ယူရိုပါလိဂ်ကိုနှုတ်ဆက်ခဲ့ရတဲ့အပြင် ပရီးမီးယားလိဂ်မှာပါ ကြီးမားတဲ့ထိုးနှက်ချက်ကြုံလာရတဲ့ အာဆင်နယ်

စပို့တင်းလစ္စဘွန်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာအာဆင်နယ်အသင်းနောက်ခံ

လူတွေဖြစ်တဲ့ ဆာလီဘာနဲ့ တိုမီယာဆုတို့ဒဏ်ရာအသီးသီးရရှိခဲ့ကြပါတယ်။ ပွဲအစ(၉)မိနစ်မှာပဲ တိုမီယာ

ဆုဟာပြိုင်ဘက်ကစားသမား ထရင်ကာအိုကို လျှောထိုးဖျက်ထုတ်ခဲ့တာကနေဒဏ်ရာရရှိခဲ့တာကြောင့်

ဘန်ဝှိုက်နဲ့ လူစားလဲခံခဲ့ရပါတယ်။အဲဒီနောက် (၁၂)မိနစ်လောက်အကြာမှာပဲ နောက်ခံလူ ဆာလီဘာဟာ

လည်းဒဏ်ရာရရှိသွားတဲ့အတွက်နည်းပြအာတီတာက ဟိုးလ်ဒင်းနဲ့ လူစားလဲခဲ့ပြီးပွဲအစမိနစ်(၂၀)အတွင်း

အဓိကနောက်ခံလူနှစ်ဦးကိုဆုံးရှုံးခဲ့ရတဲ့အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူး

မှာအာတီတာက “တိုမီယာဆုရဲ့ ဒဏ်ရာအနေအထားက ပြင်းထန်ပုံရပြီးအခုလောလောဆယ်မှာတော့

အတိအကျမပြောနိုင်သေးပါဘူး။ဆာလီဘာရဲ့ အခြေအနေကိုလည်း ကျွန်တော် မသိရသေးပါဘူး။သူက

ထိခိုက်ဒဏ်ရာရခဲ့ပြီး ပွဲဆက်ကစားဖို့ မဖြစ်နိုင်တာကြောင့်သူ့ကို ကျွန်တော်တို့ လူစားလဲခဲ့ရတာဖြစ်ပါ

တယ်”လို့ ပြောကြားခဲ့ပါတယ်။စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ချာကာရဲ့ ဂိုးနဲ့ဦးဆောင်

နိုင်ခဲ့ပေမယ့် (၆၂)မိနစ်မှာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူဂွန်ကယ်လ်ဗတ်စ်က ကွင်းလယ်တစ်ဝက်

လောက်ကနေ လှပတဲ့ကန်ချက်နဲ့ချေပဂိုးသွင်းယူခဲ့ပြီး အချိန်ပိုမိနစ်(၁၂၀)ပြည့်တဲ့အထိ အရှုံးအနိုင်အဖြေ

မပေါ်တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ပယ်နယ်တီမှာ စပို့တင်းလစ္စဘွန်းကစားသ

မား(၅)ဦးစလုံး ဂိုးဝင်အောင်သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းက တိုက်စစ်ကစားသမားမာတင်နယ်လီရဲ့

ကန်ချက်ကို ဂိုးသမားအက်ဒန် ကာကွယ်နိုင်တာကြောင့်စပို့တင်းလစ္စဘွန်းတို့ (၅-၃)ဂိုးနဲ့အနိုင်ရခဲ့ပါ

တယ်။ အာဆင်နယ်အသင်းဟာ၂၀၁၉ ခုနှစ်ကနေ ဒီရာသီအထိ အီမရိတ်စ်မှာကစားခဲ့တဲ့ ယူရိုပါလိဂ်

ရှုံးထွက်အဆင့်နောက်ဆုံး(၅)ပွဲမှာ အံ့အားသင့်စရာကောင်းအောင်(၁)ပွဲမှမနိုင်ဘဲ အိုလံပီယာကော့စ်ကို

(၂-၁)ဂိုး၊ (၁-ဝ)ဂိုးတွေနဲ့ ရှုံး၊ဆလားဗီးယားပရက်ဂ်နဲ့ (၁-၁)ဂိုး၊ ဗီလာရီးယဲလ်နဲ့ (ဝ-၀)ဂိုး၊အခု စပို့တင်း

လစ္စဘွန်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒီရာသီမှာ အာဆင်နယ်အတွက် နောက်ဆုံး

ဖလားမျှော်လင့်ချက်အဖြစ်ပရီးမီးယားလိဂ်သာ ကျန်ရှိတော့ပြီး ချန်ပီယံဖြစ်အောင် အသည်းအသန်ရုန်း

ရမယ့်အချိန်မှ အဓိကနောက်ခံလူနှစ်ဦး ဒဏ်ရာရခဲ့တာကြောင့်အာတီတာအတွက် ထိုးနှက်ချက်ဖြစ်လာ

ပါပြီ။

စပို႔တင္းလစၥဘြန္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးနိမ့္ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာအာဆင္နယ္အသင္းေနာက္ခံ

