ( ၁-၀ ) နဲ့ အရေးနိမ့်ခဲ့ပြီး
နေရှင်းလိဂ်အုပ်စုအဆင့်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တာကြောင့် နည်းပြ ဂါရတ် ဆောက်
ဂိတ်အတွက်ကတော့ အရှက်ရစရာဖြစ်ခဲ့ပါတယ်။ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံး ပြင်ဆင်
ခွင့်ရတဲ့ကာလမှာ ယခုလို ရလာဒ်ဆိုး ၊ ကစားပုံဆိုးတွေနဲ့ ကြုံတွေ့နေရတာ အင်္ဂလန်အတွက်
အကောင်းဆုံး အခြေအနေ မဟုတ်ပါဘူး။ယခုလို အင်္ဂလန်အသင်း ရလာဒ်ဆိုးရွားနေမှုကနေ
ယူနိုက်တက် ကစားသမား ( ၂ ) ဦးကတော့ အကျိုးအမြတ် ရခဲ့ပါတယ်။ဂျေဒန် ဆန်ချို နှင့်
မားကတ် ရက်ဖို့ဒ်တို့ဟာ လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းကနေ ချန်လှပ်ထားခြင်း ခံခဲ့ရ
ပါတယ်။ ရက်ဖို့ဒ်ကတော့ ဒဏ်ရာကြောင့်လို သိရပါတယ်။ ယခုလို ဆိုးရွားတဲ့ အခြေအနေမှာ
သူတို့ ( ၂ ) ဦးစလုံး ကိုယ်တိုင်ပါဝင်တာထက် ဘေးကနေ ထိုင်ကြည့်ခွင့်ရခဲ့တာက ပိုကောင်း
ပါတယ်။လက်ရှိ အခွင့်အရေးရနေငသူတွေအားလုံး အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး ။ အင်္ဂလန်
အသင်းဟာ လက်ရှိ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ကစားကွက်ကနေ သွင်းဂိုးတစ်ဂိုးမျှ ရယူနိုင်ခဲ့ခြင်း
မရှိပါဘူး။ဆောက်ဂိတ်အနေနဲ့ ဖိအားတွေအောက် ရောက်နေပြီး သူ့ရဲ့ ကစားသမားရွေးချယ်မှု
ကို ပြန်လည်သုံးသပ်လာပါလိမ့်မယ်။ ဒါကြောင့် ဂျေဒန် ဆန်ချို နှင့် မားကတ် ရက်ဖို့ဒ်တို့ဟာ
ကမ္ဘာ့ဖလားမှာ  ပြန်လည် ရွေးချယ်ခံရနိုင်ပါတယ်။