ယူနိုက်တက်မှာ ဖလားရယူနိုင်တဲ့ အင်အားတွေရှိနေပြီ ဆိုတဲ့ ပေါ့ဘာ

ဖာဂူဆန် ခေတ်လွန် ကာလတွေမှာ ဆုဖလားတွေ ဝေးကွာနေပေမယ့် ယူနိုက်တက် အသင်းရဲ့ အသွေးအသားထဲမှာ ဆုဖလား ကိုင်မြှောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းနေပြီး ဒီရာသီမှာ အကောင်ထည် ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ပေ့ါဘာက ပြောဆိုပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်အထိ အင်္ဂလန် ပရီးမီးယားလိဂ်ကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ အသင်း ဖြစ်ပေမယ့်

သူတို့အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ အချိန်ဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီ ဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာပဲ ဖြစ်ပါတယ်။

အသင်း အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ် ဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဗီလာရီးရဲလ် အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဆုဖလား တစ်လုံး လက်လွှတ်ခဲ့ရပါတယ်။

ယူနိုက်တက် အသင်းဟာ နည်းပြဆိုးလ်ရှားလက်ထက် မှာ ၂၈ပွဲဆက် ရှုံးပွဲမရှိ စံချိန်တစ်ရပ်ကို ရယူထားပြီး ပွဲစဉ် ၃ ကစားပြီးချိန်မှာ ရမှတ် ၇မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃နေရာမှာ ရပ်တည်နေပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ ရော်နယ်ဒို တစ်ယောက် ပါဝင်လာဖို့ ရှိနေပါတယ်။

ပေါ့ဘာက “ကျွန်တော်တို့မှာ ချန်ပီယံ ဖြစ်နိုင်တဲ့ အင်အားကို ပိုင်ဆိုင်ထားပါပြီ။ လိဂ်ချန်ပီယံ ဖြစ်ဖို့ ဆိုတာ ဘယ်လောက်အထိ ခက်လဲ ဆိုတာကို ကျွန်တော်တို့တွေ သိထားကြပါတယ်။

ဒါပေမယ့် ဒီရာသီမှာ လိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားသွားမှာပါ”

” အရိုးသားဆုံး ပြောရရင် အခုချိန်မှာ ကျွန်တော် ပျော်ရွှင်နေပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည်စတင်နေပြီ။

အားလပ်ရက် ရပြီးတဲ့ နောက်မှာ ကစားပွဲတွေကို အကောင်းဆုံး ပါဝင် ကစားထားနိုင်ခဲ့တယ်။”လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္မွာ ဖလားရယူႏိုင္တဲ့ အင္အား​ေတြရွိ​ေနၿပီ ဆိုတဲ့ ​​ေပါ့ဘာ

ဖာဂူဆန္ ေခတ္လြန္ ကာလေတြမွာ ဆုဖလားေတြ ေဝးကြာေနေပမယ့္ ယူႏိုက္တက္ အသင္းရဲ႕ အေသြးအသားထဲမွာ ဆုဖလား ကိုင္ေျမႇာက္ရမယ္ဆိုတဲ့ စိတ္ဓာတ္ေတြ ကိန္းေအာင္းေနၿပီး ဒီရာသီမွာ အေကာင္ထည္ ေပၚလာမယ္လို႔ ယုံၾကည္ေၾကာင္း ေပ့ါဘာက ေျပာဆိုပါတယ္။

ယူႏိုက္တက္အသင္းဟာ လက္ရွိ အခ်ိန္အထိ အဂၤလန္ ပရီးမီးယားလိဂ္ကို အႀကိမ္ေရ အမ်ားဆုံး ဗိုလ္စြဲထားႏိုင္တဲ့ အသင္း ျဖစ္ေပမယ့္ သူတို႔အသင္းရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရရွိခဲ့တဲ့ အခ်ိန္ဟာ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေနာက္ဆုံးရာသီ ျဖစ္တဲ့ ၂၀၁၂-၂၀၁၃ ေဘာလုံးရာသီမွာပဲ ျဖစ္ပါတယ္။အသင္း အေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုပါလိဂ္ ဖိုင္နယ္ထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဗီလာရီးရဲလ္ အသင္းကို ရႈံးနိမ့္ခဲ့ၿပီး ဆုဖလား တစ္လုံး လက္လႊတ္ခဲ့ရပါတယ္။

ယူႏိုက္တက္ အသင္းဟာ နည္းျပဆိုးလ္ရွားလက္ထက္ မွာ ၂၈ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္တစ္ရပ္ကို ရယူထားၿပီး ပြဲစဥ္ ၃ ကစားၿပီးခ်ိန္မွာ ရမွတ္ ၇မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၃ေနရာမွာ ရပ္တည္ေနပါတယ္။ ႏိုင္ငံတကာ ပြဲစဥ္ေတြ အၿပီးမွာေတာ့ နယူးကာဆယ္ အသင္းနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ၿပီး အဆိုပါ ပြဲစဥ္မွာ ေရာ္နယ္ဒို တစ္ေယာက္ ပါဝင္လာဖို႔ ရွိေနပါတယ္။

ေပါ့ဘာက “ကြၽန္ေတာ္တို႔မွာ ခ်န္ပီယံ ျဖစ္ႏိုင္တဲ့ အင္အားကို ပိုင္ဆိုင္ထားပါၿပီ။ လိဂ္ခ်န္ပီယံ ျဖစ္ဖို႔ ဆိုတာ ဘယ္ေလာက္အထိ ခက္လဲ ဆိုတာကို ကြၽန္ေတာ္တို႔ေတြ သိထားၾကပါတယ္။ ဒါေပမယ့္ ဒီရာသီမွာ လိဂ္ခ်န္ပီယံ အျဖစ္ ေအာင္ပြဲခံႏိုင္ေအာင္ ကြၽန္ေတာ္တို႔ေတြ အစြမ္းကုန္ ႀကိဳးစားသြားမွာပါ”

” အ႐ိုးသားဆုံး ေျပာရရင္ အခုခ်ိန္မွာ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေနပါတယ္။ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ ျပန္လည္စတင္ေနၿပီ။ အားလပ္ရက္ ရၿပီးတဲ့ ေနာက္မွာ ကစားပြဲေတြကို အေကာင္းဆုံး ပါဝင္ ကစားထားႏိုင္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။