
ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့နောက်ဆုံးအသင်းပြောင်းရေးမျှော်လင့်ချက်များဖြစ်ကြတဲ့နာပိုလီ
နှင့်စပို့တင်းလစ္စဘွန်းတို့ကကမ်းလှမ်းလာခြင်းမရှိမှုနှင့်အတူ မန်ချက်စတာယူနိုက်တက်တွင်ပင်ဆက်
ကစားလာဖို့ရှိနေပါတယ်။အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်သို့ ရောက်လာ
တာ တစ်နှစ်မျှသာရှိသေးပေမဲ့လည်းချန်ပီယံလိဂ်ကစားလိုမှုကြောင့်ဇူလိုင်လအစောပိုင်းတုန်းကအ
သင်းပြောင်းခွင့်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာအမည်မသိဆော်ဒီက
လပ်တစ်ခုထံမှသာကမ်းလှမ်းမှုရရှိခဲ့ပြီးယင်းကိုလည်းပယ်ချခဲ့ပါတယ်။ဥရောပထိပ်သီးများဖြစ်ကြတဲ့
ချဲလ်ဆီး၊ဘိုင်ယန်မြူးနစ်၊ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ပီအက်စ်ဂျီတို့ကကမ်းလှမ်းလာခြင်းမရှိသလို
နောက်ဆုံးသတင်းထွက်လာတဲ့စပို့တင်းလစ္စဘွန်းနှင့်နာပိုလီတို့ကလည်းခရစ္စတီယာနိုရော်နယ်ဒိုကို
ကမ်းလှမ်းခြင်းမရှိပါဘူး။ခရစ္စတီယာနိုရော်နယ်ဒိုဟာဥရောပထိပ်သီးကလပ်များရဲ့ကမ်းလှမ်းမှုရရှိ
ခြင်းမရှိသလို တဖက်တွင် ယူနိုက်တက်မှာလည်းယခုနွေရာသီတွင်ကက်စ်မီရိုနှင့်အန်တိုနီတို့အားထပ်
မံခေါ်ယူကာရည်မှန်းချက်ကြီးမားတဲ့ကလပ်ဖြစ်ကြောင်းပြသလာမှုကြောင့်စိတ်ပြောင်းကာယူနိုက်
တက်တွင်ပင်ဆက်ရှိနေရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း La Gazzetta dello Sport ကဖော်ပြသွား
ပါတယ်။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ေနာက္ဆုံးအသင္းေျပာင္းေရးေမွ်ာ္လင့္ခ်က္မ်ားျဖစ္ၾကတဲ့နာပိုလီ
ႏွင့္စပို႔တင္းလစၥဘြန္းတို႔ကကမ္းလွမ္းလာျခင္းမရွိမႈႏွင့္အတူ မန္ခ်က္စတာယူႏိုက္တက္တြင္ပင္ဆက္
ကစားလာဖို႔ရွိေနပါတယ္။အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္သို႔ ေရာက္လာ
တာ တစ္ႏွစ္မွ်သာရွိေသးေပမဲ့လည္းခ်န္ပီယံလိဂ္ကစားလိုမႈေၾကာင့္ဇူလိုင္လအေစာပိုင္းတုန္းကအ
သင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ပါတယ္။ဒါေပမဲ့လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာအမည္မသိေဆာ္ဒီက
လပ္တစ္ခုထံမွသာကမ္းလွမ္းမႈရရွိခဲ့ၿပီးယင္းကိုလည္းပယ္ခ်ခဲ့ပါတယ္။ဥေရာပထိပ္သီးမ်ားျဖစ္ၾကတဲ့
ခ်ဲလ္ဆီး၊ဘိုင္ယန္ျမဴးနစ္၊ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ပီအက္စ္ဂ်ီတို႔ကကမ္းလွမ္းလာျခင္းမရွိသလို
ေနာက္ဆုံးသတင္းထြက္လာတဲ့စပို႔တင္းလစၥဘြန္းႏွင့္နာပိုလီတို႔ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကို
ကမ္းလွမ္းျခင္းမရွိပါဘူး။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဥေရာပထိပ္သီးကလပ္မ်ားရဲ႕ကမ္းလွမ္းမႈရရွိ
ျခင္းမရွိသလို တဖက္တြင္ ယူႏိုက္တက္မွာလည္းယခုေႏြရာသီတြင္ကက္စ္မီ႐ိုႏွင့္အန္တိုနီတို႔အားထပ္
မံေခၚယူကာရည္မွန္းခ်က္ႀကီးမားတဲ့ကလပ္ျဖစ္ေၾကာင္းျပသလာမႈေၾကာင့္စိတ္ေျပာင္းကာယူႏိုက္
တက္တြင္ပင္ဆက္ရွိေနရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း La Gazzetta dello Sport ကေဖာ္ျပသြား
ပါတယ္။