
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ မိုက်ကယ် ကာရစ်ဟာ အရမ်း
ကောင်းခဲ့ပေမယ့် ထိုက်သင့်သလောက် ချီးကျုးမခံခဲ့ရဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်
တယ်လို့ မန်ယူအသင်းရဲ့ ပရိသတ်တွေက ဆိုလာကြပါတယ်။ ကာရစ်ဟာ အိုးထရက်ဖို့ဒ်မှာ ၁၂
နှစ်ကြာ ကစားခဲ့ပြီးတော့ မန်ယူအသင်းရဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အစောပိုင်းကာလတစ်
လျှောက် အောင်မြင်မှုတွေမှာ အဓိကနေရာကနေ ပါဝင်ကူညီပေးခဲ့ပါတယ်။ ကာရစ်ဟာ ကွင်း
လယ်ပိုင်းမှာ ပေါလ်စခိုးလ်နဲ့ မကြာခဏဆိုသလို တွဲဖက်ကစားရလေ့ရှိပြီး၊ နေရာလွတ်တွေကို
အသုံးချကာ သူ့ရဲ့ အားသာချက်စွမ်းရည်နဲ့ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။ ကာရစ်ဟာ ဘယ်
အချိန်မှာ သူ့ရဲ့ လှုပ်ရှားမှု လုပ်ရမလဲဆိုတာကိုသိပြီးတော့၊ ထိုအရာက မန်ယူအသင်းကို လွှမ်း
မိုးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ကာရစ်ဟာ ပရီးမီးယားလိဂ်ဖလား ငါးလုံးနဲ့ ချန်ပီယံလိဂ်ဖ
လားတို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း၊ သူ့ရဲ့ နိုင်ငံ အင်္ဂလန်အသင်းအတွက်တော့ ပွဲထွက်ကစား
ခွင့် ၃၄ ကြိမ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကာရစ်ရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားတတ်တဲ့ပုံစံ
ကိုလည်း နည်းပြအတော်များများကလစ်လျူရှုခဲ့ကြပါတယ်။ အခုချိန်မှာတော့ ကာရစ်ရဲ့ မန်
ယူအသင်းမှာ ကစားခဲ့စဥ်တုန်းက ပုံရိပ်တွေကို ပေါင်းစည်းတဲ့ ဗီဒီယိုတစ်ပုဒ်ဟာ ပရိသတ်တွေ
အကြား ပြန်လည်ပျံ့နှံ့လာခဲ့ပြီး အခုလိုပဲ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ “ သူဟာ ဆာ
ဂျီယို ဘုစကတ်စ်တို့နဲ့ တန်းတူချီးကျုးခံခဲ့ရသင့်တယ်၊ သူ့ကို ဘာကြောင့် အဲ့ဒီလို မချီးကျုးခဲ့
ကြလဲဆိုတာ ”“ မသိတော့ဘူး ” လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးက “ အခုချိန်မှာ မန်
ယူအသင်းအတွက် ဘယ်သူ့ကိုမဆို ကျွန်တော် ပြန်ခေါ်ပေးလို့ရနိုင်ရင်၊ သူ့ကိုပဲ ခေါ်ချင်တယ် ”
လို့ ဆိုပါတယ်။ အခြားတစ်ဦးကတော့ “ သူက ထိုက်သင့်သလောက်ချီးကျုးမခံခဲ့ရပါဘူး၊ အဲ့
ဒီအချိန်တုန်းကလည်း သူ့လို play maker မျိုးတွေက အသိအမှတ်ပြုမခံခဲ့ရဘူး ” လို့ရေးသား
ချီးကျုးခဲ့ပါတယ်။ ကာရစ်ကို နည်းပြကြီး ဖာဂူဆန်ဟာ ၂၀၀၆ ခုနှစ်မှာ စပါးအသင်းကနေ ခေါ်
ယူခဲ့တာဖြစ်ပြီးတော့၊ ကာရစ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း
၂၀၁၄ ခုနှစ်မှာ ချီးကျုးခဲ့ပါတယ်။ ကာရစ်ဟာ ကစားသမားဘဝကနေ အနားယူပြီးချိန်မှာ မန်
ယူအသင်းမှာပဲ နည်းပြ မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့လက်အောက်မှာ နည်းပြအဖြစ် ဆက်နေခဲ့
ပြီး၊ မန်ယူအသင်းကို ယာယီကိုင်တွယ်ခွင့်ရတဲ့ အချိန်မှာလည်း ရှုံးပွဲမကြုံတွေ့အောင် စွမ်း
ဆောင်ပြနိုင်ခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သူ မိုက္ကယ္ ကာရစ္ဟာ အရမ္း
ေကာင္းခဲ့ေပမယ့္ ထိုက္သင့္သေလာက္ ခ်ီးက်ဳးမခံခဲ့ရဆုံး ကြင္းလယ္ကစားသမားတစ္ဦးျဖစ္
တယ္လို႔ မန္ယူအသင္းရဲ႕ ပရိသတ္ေတြက ဆိုလာၾကပါတယ္။ ကာရစ္ဟာ အိုးထရက္ဖို႔ဒ္မွာ ၁၂
ႏွစ္ၾကာ ကစားခဲ့ၿပီးေတာ့ မန္ယူအသင္းရဲ႕ ၂၀၀၀ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အေစာပိုင္းကာလတစ္
ေလွ်ာက္ ေအာင္ျမင္မႈေတြမွာ အဓိကေနရာကေန ပါဝင္ကူညီေပးခဲ့ပါတယ္။ ကာရစ္ဟာ ကြင္း
လယ္ပိုင္းမွာ ေပါလ္စခိုးလ္နဲ႔ မၾကာခဏဆိုသလို တြဲဖက္ကစားရေလ့ရွိၿပီး၊ ေနရာလြတ္ေတြကို
အသုံးခ်ကာ သူ႔ရဲ႕ အားသာခ်က္စြမ္းရည္နဲ႔ ေအာင္ျမင္မႈ ရယူႏိုင္ခဲ့ပါတယ္။ ကာရစ္ဟာ ဘယ္
အခ်ိန္မွာ သူ႔ရဲ႕ လႈပ္ရွားမႈ လုပ္ရမလဲဆိုတာကိုသိၿပီးေတာ့၊ ထိုအရာက မန္ယူအသင္းကို လႊမ္း
မိုးႏိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။ ကာရစ္ဟာ ပရီးမီးယားလိဂ္ဖလား ငါးလုံးနဲ႔ ခ်န္ပီယံလိဂ္ဖ
လားတို႔ကို ရယူႏိုင္ခဲ့ေပမယ့္လည္း၊ သူ႔ရဲ႕ ႏိုင္ငံ အဂၤလန္အသင္းအတြက္ေတာ့ ပြဲထြက္ကစား
ခြင့္ ၃၄ ႀကိမ္သာ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ကာရစ္ရဲ႕ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားတတ္တဲ့ပုံစံ
ကိုလည္း နည္းျပအေတာ္မ်ားမ်ားကလစ္လ်ဴရႈခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ ကာရစ္ရဲ႕ မန္
ယူအသင္းမွာ ကစားခဲ့စဥ္တုန္းက ပုံရိပ္ေတြကို ေပါင္းစည္းတဲ့ ဗီဒီယိုတစ္ပုဒ္ဟာ ပရိသတ္ေတြ
အၾကား ျပန္လည္ပ်ံ႕ႏွံ႔လာခဲ့ၿပီး အခုလိုပဲ မွတ္ခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ “ သူဟာ ဆာ
ဂ်ီယို ဘုစကတ္စ္တို႔နဲ႔ တန္းတူခ်ီးက်ဳးခံခဲ့ရသင့္တယ္၊ သူ႔ကို ဘာေၾကာင့္ အဲ့ဒီလို မခ်ီးက်ဳးခဲ့
ၾကလဲဆိုတာ ”“ မသိေတာ့ဘူး ” လို႔ ေရးသားခဲ့ပါတယ္။ ေနာက္တစ္ဦးက “ အခုခ်ိန္မွာ မန္
ယူအသင္းအတြက္ ဘယ္သူ႔ကိုမဆို ကြၽန္ေတာ္ ျပန္ေခၚေပးလို႔ရႏိုင္ရင္၊ သူ႔ကိုပဲ ေခၚခ်င္တယ္ ”
လို႔ ဆိုပါတယ္။ အျခားတစ္ဦးကေတာ့ “ သူက ထိုက္သင့္သေလာက္ခ်ီးက်ဳးမခံခဲ့ရပါဘူး၊ အဲ့
ဒီအခ်ိန္တုန္းကလည္း သူ႔လို play maker မ်ိဳးေတြက အသိအမွတ္ျပဳမခံခဲ့ရဘူး ” လို႔ေရးသား
ခ်ီးက်ဳးခဲ့ပါတယ္။ ကာရစ္ကို နည္းျပႀကီး ဖာဂူဆန္ဟာ ၂၀၀၆ ခုႏွစ္မွာ စပါးအသင္းကေန ေခၚ
ယူခဲ့တာျဖစ္ၿပီးေတာ့၊ ကာရစ္ဟာ အဂၤလန္ရဲ႕ အေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္ေၾကာင္း
၂၀၁၄ ခုႏွစ္မွာ ခ်ီးက်ဳးခဲ့ပါတယ္။ ကာရစ္ဟာ ကစားသမားဘဝကေန အနားယူၿပီးခ်ိန္မွာ မန္
ယူအသင္းမွာပဲ နည္းျပ ေမာ္ရင္ဟိုနဲ႔ ဆိုးလ္ရွားတို႔လက္ေအာက္မွာ နည္းျပအျဖစ္ ဆက္ေနခဲ့
ၿပီး၊ မန္ယူအသင္းကို ယာယီကိုင္တြယ္ခြင့္ရတဲ့ အခ်ိန္မွာလည္း ရႈံးပြဲမႀကဳံေတြ႕ေအာင္ စြမ္း
ေဆာင္ျပႏိုင္ခဲ့ပါတယ္။