ယူနိုက်တက်အပါအဝင် ထိပ်သီးအသင်းတွေ ဆွဲစားချင်နေကြတဲ့ PSG မှာမပျော်မရွှင်ဖြစ်နေတဲ့ကောင်လေး

မန်ချက်စတာယူနိုက်တက်အသင်းဟာ PSG အသင်းဂိုးသမားဒွန်နာရမ်မာရဲ့အနေအထားနဲ့

ပတ်သက်လို့ စောင့်ကြည့်နေပြီး ဒွန်နာရမ်မာဟာ နွေရာသီအပြောင်းအရွှေ့ကမှ

အေစီမီလန်အသင်းဆီကနေ PSG အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်

ပုံမှန်ကစားခွင့်မရလို့ မပျော်မရွှင်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ

အီတလီအသင်းချန်ပီယံဆုဖလားကိုင်မြှောက်နိုင်အောင် အဓိကစွမ်းဆောင်ခဲ့သူ

ဒွန်နာရမ်မာဟာ ၂၀၂၀-၂၁ ရာသီကုန်မှာ အေစီမီလန်အသင်းနဲ့စာချုပ်သက်တမ်

းပြည့်ခဲ့တာကြောင့် PSG အသင်းဆီအလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နည်းပြပိုချက်တီနိုက

နာဗတ်စ်ကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေတဲ့အတွက် ဒွန်နာရမ်မာတစ်ယောက်

ပုံမှန်ကစားခွင့်မရသေးဘဲ ပြိုင်ပွဲစုံမှာ(၂)ပွဲသာကစားထားရသေးပါတယ်။

အဲဒါကြောင့် ဒွန်နာရမ်မာက လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေတာဖြစ်ပြီး

ယူနိုက်တက်အသင်းက ဒွန်နာရမ်မာကို ခေါ်ယူနိုင်ဖို့အတွက် PSG အသင်းနဲ့

ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်တယ်လို့ The Hard Tackle

ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ

ဂိုးသမားတွေအဖြစ် ဒီဂီယာနဲ့ ဟန်ဒါဆင်တို့နှစ်ယောက်ရှိနေတာကြောင့်

ဒွန်နာရမ်မာကိုခေါ်ယူမယ်ဆိုရင် ဒီကစားသမားနှစ်ယောက်ထဲကတစ်ဦးကို

ရောင်းချရမယ့်အနေအထားရှိနေပါပြီ။ ဒွန်နာရမ်မာကို ခေါ်ယူဖို့အတွက်

ယူနိုက်တက်တစ်သင်းတည်းသာမဟုတ်ဘဲ တခြားထိပ်သီးအသင်းတွေဖြစ်တဲ့

ချယ်လ်ဆီး၊ ဘာစီလိုနာအသင်းကတို့ကလည်း စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

Zawgi,,



















munitedfannewss