
ယူရိုပါလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲအခမ်းအနားပြုလုပ်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်အသင်းဟာ
ဒီပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံးအဖြစ်ရပ်တည်နေတဲ့ လာလီဂါနာမည်ကျော် ဆီဗီလာနဲ့ ထိပ်တိုက်ဆုံ
တွေ့ရမှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်ကနေ အခု ကွာတားဖိုင်နယ်အထိစပိန်က
လပ်တွေနဲ့ တောက်လျှောက်ရင်ဆိုင်ခဲ့ရပြီး အုပ်စုတွင်းမှာ ဆိုစီဒက်၊ရှုံးထွက် Play off အဆင့်မှာ ဘာစီလို
နာ၊ ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာဘက်တစ်နဲ့ အခု ကွာတားဖိုင်နယ်မှာ ဆီဗီလာနဲ့ ဆုံတွေ့နေပါ
တယ်။ဒီရာသီယူရိုပါလိဂ်မှာ စပိန်ကလပ်တွေနဲ့ စုစုပေါင်း(၆)ပွဲကစားခဲ့တာမှာယူနိုက်တက်တို့ အုပ်စုတွင်း
တုန်းက ဆိုစီဒက်ကို အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့ရှုံးခဲ့တာကလွဲလို့ (၄)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပါတယ်။ ယူနိုက်
တက်အသင်းဟာယူရိုပါလိဂ်မှာ ခြေစွမ်းကောင်းပြသနေပေမယ့် ၂၀၁၇ နောက်ပိုင်း ချန်ပီယံလိဂ်နဲ့ယူရိုပါ
လိဂ်ရှုံးထွက်အဆင့်တွေမှာ စပိန်ကလပ်တွေကို ရှုံးနိမ့်ပြီးပြိုင်ပွဲက ထွက်ခဲ့ရတဲ့မှတ်တမ်းဆိုးရှိနေတာ
ကြောင့် အခု ဆီဗီလာနဲ့ပွဲအတွက်စိုးရိမ်စရာဖြစ်နေပါပြီ။ ယူရိုပါလိဂ်(UEFA)ဖလားကို စံချိန်တင်(၆)ကြိမ်
အထိရယူခဲ့တဲ့ ဆီဗီလာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲက သူတို့အတွက်သီးသန့်ရည်ရွယ်ပြီး ဖန်တီးထား
သလားလို့တောင် ထင်ရတဲ့အထိဒီဖလားနဲ့ကံစပ်နေပါတယ်။ ထူးခြားချက်တစ်ခုကလည်း ဆီဗီလာတို့
ပြိုင်ပွဲသမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်ရောက်ခဲ့တဲ့(၆)ကြိမ်မှာဘယ်တော့မှမရှုံးဘဲ အကြိမ်တိုင်း
ဗိုလ်စွဲတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ယူနိုက်တက်အတွက် ပိုပြီးစိုးရိမ်စရာကောင်းတာက ဥရောပ
ပြိုင်ပွဲတွေမှာဆီဗီလာနဲ့ (၃)ကြိမ်ဆုံတွေ့ခဲ့ပြီး (၁)ပွဲမှ မနိုင်ခဲ့ပါဘူး။ နာမည်ကျော်နည်းပြဟောင်းမော်ရင်
ဟိုလက်ထက် ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက ဆီဗီလာကို အဝေးကွင်း
မှာ ဂိုးမရှိသရေ၊ အိမ်ကွင်းမှာ(၂-၁)ဂိုးနဲ့ရှုံးပြီး ၂၀၁၉-၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမှာလည်း (၂-၁)ဂိုးနဲ့
ထပ်ရှုံးခဲ့ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်အသင်းအတွက်ရလဒ်ကောင်းတွေရယူပေးနေသူ နည်းပြအဲ
ရစ်တန်ဟက်တစ်ယောက်မော်ရင်ဟို၊ ဆိုးလ်ရှားတို့ လက်မြှောက်အရှုံးပေးခဲ့ရတဲ့ ဆီဗီလာကိုသူ့လက်
ထက်မှာ ကျော်ဖြတ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။တခြားပွဲတွေမှာတော့ စီးရီးအေထိပ်သီးဂျူ
ဗင်တပ်စ်အသင်းဟာရှုံးထွက်(၁၆)သင်းအဆင့်မှာ အာဆင်နယ်ကို ဖြုတ်ချခဲ့တဲ့စပို့တင်းလစ္စဘွန်းနဲ့ ဆုံ
တွေ့နေပြီး ဖီယင်နုနဲ့ ရိုးမား၊လေဗာကူဆင်နဲ့ Union Saint-Gilloise တို့ ရင်ဆိုင်ကြမှာဖြစ်ပါတယ်။
ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အတြက္ မဲခြဲပြဲအခမ္းအနားျပဳလုပ္ခဲ့ၿပီးမန္ခ်က္စတာယူႏိုက္တက္အသင္းဟာ
ဒီၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ လာလီဂါနာမည္ေက်ာ္ ဆီဗီလာနဲ႔ ထိပ္တိုက္ဆုံ
ေတြ႕ရမွာျဖစ္ပါတယ္။ယူႏိုက္တက္အသင္းဟာ အုပ္စုအဆင့္ကေန အခု ကြာတားဖိုင္နယ္အထိစပိန္က
လပ္ေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆိုင္ခဲ့ရၿပီး အုပ္စုတြင္းမွာ ဆိုစီဒက္၊ရႈံးထြက္ Play off အဆင့္မွာ ဘာစီလို
နာ၊ ၿပီးခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္မွာဘက္တစ္နဲ႔ အခု ကြာတားဖိုင္နယ္မွာ ဆီဗီလာနဲ႔ ဆုံေတြ႕ေနပါ
တယ္။ဒီရာသီယူ႐ိုပါလိဂ္မွာ စပိန္ကလပ္ေတြနဲ႔ စုစုေပါင္း(၆)ပြဲကစားခဲ့တာမွာယူႏိုက္တက္တို႔ အုပ္စုတြင္း
တုန္းက ဆိုစီဒက္ကို အိမ္ကြင္းမွာ (၁-ဝ)ဂိုးနဲ႔ရႈံးခဲ့တာကလြဲလို႔ (၄)ပြဲႏိုင္၊ (၁)ပြဲသေရက်ခဲ့ပါတယ္။ ယူႏိုက္
တက္အသင္းဟာယူ႐ိုပါလိဂ္မွာ ေျခစြမ္းေကာင္းျပသေနေပမယ့္ ၂၀၁၇ ေနာက္ပိုင္း ခ်န္ပီယံလိဂ္နဲ႔ယူ႐ိုပါ
လိဂ္ရႈံးထြက္အဆင့္ေတြမွာ စပိန္ကလပ္ေတြကို ရႈံးနိမ့္ၿပီးၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့မွတ္တမ္းဆိုးရွိေနတာ
ေၾကာင့္ အခု ဆီဗီလာနဲ႔ပြဲအတြက္စိုးရိမ္စရာျဖစ္ေနပါၿပီ။ ယူ႐ိုပါလိဂ္(UEFA)ဖလားကို စံခ်ိန္တင္(၆)ႀကိမ္
အထိရယူခဲ့တဲ့ ဆီဗီလာအသင္းဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲက သူတို႔အတြက္သီးသန႔္ရည္႐ြယ္ၿပီး ဖန္တီးထား
သလားလို႔ေတာင္ ထင္ရတဲ့အထိဒီဖလားနဲ႔ကံစပ္ေနပါတယ္။ ထူးျခားခ်က္တစ္ခုကလည္း ဆီဗီလာတို႔
ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ကြာတားဖိုင္နယ္ေရာက္ခဲ့တဲ့(၆)ႀကိမ္မွာဘယ္ေတာ့မွမရႈံးဘဲ အႀကိမ္တိုင္း
ဗိုလ္စြဲတဲ့အထိ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ယူႏိုက္တက္အတြက္ ပိုၿပီးစိုးရိမ္စရာေကာင္းတာက ဥေရာပ
ၿပိဳင္ပြဲေတြမွာဆီဗီလာနဲ႔ (၃)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး (၁)ပြဲမွ မႏိုင္ခဲ့ပါဘူး။ နာမည္ေက်ာ္နည္းျပေဟာင္းေမာ္ရင္
ဟိုလက္ထက္ ၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္တုန္းက ဆီဗီလာကို အေဝးကြင္း
မွာ ဂိုးမရွိသေရ၊ အိမ္ကြင္းမွာ(၂-၁)ဂိုးနဲ႔ရႈံးၿပီး ၂၀၁၉-၂၀ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲမွာလည္း (၂-၁)ဂိုးနဲ႔
ထပ္ရႈံးခဲ့ပါတယ္။ အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ရလဒ္ေကာင္းေတြရယူေပးေနသူ နည္းျပအဲ
ရစ္တန္ဟက္တစ္ေယာက္ေမာ္ရင္ဟို၊ ဆိုးလ္ရွားတို႔ လက္ေျမႇာက္အရႈံးေပးခဲ့ရတဲ့ ဆီဗီလာကိုသူ႔လက္
ထက္မွာ ေက်ာ္ျဖတ္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။တျခားပြဲေတြမွာေတာ့ စီးရီးေအထိပ္သီးဂ်ဴ
ဗင္တပ္စ္အသင္းဟာရႈံးထြက္(၁၆)သင္းအဆင့္မွာ အာဆင္နယ္ကို ျဖဳတ္ခ်ခဲ့တဲ့စပို႔တင္းလစၥဘြန္းနဲ႔ ဆုံ
ေတြ႕ေနၿပီး ဖီယင္ႏုနဲ႔ ႐ိုးမား၊ေလဗာကူဆင္နဲ႔ Union Saint-Gilloise တို႔ ရင္ဆိုင္ၾကမွာျဖစ္ပါတယ္။