ယူနိုက်တက် ကစားသမားဘဝမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ တဲလက်စ်ရဲ့ ကျေနပ်ပီတိ ခံစားချက်
မန်ယူအသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ
ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် နောက်ခံကစားသမား တဲလက်စ် ရဲ့ ချေပဂိုး နဲ့အတူ
အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ရော်နာလ်ဒိုရဲ့ နောက်ဆုံး မိနစ် အသည်းခွဲဂိုးကြောင့်
ပွဲအပြီးမှာ အနိုင် (၃) မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် (၆၀) မှာ ဂရင်းဝုဒ်ကြောင့်ရလာတဲ့ ပြစ်ဒဏ်ဘောကို ဖာနန်ဒက်စ်
အကွက်မြင်မြင် ဖြတ်တင်ပေးမှုကနေ အသင့်နေရာယူထားတဲ့ နောက်ခံလူ
တဲလက်စ်က အလှပဆုံး မြေမကျကန်သွင်းပြီး အဆုံးသတ် ပိတ်သွင်းနိုင်ခဲ့ပါတယ်။
လုခ်ရှော ဒဏ်ရာပြဿာနာကြောင့် မပါဝင်နိုင်လာတဲ့အတွက် အစားထိုး
ပွဲထွက်ခွင့်ရခဲ့တဲ့ တဲလက်စ်အတွက်တော့ အဆိုပါ ဂိုးဟာ မန်ယူကစားသမားဘဝ
ပထမဆုံး သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။
၎င်းရဲ့ သွင်းဂိုးကြောင့် ဖြစ်ပေါ်တာလာတဲ့ ပီတိ ၊ အသင်းရဲ့ အနိုင်ရလဒ်အတွက်
စိတ်ခံစားချက်တွေကို တဲလက်စ်က ပွဲအပြီးမှာ ဆိုရှယ်မီဒီယာကနေ တဆင့် ဝေမျှပေးခဲ့ပါတယ်။
” အခုအချိန်အထိ ကျွန်တော့်ရဲ့ ပျော်ရွှင်နေတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြပေးဖို့
လုံလောက်တဲ့ စကားလုံးရှာမတွေ့သေးဘူးဗျာ။ အိုးလ်ထရက်ဒ်ဖို့ကွင်းကြီးထဲက
ပရိသတ်တွေရှေ့မှောက်မှာ မန်ချက်စတာယူနိုက်တက်အတွက် ကျွန်တော့်ရဲ့
ပထမဆုံးသွင်းဂိုး ၊ ပြီးတော့ အံ့အားသင့်ဖွယ်ရာ ချန်ပီယံလိဂ် နိုင်ပွဲတစ်ပွဲ”
” ဘောလုံးဆိုတာ ဒါပဲဗျ။ နောက်ဆုံးအချိန် မဆုတ်မနစ် တိုက်ပွဲဝင်သွားရမယ်။
ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။
ရှေံဆက်ပြီးတော့လည်း အလုပ်ကြိုးစားသွားပါဦးမယ်” လို့ တဲလက်စ်က
၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။
zawgyi
mdiarymm
munitedfannewss