
မန်ယူနည်းပြအဲရစ်တန်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပြိုင်ဘက်ဆီဗီလာနဲ့ပတ်သက်ပြီး သူ့အသင်းသား
တွေကို သတိပေးလိုက်ပါတယ်။အဲဒီစပိန်ကလပ်ဟာ ဒီရာသီပြည်တွင်းမှာ ရုန်းကန်နေရပြီး အဆင့် ၁၃
ဆိုပေမယ့် အဆင့် ၁၉ က အယ်မာရီးယားထက် ၃ မှတ်သာ ပိုသာတာပါ။ဒါပေမဲ့လည်း တန်ဟက်က
တော့ ယူရိုပါလိဂ်မှာ ဆီဗီလာရဲ့အစဉ်အလာကြီးမားခဲ့ပုံကို ထောက်ပြခဲ့ပါတယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်
ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ စံချိန်တင် ၆ ကြိမ်တိုင်ဗိုလ်စွဲခဲ့တာပါ။အဲဒါကြောင့်လည်း
တန်ဟက်က ”ဒုတိယအကျော့က အဝေးကွင်းမှာဖြစ်သလိုဆီဗီလာက ဒီပြိုင်ပွဲမှာ အရမ်းမှတ်တမ်း
ကောင်းတဲ့အသင်းဖြစ်လို့ကျွန်တော်တို့ သတိထားရမှာပါ။ ဒီပွဲက ခက်ခဲမှာပါ။ဘာကြောင့်လဲဆို သူတို့က
ယူရိုပါလိဂ်မှာ တကယ်ကိုအတွေ့အကြုံရင့်ပြီးအကြိမ်အများကြီးဗိုလ်စွဲခဲ့တာပါ။ သူတို့အသင်းအကြောင်း
ကိုအသေးစိတ်မသိလို့ ကျွန်တော်လည်း အာရုံစိုက်ရမှာပါ။ယူရိုပါလိဂ်ရဲ့ဒီအဆင့်ကိုရောက်လာတဲ့ ပြိုင်
ဘက်အားလုံးဟာတောင့်တင်းပြီး နောက်တစ်ဆင့်တက်ချင်ရင် ကိုယ့်ဘက်ကအကောင်းဆုံးကစားနိုင်မှ
ဖြစ်မှာလို့ ထင်ပါတယ်။ အထူးသဖြင့် ဆီဗီလာနဲ့ရင်ဆိုင်ချိန်မှာပေါ့”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ
တယ်။မန်ယူဟာ ပြီးခဲ့တဲ့အဆင့်မှာပဲ ဆီဗီလာရဲ့မြို့ခံပြိုင်ဘက်တစ်ကိုနှစ်ကျော့စလုံးအနိုင်ယူကျော်ဖြတ်
လာခဲ့တာပါ။ဒါပေမဲ့ ဆီဗီလာနဲ့ဥရောပအဆင့် အရင်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာတော့တစ်ခါမှ အနိုင်ရခဲ့ပါ
ဘူး။ ၂၀၂၀ ယူရိုပါလိဂ်ဆီမီးတုန်းက ဆီဗိလာနဲ့ရင်ဆိုင်တွေ့တော့ တစ်ကျော့တည်းကစားတဲ့ ဂျာမနီကပွဲ
မှာ ၂-၁ နဲ့ရှုံးပြီးဗိုလ်လုပွဲနဲ့လွဲခဲ့ရတယ်။ အဲဒီအရင် ၂၀၁၈ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာတွေ့တုန်းက
လည်း နှစ်ကျော့စလုံးမနိုင်ခဲ့ဘဲ ၂-၁ နဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
