ယူနိုက်တက်မှာ ရော်နယ်လ်ဒို အကောင်းဆုံးပုံစံရအောင် ဆိုးလ်ရှား ဘယ်လိုနည်းစနစ်သုံးသင့်လဲ?

 

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းလုခ်ချက်ဒ်ဝစ်ခ်ဟာ

အသင်းရဲ့နာမည်ကျော်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒို အကောင်းဆုံးပုံစံရအောင်

ဘယ်သူတွေနဲ့တွဲဖက်ကစားသင့်သလဲဆိုတာ နည်းပြဆိုးလ်ရှားကို အကြံပေးခဲ့ပါတယ်။

အသက်(၄၀)နှစ်အရွယ်ရှိပြီဖြစ်သူ ချက်ဒ်ဝစ်ခ်ဟာ ယူနိုက်တက်အသင်းမှာ

၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိကစားခဲ့ဖူးပြီး ဆိုးလ်ရှားနဲ့အတူတွဲဖက်

ကစားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အခု ချက်ဒ်ဝစ်ခ်က Caught Offside

မီဒီယာနဲ့အင်တာဗျူးမှာ ဆိုးလ်ရှားအနေနဲ့ လာမယ့်စပါးအသင်းနဲ့ကစားမယ့်ပွဲကျရင်

စီရော်နယ်လ်ဒိုနဲ့အတူ လင်ဂတ်၊ ဆန်ချိုတို့လိုမျိုးလုပ်အားနှုန်းကောင်းတဲ့

ကစားသမားတွေကို တိုက်စစ်မှာတွဲဖက်ကစားသင့်တယ်လို့တိုက်တွန်းခဲ့တာပါ။

ချက်ဒ်ဝစ်ခ်က “ဆိုးလ်ရှားဟာ စီရော်နယ်လ်ဒိုကို No 9 Role နေရာမှာ

အသုံးပြုချင်တယ်ဆိုရင် လင်ဂတ်၊ ဆန်ချိုတို့နဲ့တွဲဖက်အသုံးပြုသင့်ပါတယ်။

သူတို့နှစ်ယောက်စလုံးက ဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာရော၊

ဘောလုံးမရှိတဲ့အခါမျိုးမှာပါ ပြေးအား၊ လုပ်အားနှုန်းကောင်းကောင်းနဲ့

ကစားတတ်ကြသူတွေဖြစ်ပါတယ်။ အခုအချိန်က ဗန်ဒီဘိခ်ကို

ပွဲထွက်အသုံးပြုသင့်နေပြီလို့လည်း ကျွန်တော်ယူဆပါတယ်။

စပါးအသင်းနဲ့ပွဲကျရင် ဆိုးလ်ရှား ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ

စိတ်ဝင်စားစရာပါပဲ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒို အေကာင္းဆုံးပုံစံရေအာင္ ဆိုးလ္ရွား ဘယ္လိုနည္းစနစ္သုံးသင့္လဲ?

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္းလုခ္ခ်က္ဒ္ဝစ္ခ္ဟာ

အသင္းရဲ႕နာမည္ေက်ာ္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒို အေကာင္းဆုံးပုံစံရေအာင္

ဘယ္သူေတြနဲ႔တြဲဖက္ကစားသင့္သလဲဆိုတာ နည္းျပဆိုးလ္ရွားကို အႀကံေပးခဲ့ပါတယ္။

အသက္(၄၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ခ်က္ဒ္ဝစ္ခ္ဟာ ယူႏိုက္တက္အသင္းမွာ

၁၉၉၉ ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အထိကစားခဲ့ဖူးၿပီး ဆိုးလ္ရွားနဲ႔အတူတြဲဖက္

ကစားခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ အခု ခ်က္ဒ္ဝစ္ခ္က Caught Offside

မီဒီယာနဲ႔အင္တာဗ်ဴးမွာ ဆိုးလ္ရွားအေနနဲ႔ လာမယ့္စပါးအသင္းနဲ႔ကစားမယ့္ပြဲက်ရင္

စီေရာ္နယ္လ္ဒိုနဲ႔အတူ လင္ဂတ္၊ ဆန္ခ်ိဳတို႔လိုမ်ိဳးလုပ္အားႏႈန္းေကာင္းတဲ့

ကစားသမားေတြကို တိုက္စစ္မွာတြဲဖက္ကစားသင့္တယ္လို႔တိုက္တြန္းခဲ့တာပါ။

ခ်က္ဒ္ဝစ္ခ္က “ဆိုးလ္ရွားဟာ စီေရာ္နယ္လ္ဒိုကို No 9 Role ေနရာမွာ

အသုံးျပဳခ်င္တယ္ဆိုရင္ လင္ဂတ္၊ ဆန္ခ်ိဳတို႔နဲ႔တြဲဖက္အသုံးျပဳသင့္ပါတယ္။

သူတို႔ႏွစ္ေယာက္စလုံးက ေဘာလုံးပိုင္ဆိုင္ထားတဲ့အခ်ိန္မွာေရာ၊

ေဘာလုံးမရွိတဲ့အခါမ်ိဳးမွာပါ ေျပးအား၊ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔

ကစားတတ္ၾကသူေတြျဖစ္ပါတယ္။ အခုအခ်ိန္က ဗန္ဒီဘိခ္ကို

ပြဲထြက္အသုံးျပဳသင့္ေနၿပီလို႔လည္း ကြၽန္ေတာ္ယူဆပါတယ္။

စပါးအသင္းနဲ႔ပြဲက်ရင္ ဆိုးလ္ရွား ဘယ္လိုပုံစံနဲ႔ပြဲထြက္လာမလဲဆိုတာ

စိတ္ဝင္စားစရာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm

munitedfannewss