ယူရိုပါလိဂ်အိမ်ကွင်းဂိုးပြတ်အရှုံးနဲ့ကြုံလိုက်ရတဲ့ ရန်းနစ်ရဲ့လက်ရှိကလပ်လိုကိုမိုးတစ်

မန်ယူအသင်းရဲ့ယာယီနည်းပြသစ်ဖြစ်လာမယ့် ရက်ဖ်ရန်းနစ်ရဲ့လက်ရှိကလပ်ဖြစ်တဲ့ လိုကိုမိုးတစ်ဟာ ယူရိုပါလိဂ်မှာ အိမ်ကွင်းဂိုးပြတ်အရှုံးနဲ့ကြုံတွေ့လိုက်ရပါတယ်။

ဒါပေမဲ့ ရန်းနစ်ဟာ လိုကိုမိုးတစ်မှာ နည်းပြတာဝန်ယူထားတာမဟုတ်ဘဲ အသင်းရဲ့ဘောလုံးဒါရိုက်တာသဘောမျိုးဖြစ်တဲ့ အားကစားနဲ့ဖွံ့ဖြိုးမှုမန်နေဂျာတာဝန်ယူထားတာပါ။

သူဟာ အဲဒီရာထူးအတွက် ပြီးခဲ့တဲ့ဇူလိုင်ကမှ လိုကိုမိုးတစ်နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

ရုရှားကလပ်လိုကိုမိုးတစ်ဟာ ပြီးခဲ့တဲ့ကြာသပတေးည ယူရိုပါလိဂ်ပွဲစဉ်မှာ လာဇီယိုကို အိမ်ကွင်း ၃ ဂိုးပြတ်နဲ့ရှုံးခဲ့တာဖြစ်ပြီး အင်မိုဘိုင်းက ၂ ဂိုး၊ ချဲလ်ဆီးတောင်ပံကစားသမားဟောင်းပတ်ဒရိုက ၁ ဂိုးသွင်းခဲ့တာပါ။

၆ လစာချုပ်ကို သဘောတူညီခဲ့ပြီးနောက် ရန်းနစ်ဟာ ရာသီကုန်အထိ မန်ယူရဲ့ယာယီနည်းပြဖြစ်လာတော့မှာပါ။

၆၃ နှစ်အရွယ် အဲဒီဂျာမန်သားနည်းပြဟာ ဆိုးလ်ရှားရဲ့နေရာအစားဝင်လာတာလည်း ဖြစ်ပါတယ်။

ဗန်ဂေါလ်နဲ့မော်ရင်ဟိုတို့ကို မခန့်အပ်ခဲ့ခင်ကတည်းက ရန်းနစ်ဟာ မန်ယူနဲ့စကားပြောဖူးပြီး အသင်းတာဝန်ရှိသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိထားတာပါ။

၂၀၁၉ ဒီဇင်ဘာက အန်စလော့တီကို မခန့်အပ်ခင် ရန်းနစ်ဟာ အဲဗာတန်အလုပ်အတွက် အင်တာဗျူးခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ အဲဒီရှော်ကေးနဲ့လစ်ပ်ဇစ်နည်းပြဟောင်းဟာ သူ့နည်းပြဘဝမှာ အဓိကဆုဖလား ၁ ကြိမ်သာရဖူးပြီး ၂၀၁၁ ပိုကယ်ဖလားမှာ ရှော်ကေးနဲ့ဗိုလ်စွဲခဲ့တာပါ။

ဒါကြောင့် ယူနိုက်တက်အလုပ်နဲ့ သူ့သင့်တော်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာပါတယ်။

ဒါပေမဲ့လည်း ရန်းနစ်ဟာ ဘောလုံးဒသနပိုင်းမှာ ပရီးမီးယားလိဂ်ရဲ့အောင်မြင်တဲ့ဂျာမန်သားနည်းပြတွေဖြစ်ကြတဲ့ ကလော့ပ်နဲ့ တူချယ်တို့ရဲ့လက်ဦးဆရာဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း ရာသီကြားဖြတ်မှာ ပိုချက်တီနိုကို မခေါ်နိုင်တဲ့ မန်ယူဟာ ယာယီအတွက် ရန်းနစ်က အသင့်တော်ဆုံးသူလို့ ယုံကြည်နေတာပါ။

zawgyi

ယူ႐ိုပါလိဂ္အိမ္ကြင္းဂိုးျပတ္အရႈံးနဲ႔ႀကဳံလိုက္ရတဲ့ ရန္းနစ္ရဲ႕လက္ရွိကလပ္လိုကိုမိုးတစ္

