
နယ်သာလန်ကလပ်ဖီယင်နော့ဒ်အသင်းနည်းပြ အာနီစလော့က ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ရိုးမားနဲ့
ရင်ဆိုင်ရမှာက ခက်ခဲနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ကွန်ဖရင့်လိဂ်ဗိုလ်
လုပွဲမှာ ရင်ဆိုင်ခဲ့ဖူးပြီး ရိုးမားက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မကျေပွဲအ
ဖြစ် ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ထပ်မံတွေ့ဆုံပြီး ကစားရတော့မှာပါ။ ဒါပေမယ့် စလော့ကတော့
သူက ထူးခြားတဲ့ အသင်းတသင်းသင်းနဲ့ ရင်ဆိုင်ချင်ခဲ့တာလို့ မဲခွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ မန်ချက်စ
တာယူနိုက်တက်နဲ့ ရင်ဆိုင်ချင်တယ်လို့ သူက အလေးထားပြောဆိုခဲ့ပြီး ဒီလိုအသင်းမျိုးနဲ့ ကစားရတာက
ပိုမိုထူးခြားမှုရှိမယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။ စလော့က “ရိုးမားက အရမ်းကောင်းတဲ့ ပြိုင်ဘက်အ
သင်းတသင်းပါ၊ ပြီးတော့ ဒါက ကြီးမားတဲ့ ပြိုင်ဆိုင်မှုတိုက်ပွဲလည်းဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်
နော်က ဒီတကြိမ်မှာ အခြားအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ကို မျှော်လင့်ထားတာပါ၊ ကျနော့်အတွက် ထူးခြား
တဲ့ အသင်းတသင်းတသင်းနဲ့ ရင်ဆိုင်ရဖို့ပေါ့””မန်ချက်စတာယူနိုက်တက်က အရည်အသွေးအရရော၊
ဘဏ္ဍာရေးအရပါ သိသာထင်ရှားတဲ့အသင်းပါ၊ ဒါပေမယ့် ရိုးမားတောင်မှ လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်
ပါဘူး၊ ပြီးခဲ့တဲ့ရာသီ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲပြီးကတည်းက သူတို့လူစာရင်းက တောင့်တင်းခဲ့ပါတယ်၊ ဒီ
ဘာလာ၊ မာတစ်၊ ဝိုင်နယ်ဒမ်နဲ့ ဘယ်လော့တီတို့ ထပ်ရောက်လာခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ယူ
နိုက်တက်ကတော့ ကွာတားဖိုင်နယ်မှာ စပိန်အသင်းတသင်းဖြစ်တဲ့ ဆီဗီလာကို ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်
ရခဲ့မယ်ဆိုရင်တော့ ဂျူဗင်တပ်စ်ပွဲစဉ်က အနိုင်ရအသင်းနဲ့ ဆီမိးဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။ ဖီယင်
နော့ဒ်ကတော့ ရိုးမားကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် USG-လေဗာကူဆင်ပွဲက အနိုင်ရအသင်းနဲ့ ဆီမီးဖိုင်
နယ်မှာ ကစားရမှာပါ။
နယ္သာလန္ကလပ္ဖီယင္ေနာ့ဒ္အသင္းနည္းျပ အာနီစေလာ့က ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္မွာ ႐ိုးမားနဲ႔
ရင္ဆိုင္ရမွာက ခက္ခဲႏိုင္တယ္လို႔ေျပာဆိုခဲ့ပါတယ္။ သူတို႔ႏွစ္သင္းဟာ ၿပီးခဲ့တဲ့ရာသီ ကြန္ဖရင့္လိဂ္ဗိုလ္
လုပြဲမွာ ရင္ဆိုင္ခဲ့ဖူးၿပီး ႐ိုးမားက အႏိုင္ယူကာ ဗိုလ္စြဲသြားခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ မေက်ပြဲအ
ျဖစ္ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္မွာ ထပ္မံေတြ႕ဆုံၿပီး ကစားရေတာ့မွာပါ။ ဒါေပမယ့္ စေလာ့ကေတာ့
သူက ထူးျခားတဲ့ အသင္းတသင္းသင္းနဲ႔ ရင္ဆိုင္ခ်င္ခဲ့တာလို႔ မဲခြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ မန္ခ်က္စ
တာယူႏိုက္တက္နဲ႔ ရင္ဆိုင္ခ်င္တယ္လို႔ သူက အေလးထားေျပာဆိုခဲ့ၿပီး ဒီလိုအသင္းမ်ိဳးနဲ႔ ကစားရတာက
ပိုမိုထူးျခားမႈရွိမယ္လို႔ ဆိုခဲ့တာလည္းျဖစ္ပါတယ္။ စေလာ့က “႐ိုးမားက အရမ္းေကာင္းတဲ့ ၿပိဳင္ဘက္အ
သင္းတသင္းပါ၊ ၿပီးေတာ့ ဒါက ႀကီးမားတဲ့ ၿပိဳင္ဆိုင္မႈတိုက္ပြဲလည္းျဖစ္လာပါလိမ့္မယ္၊ ဒါေပမယ့္ ကြၽန္
ေနာ္က ဒီတႀကိမ္မွာ အျခားအသင္းေတြနဲ႔ ရင္ဆိုင္ရဖို႔ကို ေမွ်ာ္လင့္ထားတာပါ၊ က်ေနာ့္အတြက္ ထူးျခား
တဲ့ အသင္းတသင္းတသင္းနဲ႔ ရင္ဆိုင္ရဖို႔ေပါ့””မန္ခ်က္စတာယူႏိုက္တက္က အရည္အေသြးအရေရာ၊
ဘ႑ာေရးအရပါ သိသာထင္ရွားတဲ့အသင္းပါ၊ ဒါေပမယ့္ ႐ိုးမားေတာင္မွ လြယ္ကူတဲ့ ၿပိဳင္ဘက္မဟုတ္
ပါဘူး၊ ၿပီးခဲ့တဲ့ရာသီ ကြန္ဖရင့္လိဂ္ဗိုလ္လုပြဲၿပီးကတည္းက သူတို႔လူစာရင္းက ေတာင့္တင္းခဲ့ပါတယ္၊ ဒီ
ဘာလာ၊ မာတစ္၊ ဝိုင္နယ္ဒမ္နဲ႔ ဘယ္ေလာ့တီတို႔ ထပ္ေရာက္လာခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ယူ
ႏိုက္တက္ကေတာ့ ကြာတားဖိုင္နယ္မွာ စပိန္အသင္းတသင္းျဖစ္တဲ့ ဆီဗီလာကို ရင္ဆိုင္ရမွာျဖစ္ၿပီး အႏိုင္
ရခဲ့မယ္ဆိုရင္ေတာ့ ဂ်ဴဗင္တပ္စ္ပြဲစဥ္က အႏိုင္ရအသင္းနဲ႔ ဆီမိးဖိုင္နယ္ပြဲကစားရမွာျဖစ္ပါတယ္။ ဖီယင္
ေနာ့ဒ္ကေတာ့ ႐ိုးမားကို ေက်ာ္ျဖတ္ႏိုင္ခဲ့မယ္ဆိုရင္ USG-ေလဗာကူဆင္ပြဲက အႏိုင္ရအသင္းနဲ႔ ဆီမီးဖိုင္
နယ္မွာ ကစားရမွာပါ