ယူနိုက်တက် လူငယ်ကစားသမားတွေကို လက်တွေ့ကျကျသက်သေပြပေးမဲ့အကြောင်းတွေကိုပြောလာတဲ့ ဒီဂီယာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာက နောက်ရာ
သီမှာ သူ့အနေနဲ့ ယူနိုက်တက် လူငယ်ကစားသမားတွေကို စကားလုံးတွေနဲ့ အကြံဉာဏ်
ပေးတာထက်ပိုပြီး လက်တွေ့ ဥပမာတွေနဲ့ ကူညီပေးသွားမယ်လို့ ပြောဆိုလာပါတယ်။ ဒီဂီ
ယာဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို အမှတ်ပေးဇယားကနေ အများကြီးချော်မထွက်သွား
အောင် သူ့ရဲ့ ထိပ်တန်းလက်စွမ်းတွေနဲ့ကာကွယ်ပေးခဲ့တာကြောင့် အသင်းရှိ ကစားသမား
တွေရဲ့ အကောင်း‌ဆုံးကစားသမားဆုကို ရခဲ့ပါတယ်။ စပိန်ဂိုးသမားဟာ အခုဆိုရင် အိုးထ
ရက်ဖို့ဒ်မှာ ရောက်ရှိနေတာ ၁၁ နှစ် ရှိပြီ ဖြစ်ပြီးတော့၊ ဒီနွေရာသီမှာ ဖီးလ်ဂျုန်းစ်က ထွက်
ခွာသွားတော့မာ ဖြစ်တာကြောင့် ပထမအသင်းရဲ့ ကာလအရှည်ကြာဆုံး ကစားသမားဖြစ်
လာတော့မာ ဖြစ်ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ဖလား၊ယူရိုပါလိဂ်
ဖလား၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ ဒီဂီယာရဲ့ အခုလိုအတွေ့
အကြုံကောင်းတွေဟာ ဒီရာသီမှာ ပထမအသင်းကြီးကို ခြေလှမ်းစတင်နိုင်ခဲ့တဲ့ လူငယ်က
စားသမားတွေဖြစ်ကြတဲ့ အလက်ဂျန်ဒရို ဂါနာချို၊ ချာလီ ဆားဗေ့ဂ်ျနဲ့ ဟန်နီဗယ် မတ်ဂ်ျဘ
ရီတို့အတွက် အကူအညီဖြစ်စေမာ ဖြစ်ပါတယ်။ ထိုကစားသမားတွေနဲ့အတူ ဂျိန်းစ်ဂါနာဟာ
လည်း တန်ဟန့်ရဲ့ လက်အောက်မှာအခွင့်အရေးပိုရရှိလာဖို့ မျှော်လင့်ရပါတယ်။ ထို့အတွက်
ကြောင့် ဒီဂီယာက လူငယ်ကစားသမားတွေကို သူ့အနေနဲ့ ဘယ်လိုအကူအညီပေးသွားမ
လဲဆိုတာ အခုလိုပဲ ရှင်းပြလာပါတယ်။ “ အသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦး
အနေနဲ့ လူငယ်ကစားသမားတွေကို အကြံဉာဏ်တွေပေးဖို့ ကျွန်တော် ကြိုးစားသွားပါမယ်။
လူတိုင်းအတွက် စံပြနမူနာဖြစ်ဖို့အတွက် ထရိမ်နင်မှာကော ပွဲတွေမှာပါ ”“ ကျွန်တော့်အနေ
နဲ့ နေ့စဉ်နေ့တိုင်း ၁၀၀ ရာခိုင်နှုန်း ကြိုးစားအားထုတ်သွားပါမယ်။ အဲ့ဒါက လူငယ်ကစားသ
မားတွေကို စကားပြောပြီး အကြံဉာဏ်တွေပေးရုံသက်သက်ပဲ မဟုတ်ဘူးလို့ ကျွန်တော် ထင်
ပါတယ်။ အဲ့ဒါက ခင်ဗျားရဲ့ အလုပ် လုပ်ပုံတွေ၊ အသင်းမှာရှိတဲ့ လူတွေကို ခင်ဗျား ဆက်ဆံ
ပုံတွေ၊ ခင်ဗျား လေ့ကျင့်တဲ့နည်းလမ်းတွေနဲ့ ခင်ဗျား ကစားတဲ့ ပုံစံတွေ ဖြစ်ကြပါတယ်။ အဲ့
ဒါတွေက စကားလုံးတွေထက်ပိုပြီးတော့တောင် အရေးကြီးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။