မန္ယူအသင္းရဲ႕ယာယီနည္းျပသစ္ျဖစ္လာမယ့္ ရက္ဖ္ရန္းနစ္ရဲ႕လက္ရွိကလပ္ျဖစ္တဲ့ လိုကိုမိုးတစ္ဟာ ယူ႐ိုပါလိဂ္မွာ အိမ္ကြင္းဂိုးျပတ္အရႈံးနဲ႔ႀကဳံေတြ႕လိုက္ရပါတယ္။

ဒါေပမဲ့ ရန္းနစ္ဟာ လိုကိုမိုးတစ္မွာ နည္းျပတာဝန္ယူထားတာမဟုတ္ဘဲ အသင္းရဲ႕ေဘာလုံးဒါ႐ိုက္တာသေဘာမ်ိဳးျဖစ္တဲ့ အားကစားနဲ႔ဖြံ႕ၿဖိဳးမႈမန္ေနဂ်ာတာဝန္ယူထားတာပါ။

သူဟာ အဲဒီရာထူးအတြက္ ၿပီးခဲ့တဲ့ဇူလိုင္ကမွ လိုကိုမိုးတစ္နဲ႔ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။

႐ုရွားကလပ္လိုကိုမိုးတစ္ဟာ ၿပီးခဲ့တဲ့ၾကာသပေတးည ယူ႐ိုပါလိဂ္ပြဲစဥ္မွာ လာဇီယိုကို အိမ္ကြင္း ၃ ဂိုးျပတ္နဲ႔ရႈံးခဲ့တာျဖစ္ၿပီး အင္မိုဘိုင္းက ၂ ဂိုး၊ ခ်ဲလ္ဆီးေတာင္ပံကစားသမားေဟာင္းပတ္ဒ႐ိုက ၁ ဂိုးသြင္းခဲ့တာပါ။

၆ လစာခ်ဳပ္ကို သေဘာတူညီခဲ့ၿပီးေနာက္ ရန္းနစ္ဟာ ရာသီကုန္အထိ မန္ယူရဲ႕ယာယီနည္းျပျဖစ္လာေတာ့မွာပါ။

၆၃ ႏွစ္အ႐ြယ္ အဲဒီဂ်ာမန္သားနည္းျပဟာ ဆိုးလ္ရွားရဲ႕ေနရာအစားဝင္လာတာလည္း ျဖစ္ပါတယ္။

ဗန္ေဂါလ္နဲ႔ေမာ္ရင္ဟိုတို႔ကို မခန႔္အပ္ခဲ့ခင္ကတည္းက ရန္းနစ္ဟာ မန္ယူနဲ႔စကားေျပာဖူးၿပီး အသင္းတာဝန္ရွိသူေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိထားတာပါ။

၂၀၁၉ ဒီဇင္ဘာက အန္စေလာ့တီကို မခန႔္အပ္ခင္ ရန္းနစ္ဟာ အဲဗာတန္အလုပ္အတြက္ အင္တာဗ်ဴးခံခဲ့ရပါေသးတယ္။

ဒါေပမဲ့ အဲဒီေရွာ္ေကးနဲ႔လစ္ပ္ဇစ္နည္းျပေဟာင္းဟာ သူ႔နည္းျပဘဝမွာ အဓိကဆုဖလား ၁ ႀကိမ္သာရဖူးၿပီး ၂၀၁၁ ပိုကယ္ဖလားမွာ ေရွာ္ေကးနဲ႔ဗိုလ္စြဲခဲ့တာပါ။

ဒါေၾကာင့္ ယူႏိုက္တက္အလုပ္နဲ႔ သူ႔သင့္ေတာ္ပါ့မလားဆိုတဲ့ ေမးခြန္းထုတ္မႈေတြလည္း ရွိလာပါတယ္။ ဒါေပမဲ့လည္း ရန္းနစ္ဟာ ေဘာလုံးဒသနပိုင္းမွာ ပရီးမီးယားလိဂ္ရဲ႕ေအာင္ျမင္တဲ့ဂ်ာမန္သားနည္းျပေတြျဖစ္ၾကတဲ့ ကေလာ့ပ္နဲ႔ တူခ်ယ္တို႔ရဲ႕လက္ဦးဆရာျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္လည္း ရာသီၾကားျဖတ္မွာ ပိုခ်က္တီႏိုကို မေခၚႏိုင္တဲ့ မန္ယူဟာ ယာယီအတြက္ ရန္းနစ္က အသင့္ေတာ္ဆုံးသူလု႔ိ ယုံၾကည္ေနတာပါ။

The post ယူရိုပါလိဂ်အိမ်ကွင်းဂိုးပြတ်အရှုံးနဲ့ကြုံလိုက်ရတဲ့ ရန်းနစ်ရဲ့လက်ရှိကလပ်လိုကိုမိုးတစ် appeared first on .