ယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းမတိုးဘူးဆိုရင် ရောင်းချခံရတော့မယ့် လင်ဂတ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူလင်ဂတ်ကို စာချုပ်သက်တမ်း

တိုးဖို့ကြိုးစားနေပေမယ့် လင်ဂတ်က ငြင်းဆန်ခဲ့ပြီး တကယ်လို့ အသင်းနဲ့စာချုပ်သစ်

မချုပ်တော့ဘူးဆိုရင်တော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကျရင်

လင်ဂတ်ကို ပေါင်(၁၅)သန်းနဲ့ရောင်းချဖို့စီစဉ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပုံမှန်ကစားခွင့်မရလို့ ဝက်စ်ဟမ်းအသင်းဆီအငှားနဲ့

သွားကစားခဲ့တဲ့လင်ဂတ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းဆီပြန်ရောက်

လာချိန်မှာလည်း ပွဲထွက်ကစားခွင့်ဆက်လက်ပျောက်ဆုံးနေပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ လင်ဂတ်ရဲ့လက်ရှိစာချုပ်က ဒီရာသီကုန်မှာ

သက်တမ်းပြည့်မှာဖြစ်တာကြောင့် ယူနိုက်တက်အသင်းက စာချုပ်သက်တမ်း

တိုးဖို့ကြိုးစားနေပြီး တစ်ပတ်ကို ပေါင်(၁၃၅,၀၀၀)တိုးမြှင့်ပေးပြီးတော့

စာချုပ်သစ်ချုပ်ဖို့ကမ်းလှမ်းထားတယ်လို့ ဗြိတိန်သတင်းစာ The Sun က

ဖော်ပြခဲ့ပါတယ်။ လင်ဂတ်ကလည်း ယူနိုက်တက်အသင်းမှာသာ

ဆက်ကစားဖို့ဆန္ဒရှိနေပေမယ့် ပုံမှန်ကစားခွင့်ပေးမှ စာချုပ်သစ်ချုပ်ဆိုမယ့်

အနေအထားရှိနေတဲ့အတွက် စာချုပ်ကိစ္စက ကြန့်ကြာနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လင်ဂတ်ကို ရာသီကုန်ကျရင် ပြောင်းရွှေ့ကြေးမရဘဲ

အလွတ်နဲ့အဆုံးရှုံးမခံလိုတာကြောင့် တကယ်လို့ လင်ဂတ်ဟာ အသင်းနဲ့

လမ်းခွဲဖို့ဆုံးဖြတ်ထားပြီဖြစ်တယ်ဆိုရင်တော့ ဇန်နဝါရီလကျရင် လျှော့ဈေးနဲ့

ရောင်းချသွားဖို့စီစဉ်နေတာပါ။

zawgyi

အသင္းနဲ႔စာခ်ဳပ္သက္တမ္းမတိုးဘူးဆိုရင္ လင္ဂတ္ကို ေရာင္းခ်မယ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကြင္းလယ္လူလင္ဂတ္ကို စာခ်ဳပ္သက္တမ္း

တိုးဖို႔ႀကိဳးစားေနေပမယ့္ လင္ဂတ္က ျငင္းဆန္ခဲ့ၿပီး တကယ္လို႔ အသင္းနဲ႔စာခ်ဳပ္သစ္

မခ်ဳပ္ေတာ့ဘူးဆိုရင္ေတာ့ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္က်ရင္

လင္ဂတ္ကို ေပါင္(၁၅)သန္းနဲ႔ေရာင္းခ်ဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ပုံမွန္ကစားခြင့္မရလို႔ ဝက္စ္ဟမ္းအသင္းဆီအငွားနဲ႔

သြားကစားခဲ့တဲ့လင္ဂတ္ဟာ ဒီရာသီ ယူႏိုက္တက္အသင္းဆီျပန္ေရာက္

လာခ်ိန္မွာလည္း ပြဲထြက္ကစားခြင့္ဆက္လက္ေပ်ာက္ဆုံးေနပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ လင္ဂတ္ရဲ႕လက္ရွိစာခ်ဳပ္က ဒီရာသီကုန္မွာ

သက္တမ္းျပည့္မွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းက စာခ်ဳပ္သက္တမ္း

တိုးဖို႔ႀကိဳးစားေနၿပီး တစ္ပတ္ကို ေပါင္(၁၃၅,၀၀၀)တိုးျမႇင့္ေပးၿပီးေတာ့

စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ကမ္းလွမ္းထားတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က

ေဖာ္ျပခဲ့ပါတယ္။ လင္ဂတ္ကလည္း ယူႏိုက္တက္အသင္းမွာသာ

ဆက္ကစားဖို႔ဆႏၵရွိေနေပမယ့္ ပုံမွန္ကစားခြင့္ေပးမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္

အေနအထားရွိေနတဲ့အတြက္ စာခ်ဳပ္ကိစၥက ၾကန႔္ၾကာေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ လင္ဂတ္ကို ရာသီကုန္က်ရင္ ေျပာင္းေ႐ႊ႕ေၾကးမရဘဲ

အလြတ္နဲ႔အဆုံးရႈံးမခံလိုတာေၾကာင့္ တကယ္လို႔ လင္ဂတ္ဟာ အသင္းနဲ႔

လမ္းခြဲဖို႔ဆုံးျဖတ္ထားၿပီျဖစ္တယ္ဆိုရင္ေတာ့ ဇန္နဝါရီလက်ရင္ ေလွ်ာ့ေဈးနဲ႔

ေရာင္းခ်သြားဖို႔စီစဥ္ေနတာပါ။

mdiarymm

munitedfannewss