
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တင်ဟာ့ခ်အနေနဲ့ လာမယ့် တနင်္ဂနွေနေ့ မန်ချက်စတာ ဒါဘီမှာ
ခရစ္စတီယာနို ရော်နယ်ဒိုကို ကျော်လွန်ပြီး အန်သိုနီ အီလန်ဂါကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုဖို့
စဥ်းစားသင့်ပါတယ်။မားကတ် ရက်ဖို့ဒ် ရော အန်သိုနီ မာရှယ်ပါ အီတီဟတ်မှာ ကစားမယ့် ပွဲစဥ်အတွက်
ကြံ့ခိုင်မှု မပြည့်ဝနိုင်တာကြောင့် ဒတ်ချ်နည်းပြအနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်နေပါ
တယ်။ရက်ဖို့ဒ်ရော မာရှယ်ပါ ပါဝင်နိုင်ဖို့ မသေချာတော့ဘူးဆိုရင် စီးတီးအနေနဲ့ ယူနိုက်တက်က ရော်နယ်
ဒိုကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးပြုဖို့ မျှော်လင့်ထားမှာ သေချာပါတယ်။ဒါပေမယ့် တင်ဟာ့ခ်အနေ
နဲ့ အသက် ( ၃၇ ) နှစ်အရွယ် တိုက်စစ်မှူးအစား အီလန်ဂါကို အသုံးပြုသင့်တဲ့ အကြောင်းအရာတွေရှိနေ
ပါတယ်။ရော်နယ်ဒိုဟာ ရှရိဖ်နဲ့ ပွဲစဥ်မှာ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကစားသမားဘဝ တစ်
လျှောက် အခက်ခဲဆုံးကာလကို ရင်ဆိုင်နေရပါတယ်။မကြာသေးမီက ပေါ်တူဂီအသင်းမှာလည်း မိနစ်
( ၁၈၀ ) ပြည့်ကစားပြီး ကြံ့ခိုင်မှု ပိုကောင်းလာပေမယ့် မလွဲသင့်တဲ့ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့တာ
တွေ့ခဲ့ရပါတယ်။ရော်နယ်ဒိုက ကစားသမားဘဝတစ်လျှောက် အံ့မခန်းစွမ်းဆောင်ရည်တွေ ပြသထား
ပေမယ့် သူလည်း လူသားတစ်ဦးဖြစ်တာကြောင့် လက်ရှိမှာ ယုံကြည်မှု လျော့နည်းနေပုံရပါတယ်။ပေါ်
တူဂီအသင်းခေါင်းဆောင်ဟာ ဒီရာသီ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲတွေမှာ အရံခုံကနေပဲ စတင်
ခဲ့ရပါတယ်။ တင်ဟာ့ခ်က အာဆင်နယ် ၊ လီဗာပူးလ်နဲ့ ပွဲစဥ်တွေမှာ လျင်မြန်သွက်လက်တဲ့ တိုက်စစ်အ
တွဲအဖက်ကိုပဲ အသုံးပြုခဲ့ပါတယ်။အီတီဟတ်မှာ စီးတီးက ဘောလုံး ပိုင်ဆိုင်မှု အသာရဖို့ အလားအလာ
များပါတယ်။ တင်ဟာ့ခ်အနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းနဲ့ ပွဲစဥ်မှာ pressing ကစားဟန်ကို အ
သုံးပြုလိုပါက ရော်နယ်ဒိုထက် အီလန်ဂါကိုပဲ ရွေးချယ်သင့်ပါတယ်။သူက စီးတီးကို မမောမပန်း press
လုပ်နိုင်သလို ဘောလုံးရချိန်မှာလည်း channels တွေထဲ ပြေးလွှားနိုင်စွမ်းရှိပါတယ်။ နောက်ပြီး အီလန်
ဂါက ဆန်ချိုနဲ့လည်း နေရာလည်း ကစားနိုင်ပါသေးတယ်။ရက်ဖို့ဒ် ၊ မာရှယ် ဒဏ်ရာရနေချိန် ရော်နယ်ဒို
ကို အီလန်ဂါအတွက် အရံခုံပို့တာက သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတစ်ဦးအတွက်
နာကျင်စရာဖြစ်ပေမယ့် တင်ဟာ့ခ်က အသင်းကိုပဲ အမြဲတမ်း ဦးစားပေးလေ့ရှိကြောင်း ရှေ့မှာလည်း
သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ အဲရစ္ တင္ဟာ့ခ္အေနနဲ႔ လာမယ့္ တနဂၤေႏြေန႔ မန္ခ်က္စတာ ဒါဘီမွာ
ခရစၥတီယာႏို ေရာ္နယ္ဒိုကို ေက်ာ္လြန္ၿပီး အန္သိုနီ အီလန္ဂါကို ပြဲထြက္ကစားသမားအေနနဲ႔ အသုံးျပဳဖို႔
စဥ္းစားသင့္ပါတယ္။မားကတ္ ရက္ဖို႔ဒ္ ေရာ အန္သိုနီ မာရွယ္ပါ အီတီဟတ္မွာ ကစားမယ့္ ပြဲစဥ္အတြက္
ႀကံ့ခိုင္မႈ မျပည့္ဝႏိုင္တာေၾကာင့္ ဒတ္ခ်္နည္းျပအေနနဲ႔ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ လိုအပ္ေနပါ
တယ္။ရက္ဖို႔ဒ္ေရာ မာရွယ္ပါ ပါဝင္ႏိုင္ဖို႔ မေသခ်ာေတာ့ဘူးဆိုရင္ စီးတီးအေနနဲ႔ ယူႏိုက္တက္က ေရာ္နယ္
ဒိုကို ပြဲထြက္ကစားသမားအေနနဲ႔ အသုံးျပဳဖို႔ ေမွ်ာ္လင့္ထားမွာ ေသခ်ာပါတယ္။ဒါေပမယ့္ တင္ဟာ့ခ္အေန
နဲ႔ အသက္ ( ၃၇ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးအစား အီလန္ဂါကို အသုံးျပဳသင့္တဲ့ အေၾကာင္းအရာေတြရွိေန
ပါတယ္။ေရာ္နယ္ဒိုဟာ ရွရိဖ္နဲ႔ ပြဲစဥ္မွာ ပင္နယ္တီကေန ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ကစားသမားဘဝ တစ္
ေလွ်ာက္ အခက္ခဲဆုံးကာလကို ရင္ဆိုင္ေနရပါတယ္။မၾကာေသးမီက ေပၚတူဂီအသင္းမွာလည္း မိနစ္
( ၁၈၀ ) ျပည့္ကစားၿပီး ႀကံ့ခိုင္မႈ ပိုေကာင္းလာေပမယ့္ မလြဲသင့္တဲ့ အပိုင္အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့တာ
ေတြ႕ခဲ့ရပါတယ္။ေရာ္နယ္ဒိုက ကစားသမားဘဝတစ္ေလွ်ာက္ အံ့မခန္းစြမ္းေဆာင္ရည္ေတြ ျပသထား
ေပမယ့္ သူလည္း လူသားတစ္ဦးျဖစ္တာေၾကာင့္ လက္ရွိမွာ ယုံၾကည္မႈ ေလ်ာ့နည္းေနပုံရပါတယ္။ေပၚ
တူဂီအသင္းေခါင္းေဆာင္ဟာ ဒီရာသီ ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ ႏိုင္ပြဲေတြမွာ အရံခုံကေနပဲ စတင္
ခဲ့ရပါတယ္။ တင္ဟာ့ခ္က အာဆင္နယ္ ၊ လီဗာပူးလ္နဲ႔ ပြဲစဥ္ေတြမွာ လ်င္ျမန္သြက္လက္တဲ့ တိုက္စစ္အ
တြဲအဖက္ကိုပဲ အသုံးျပဳခဲ့ပါတယ္။အီတီဟတ္မွာ စီးတီးက ေဘာလုံး ပိုင္ဆိုင္မႈ အသာရဖို႔ အလားအလာ
မ်ားပါတယ္။ တင္ဟာ့ခ္အေနနဲ႔ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းနဲ႔ ပြဲစဥ္မွာ pressing ကစားဟန္ကို အ
သုံးျပဳလိုပါက ေရာ္နယ္ဒိုထက္ အီလန္ဂါကိုပဲ ေ႐ြးခ်ယ္သင့္ပါတယ္။သူက စီးတီးကို မေမာမပန္း press
လုပ္ႏိုင္သလို ေဘာလုံးရခ်ိန္မွာလည္း channels ေတြထဲ ေျပးလႊားႏိုင္စြမ္းရွိပါတယ္။ ေနာက္ၿပီး အီလန္
ဂါက ဆန္ခ်ိဳနဲ႔လည္း ေနရာလည္း ကစားႏိုင္ပါေသးတယ္။ရက္ဖို႔ဒ္ ၊ မာရွယ္ ဒဏ္ရာရေနခ်ိန္ ေရာ္နယ္ဒို
ကို အီလန္ဂါအတြက္ အရံခုံပို႔တာက သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမားတစ္ဦးအတြက္
နာက်င္စရာျဖစ္ေပမယ့္ တင္ဟာ့ခ္က အသင္းကိုပဲ အၿမဲတမ္း ဦးစားေပးေလ့ရွိေၾကာင္း ေရွ႕မွာလည္း
သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။