လူေတြျဖစ္တဲ့ ဆာလီဘာနဲ႔ တိုမီယာဆုတို႔ဒဏ္ရာအသီးသီးရရွိခဲ့ၾကပါတယ္။ ပြဲအစ(၉)မိနစ္မွာပဲ တိုမီယာ

ဆုဟာၿပိဳင္ဘက္ကစားသမား ထရင္ကာအိုကို ေလွ်ာထိုးဖ်က္ထုတ္ခဲ့တာကေနဒဏ္ရာရရွိခဲ့တာေၾကာင့္

ဘန္ဝႈိက္နဲ႔ လူစားလဲခံခဲ့ရပါတယ္။အဲဒီေနာက္ (၁၂)မိနစ္ေလာက္အၾကာမွာပဲ ေနာက္ခံလူ ဆာလီဘာဟာ

လည္းဒဏ္ရာရရွိသြားတဲ့အတြက္နည္းျပအာတီတာက ဟိုးလ္ဒင္းနဲ႔ လူစားလဲခဲ့ၿပီးပြဲအစမိနစ္(၂၀)အတြင္း

အဓိကေနာက္ခံလူႏွစ္ဦးကိုဆုံးရႈံးခဲ့ရတဲ့အတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ပါတယ္။ ပြဲအၿပီးအင္တာဗ်ဴး

မွာအာတီတာက “တိုမီယာဆုရဲ႕ ဒဏ္ရာအေနအထားက ျပင္းထန္ပုံရၿပီးအခုေလာေလာဆယ္မွာေတာ့

အတိအက်မေျပာႏိုင္ေသးပါဘူး။ဆာလီဘာရဲ႕ အေျခအေနကိုလည္း ကြၽန္ေတာ္ မသိရေသးပါဘူး။သူက

ထိခိုက္ဒဏ္ရာရခဲ့ၿပီး ပြဲဆက္ကစားဖို႔ မျဖစ္ႏိုင္တာေၾကာင့္သူ႔ကို ကြၽန္ေတာ္တို႔ လူစားလဲခဲ့ရတာျဖစ္ပါ

တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ အာဆင္နယ္အသင္းဟာ ခ်ာကာရဲ႕ ဂိုးနဲ႔ဦးေဆာင္

ႏိုင္ခဲ့ေပမယ့္ (၆၂)မိနစ္မွာ စပို႔တင္းလစၥဘြန္းကြင္းလယ္လူဂြန္ကယ္လ္ဗတ္စ္က ကြင္းလယ္တစ္ဝက္

ေလာက္ကေန လွပတဲ့ကန္ခ်က္နဲ႔ေခ်ပဂိုးသြင္းယူခဲ့ၿပီး အခ်ိန္ပိုမိနစ္(၁၂၀)ျပည့္တဲ့အထိ အရႈံးအႏိုင္အေျဖ

မေပၚတာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။ပယ္နယ္တီမွာ စပို႔တင္းလစၥဘြန္းကစားသ

မား(၅)ဦးစလုံး ဂိုးဝင္ေအာင္သြင္းယူခဲ့ၿပီး အာဆင္နယ္အသင္းက တိုက္စစ္ကစားသမားမာတင္နယ္လီရဲ႕

ကန္ခ်က္ကို ဂိုးသမားအက္ဒန္ ကာကြယ္ႏိုင္တာေၾကာင့္စပို႔တင္းလစၥဘြန္းတို႔ (၅-၃)ဂိုးနဲ႔အႏိုင္ရခဲ့ပါ

တယ္။ အာဆင္နယ္အသင္းဟာ၂၀၁၉ ခုႏွစ္ကေန ဒီရာသီအထိ အီမရိတ္စ္မွာကစားခဲ့တဲ့ ယူ႐ိုပါလိဂ္

ရႈံးထြက္အဆင့္ေနာက္ဆုံး(၅)ပြဲမွာ အံ့အားသင့္စရာေကာင္းေအာင္(၁)ပြဲမွမႏိုင္ဘဲ အိုလံပီယာေကာ့စ္ကို

(၂-၁)ဂိုး၊ (၁-ဝ)ဂိုးေတြနဲ႔ ရႈံး၊ဆလားဗီးယားပရက္ဂ္နဲ႔ (၁-၁)ဂိုး၊ ဗီလာရီးယဲလ္နဲ႔ (ဝ-၀)ဂိုး၊အခု စပို႔တင္း

လစၥဘြန္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ဒီရာသီမွာ အာဆင္နယ္အတြက္ ေနာက္ဆုံး

ဖလားေမွ်ာ္လင့္ခ်က္အျဖစ္ပရီးမီးယားလိဂ္သာ က်န္ရွိေတာ့ၿပီး ခ်န္ပီယံျဖစ္ေအာင္ အသည္းအသန္႐ုန္း

ရမယ့္အခ်ိန္မွ အဓိကေနာက္ခံလူႏွစ္ဦး ဒဏ္ရာရခဲ့တာေၾကာင့္အာတီတာအတြက္ ထိုးႏွက္ခ်က္ျဖစ္လာ

ပါၿပီ။