
ယူနိုက်တက်ပရိသတ်တွေဟာ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူနိုင်ခဲ့
တာနဲ့ပတ်သက်လို့ ပျော်ရွှင်ဝမ်းမြောက်နေတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဘရန့်ဖို့ဒ်ကွင်းလယ်
လူကို ယူနိုက်တက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး မနေ့က ကစားသမား
နဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပါတယ်။ဘရန့်ဖို့ဒ်နဲ့အဲရစ်ဆင်တို့အကြား စာချုပ်သက်တမ်း
က ကုန်ဆုံးခဲ့ပြီးဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အဲရစ်ဆင်နဲ့ ပုဂ္ဂိုလ်ရေးအရ အပြည့်အဝ
သဘောတူညီမှုရရှိခဲ့ရင် အပြောင်းအရွှေ့က အထမြောက်ပြီလို့ဆိုရမှာပါ။ ယူနိုက်တက်ဟာ အဲ
ရစ်ဆင်ကို တပတ်လုပ်ခ ပေါင် (၁) သိန်းခွဲနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူထားတယ်လို့
လည်း သတင်းတွေကဆိုပါတယ်။အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ နှလုံးရောဂါကြောင့်
ကွင်းအတွင်း သတိလစ်မေ့မြောပြီး ကစားသမားဘဝကို အဆုံးသတ်ရမလိုဖြစ်ခဲ့ပါတယ်။ ဒါပေ
မယ့် အဆိုပါ ဒိန်းမတ်ကွင်းလယ်လူဟာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဒုတိယရာသီဝက်
မှာ ဘရန့်ဖို့ဒ်နဲ့ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိနွေရာ
သီစျေးကွက်မှာ အဲရစ်ဆင်ကို အသင်းဟောင်းစပါးနဲ့ ယူနိုက်တက်အပါအဝင် ထိပ်တန်းအသင်း
းကြီးတချို့က စိတ်ဝင်စားခဲ့ပါတယ်။အခုချိန်မှာတော့ အဲရစ်ဆင်က ယူနိုက်တက်ကို ရောက်ရှိ
သွားခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက ဒီအတွက် ပျော်ရွှင်ဝမ်းမြောက်နေကြပါတယ်။ “အဲရစ်
ဆင်ကိုရလိုက်လို့ အရမ်းကိုပျော်ရွှင်ပါတယ်။ သူက အရည်အချင်းရှိပြီး ပရော်ဖက်ရှင်နယ်ဆန်
တဲ့ ထိပ်တန်းကစားသမားတယောက်ပါ။ သူ့လိုလူမျိုးကို ယူနိုက်တက်မှာ လိုအပ်နေတာပါ။ ယူ
နိုက်တက်ကနေ ကြိုဆိုပါတယ် ဒိန်းမတ်မှော်ဆရာရေ”“အဲရစ်ဆင်ကိုရလိုက်တာက ဘုရားသခင်
ပေးတဲ့အောင်ပွဲပဲ။ ဒီနွေရာသီမှာ ဒီဂျောင်ကိုခေါ်ယူနိုင်ခဲ့ရင်တောင် အခု အဲရစ်ဆင်ကိုရလိုက်
တာလောက် မပျော်ရပါဘူး” “အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရလိုက်တာ ပျော်စရာပါ။
သူ့အနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ကန်ထုတ်လိုက်ဖို့ မျှော်လင့်ပါတယ်။ ဘရူနိုက ပွဲတော်တော်
များများမှာ ကန်ထုတ်ခံသင့်နေတာပါ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။