မန္ယူနည္းျပအဲရစ္တန္ဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ၿပိဳင္ဘက္ဆီဗီလာနဲ႔ပတ္သက္ၿပီး သူ႔အသင္းသား
ေတြကို သတိေပးလိုက္ပါတယ္။အဲဒီစပိန္ကလပ္ဟာ ဒီရာသီျပည္တြင္းမွာ ႐ုန္းကန္ေနရၿပီး အဆင့္ ၁၃
ဆိုေပမယ့္ အဆင့္ ၁၉ က အယ္မာရီးယားထက္ ၃ မွတ္သာ ပိုသာတာပါ။ဒါေပမဲ့လည္း တန္ဟက္က
ေတာ့ ယူ႐ိုပါလိဂ္မွာ ဆီဗီလာရဲ႕အစဥ္အလာႀကီးမားခဲ့ပုံကို ေထာက္ျပခဲ့ပါတယ္။ ဆီဗီလာဟာ ယူ႐ိုပါလိဂ္
ရဲ႕အေအာင္ျမင္ဆုံးအသင္းျဖစ္ၿပီး အဲဒီၿပိဳင္ပြဲမွာ စံခ်ိန္တင္ ၆ ႀကိမ္တိုင္ဗိုလ္စြဲခဲ့တာပါ။အဲဒါေၾကာင့္လည္း
တန္ဟက္က ”ဒုတိယအေက်ာ့က အေဝးကြင္းမွာျဖစ္သလိုဆီဗီလာက ဒီၿပိဳင္ပြဲမွာ အရမ္းမွတ္တမ္း
ေကာင္းတဲ့အသင္းျဖစ္လို႔ကြၽန္ေတာ္တို႔ သတိထားရမွာပါ။ ဒီပြဲက ခက္ခဲမွာပါ။ဘာေၾကာင့္လဲဆို သူတို႔က
ယူ႐ိုပါလိဂ္မွာ တကယ္ကိုအေတြ႕အႀကဳံရင့္ၿပီးအႀကိမ္အမ်ားႀကီးဗိုလ္စြဲခဲ့တာပါ။ သူတို႔အသင္းအေၾကာင္း
ကိုအေသးစိတ္မသိလို႔ ကြၽန္ေတာ္လည္း အာ႐ုံစိုက္ရမွာပါ။ယူ႐ိုပါလိဂ္ရဲ႕ဒီအဆင့္ကိုေရာက္လာတဲ့ ၿပိဳင္
ဘက္အားလုံးဟာေတာင့္တင္းၿပီး ေနာက္တစ္ဆင့္တက္ခ်င္ရင္ ကိုယ့္ဘက္ကအေကာင္းဆုံးကစားႏိုင္မွ
ျဖစ္မွာလို႔ ထင္ပါတယ္။ အထူးသျဖင့္ ဆီဗီလာနဲ႔ရင္ဆိုင္ခ်ိန္မွာေပါ့”လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါ
တယ္။မန္ယူဟာ ၿပီးခဲ့တဲ့အဆင့္မွာပဲ ဆီဗီလာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္တစ္ကိုႏွစ္ေက်ာ့စလုံးအႏိုင္ယူေက်ာ္ျဖတ္
လာခဲ့တာပါ။ဒါေပမဲ့ ဆီဗီလာနဲ႔ဥေရာပအဆင့္ အရင္ေတြ႕ဆုံမႈ ၃ ႀကိမ္စလုံးမွာေတာ့တစ္ခါမွ အႏိုင္ရခဲ့ပါ
ဘူး။ ၂၀၂၀ ယူ႐ိုပါလိဂ္ဆီမီးတုန္းက ဆီဗိလာနဲ႔ရင္ဆိုင္ေတြ႕ေတာ့ တစ္ေက်ာ့တည္းကစားတဲ့ ဂ်ာမနီကပြဲ
မွာ ၂-၁ နဲ႔ရႈံးၿပီးဗိုလ္လုပြဲနဲ႔လြဲခဲ့ရတယ္။ အဲဒီအရင္ ၂၀၁၈ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာေတြ႕တုန္းက
လည္း ႏွစ္ေက်ာ့စလုံးမႏိုင္ခဲ့ဘဲ ၂-၁ နဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတာပါ။