ယူရိုချန်ပီယံဖြစ်ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံနှင့်ခြေစမ်းပွဲအတွက် ဝက်ဆိုဒ်ဆာဗာကျတဲ့လက်မှတ်ရောင်းခဲ့ရတဲ့ အင်္ဂလန်
အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံအမေရိကန်နှင့်ကစားရမယ့်ဝင်ဘာ
လေကွင်းပွဲစဉ်မှာ၂၄နာရီမပြည့်မီတွင်ပင်အကုန်ရောင်းချနိုင်ခဲ့ပါတယ်။အင်္ဂလန်ဟာမကြာသေးမီ
တုန်းကမှယူရို၂၀၂၂ပူပူနွေးနွေးချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီးလာမယ့်အောက်တိုဘာလ၇ရက်နေ့တွင်
ဝင်ဘာလေကွင်းတွင်အမေရိကန်နှင့်ခြေစမ်းပွဲကစားသွားပါမယ်။အင်္ဂလန်ပရိသတ်များဟာကမ္ဘာ့
ဖလားချန်ပီယံအမေရိကန်နှင့်ရင်ဆိုင်ရမယ့်အင်္ဂလန်ရဲ့ပွဲစဉ်တွင်အသင်းကိုကိုယ်တိုင်ကိုယ်ကျသွား
းရောက်အားပေးရန်လက်မှတ်ဝယ်ယူရေးအတွက် အက်ဖ်အေရဲ့ဝက်ဘ်ဆိုက်သို့ဝင်ရောက်မှုများ
ပြားလွန်းမှုနဲ့အတူ ဝက်ဘ်ဆိုက်ဆာဗာကျခြင်းတို့ဖြစ်ခဲ့ပါတယ်။အချို့မှာလက်မှတ်ဝယ်ယူနိုင်ရေး
အတွက်အွန်လိုင်းပေါ်တွင်၈နာရီအထိရှိနေပြီးတိုက်ပွဲဝင်ခဲ့ရပါတယ်။အင်္ဂလန်အမျိုးသမီးလက်ရွေး
စင်အသင်းဟာတနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းတွင်ပရိသတ်၈၇၁၉၂ရှေ့တွင်ဂျာမနီကို၂-၁ဖြင့်
အနိုင်ယူကာယူရို၂၀၂၂ချန်ပီယံဖြစ်ခဲ့ပါတယ်။အဆိုပါပွဲစဉ်ကိုရုပ်သံမှ၁၇.၄သန်းအထိကြည့်ခဲ့ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းရဲ့အောင်မြင်မှုကအမျိုးသမီးစူပါလိဂ်ကိုလည်းရိုက်ခတ်လည်းလျက်ရှိ
ပြီးချဲလ်ဆီးအသင်းဟာအမျိုးသမီးအသင်းပွဲများအတွက်တစ်ရာသီစာလက်မှတ်အားလုံးအကုန်
ရောင်းချခဲ့ရပါတယ်။
ရောင်းချခဲ့ရပါတယ်။