ယူႏိုက္တက္ပရိသတ္ေတြဟာ ဒိန္းမတ္လက္ေ႐ြးစင္ကြင္းလယ္လူ အဲရစ္ဆင္ကို ေခၚယူႏိုင္ခဲ့
တာနဲ႔ပတ္သက္လို႔ ေပ်ာ္႐ႊင္ဝမ္းေျမာက္ေနတယ္လို႔ သိရွိရပါတယ္။ အဆိုပါ ဘရန္႔ဖို႔ဒ္ကြင္းလယ္
လူကို ယူႏိုက္တက္က အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာျဖစ္ၿပီး မေန႔က ကစားသမား
နဲ႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈရရွိခဲ့ပါတယ္။ဘရန္႔ဖို႔ဒ္နဲ႔အဲရစ္ဆင္တို႔အၾကား စာခ်ဳပ္သက္တမ္း
က ကုန္ဆုံးခဲ့ၿပီးျဖစ္တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အဲရစ္ဆင္နဲ႔ ပုဂၢိဳလ္ေရးအရ အျပည့္အဝ
သေဘာတူညီမႈရရွိခဲ့ရင္ အေျပာင္းအေ႐ႊ႕က အထေျမာက္ၿပီလို႔ဆိုရမွာပါ။ ယူႏိုက္တက္ဟာ အဲ
ရစ္ဆင္ကို တပတ္လုပ္ခ ေပါင္ (၁) သိန္းခြဲနဲ႔ သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူထားတယ္လို႔
လည္း သတင္းေတြကဆိုပါတယ္။အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂၀ မွာ ႏွလုံးေရာဂါေၾကာင့္
ကြင္းအတြင္း သတိလစ္ေမ့ေျမာၿပီး ကစားသမားဘဝကို အဆုံးသတ္ရမလိုျဖစ္ခဲ့ပါတယ္။ ဒါေပ
မယ့္ အဆိုပါ ဒိန္းမတ္ကြင္းလယ္လူဟာ အေကာင္းဆုံးျပန္လာႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဒုတိယရာသီဝက္
မွာ ဘရန္႔ဖို႔ဒ္နဲ႔ အေကာင္းဆုံးေျခစြမ္းျပ ကစားႏိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္လည္း လက္ရွိေႏြရာ
သီေစ်းကြက္မွာ အဲရစ္ဆင္ကို အသင္းေဟာင္းစပါးနဲ႔ ယူႏိုက္တက္အပါအဝင္ ထိပ္တန္းအသင္း
းႀကီးတခ်ိဳ႕က စိတ္ဝင္စားခဲ့ပါတယ္။အခုခ်ိန္မွာေတာ့ အဲရစ္ဆင္က ယူႏိုက္တက္ကို ေရာက္ရွိ
သြားခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြက ဒီအတြက္ ေပ်ာ္႐ႊင္ဝမ္းေျမာက္ေနၾကပါတယ္။ “အဲရစ္
ဆင္ကိုရလိုက္လို႔ အရမ္းကိုေပ်ာ္႐ႊင္ပါတယ္။ သူက အရည္အခ်င္းရွိၿပီး ပေရာ္ဖက္ရွင္နယ္ဆန္
တဲ့ ထိပ္တန္းကစားသမားတေယာက္ပါ။ သူ႔လိုလူမ်ိဳးကို ယူႏိုက္တက္မွာ လိုအပ္ေနတာပါ။ ယူ
ႏိုက္တက္ကေန ႀကိဳဆိုပါတယ္ ဒိန္းမတ္ေမွာ္ဆရာေရ”“အဲရစ္ဆင္ကိုရလိုက္တာက ဘုရားသခင္
ေပးတဲ့ေအာင္ပြဲပဲ။ ဒီေႏြရာသီမွာ ဒီေဂ်ာင္ကိုေခၚယူႏိုင္ခဲ့ရင္ေတာင္ အခု အဲရစ္ဆင္ကိုရလိုက္
တာေလာက္ မေပ်ာ္ရပါဘူး” “အဲရစ္ဆင္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ရလိုက္တာ ေပ်ာ္စရာပါ။
သူ႔အေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို ကန္ထုတ္လိုက္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘ႐ူႏိုက ပြဲေတာ္ေတာ္
မ်ားမ်ားမွာ ကန္ထုတ္ခံသင့္ေနတာပါ” လို႔ အသီးသီးမွတ္ခ်က္ျပဳခဲ့ၾကပါတယ္။