ယူနိုက်တက်မှာ မာရှယ်က ဒုတိယဗန်ဒီဘိခ်ဖြစ်နေပြန်ပြီလား ?

အန်တိုနီမာရှယ်ရဲ့ဇနီးသည်ကမန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာလက်ရှိအချိန်မှာဒဏ်ရာရရှိထားခြင်းမရှိကြောင်းအတည်ပြုလာပါတယ်။ယင်းသို့ပြောကြားလာမှုနဲ့အတူသရဲနီပရိသတ်များဟာမာရှယ်ကိုအိုးထရက်ဖို့ဒ်ရဲ့ဒုတိယဗန်ဒီဘိခ်ဖြစ်လာမှာစိုးရိမ်နေကြပြီဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာယခုလအစောပိုင်းတုန်းကအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာမန်ယူအတွက်ဦးဆောင်ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာယင်းပွဲနောက်ပိုင်းမှာမန်ယူအသင်းရဲ့လူစာရင်းမှာပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းမာရှယ်ကိုဒဏ်ရာရရှိနေတယ်လို့ရေးသားမှုရှိလာကြပါတယ်။ဒါပေမယ့်သူ့ရဲ့ဇနီးသည်မယ်လာနီကခင်ပွန်းသည်မှာဒဏ်ရာရရှိနေခြင်းမရှိကြောင်းအတည်ပြုလာပါတယ်။

သူမက “သူအားလုံးကောင်းမွန်ပါတယ်။သူဟာအစာဆိပ်သင့်မှုနှစ်ပတ်ဖြစ်ခဲ့ပါတယ်။ပေါင်ခြံဒဏ်ရာမရခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

မာရှယ်ဟာအတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲ၊လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနှင့်မနေ့ညတုန်းကစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွေမှာအရန်စာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။

မိုနာကိုကစားသမားဟောင်းဟာနွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုရောက်လာပြီးနောက်မန်ယူတွင်နေရာရရှိရန်ရုန်းကန်လာရသူဖြစ်ပါတယ်။ဒါကြောင့်မန်ယူပရိသတ်တို့ကမာရှယ်မှာမန်ယူရဲ့ဒုတိယမြောက်ဗန်ဒီဘိခ်ဖြစ်နေပြီဖြစ်ပြီးသူ့ရဲ့အိုးထရက်ဖို့ဒ်ကာလတဖြည်းဖြည်းဆုံးခန်းတိုင်ဖို့ရောက်လာပြီလို့ဆိုသွားပါတယ်။

ZawGyi

အိုးထရက္ဖို႔ဒ္မွာ မာရွယ္က ဒုတိယဗန္ဒီဘိခ္ျဖစ္လာေနၿပီလား?

အန္တိုနီမာရွယ္ရဲ႕ဇနီးသည္ကမန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာလက္ရွိအခ်ိန္မွာဒဏ္ရာရရွိထားျခင္းမရွိေၾကာင္းအတည္ျပဳလာပါတယ္။ယင္းသို႔ေျပာၾကားလာမႈနဲ႔အတူသရဲနီပရိသတ္မ်ားဟာမာရွယ္ကိုအိုးထရက္ဖို႔ဒ္ရဲ႕ဒုတိယဗန္ဒီဘိခ္ျဖစ္လာမွာစိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာယခုလအေစာပိုင္းတုန္းကအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာမန္ယူအတြက္ဦးေဆာင္ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာယင္းပြဲေနာက္ပိုင္းမွာမန္ယူအသင္းရဲ႕လူစာရင္းမွာပါဝင္လာခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းမာရွယ္ကိုဒဏ္ရာရရွိေနတယ္လို႔ေရးသားမႈရွိလာၾကပါတယ္။ဒါေပမယ့္သူ႔ရဲ႕ဇနီးသည္မယ္လာနီကခင္ပြန္းသည္မွာဒဏ္ရာရရွိေနျခင္းမရွိေၾကာင္းအတည္ျပဳလာပါတယ္။

သူမက “သူအားလုံးေကာင္းမြန္ပါတယ္။သူဟာအစာဆိပ္သင့္မႈႏွစ္ပတ္ျဖစ္ခဲ့ပါတယ္။ေပါင္ၿခံဒဏ္ရာမရခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

မာရွယ္ဟာအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲ၊လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲႏွင့္မေန႔ညတုန္းကစပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲေတြမွာအရန္စာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။

မိုနာကိုကစားသမားေဟာင္းဟာေႏြရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာၿပီးေနာက္မန္ယူတြင္ေနရာရရွိရန္႐ုန္းကန္လာရသူျဖစ္ပါတယ္။ဒါေၾကာင့္မန္ယူပရိသတ္တို႔ကမာရွယ္မွာမန္ယူရဲ႕ဒုတိယေျမာက္ဗန္ဒီဘိခ္ျဖစ္ေနၿပီျဖစ္ၿပီးသူ႔ရဲ႕အိုးထရက္ဖို႔ဒ္ကာလတျဖည္းျဖည္းဆုံးခန္းတိုင္ဖို႔ေရာက္လာၿပီလို႔ဆိုသြားပါတယ္။

munitedfannewss