ယူနိုက်တက်ဘက်က ကြားလာရတဲ့စကားသံတွေအတွက် တုန့်ပြန်လာတဲ့ ဟယ်ရီကိန်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်၊ တော့တင်ဟန်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီ

ကိန်းက သူ့ရဲ့နံပါတ်တစ်ရည်မှန်းချက်ဟာ စပါးအသင်းနဲ့အတူဆုဖလားတွေရယူဖို့ဖြစ်ကြောင်း ပြောဆို

လာခဲ့ပါတယ်။အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကိန်းဟာ စပါးအသင်းအတွက်၂၉၉ ဂိုး သွင်းယူထားပြီဖြစ်ပြီး၊

စပါးအသင်းသမိုင်းမှာသွင်းဂိုးအများဆုံးကစားသမားဖြစ်လာဖို့ နောက်ထပ်တစ်ဂိုးသာလိုတော့တာဖြစ်ပါ

တယ်။ ကိန်းရဲ့ စာချုပ်သက်တမ်းဟာ၁၂ လသာကျန်တော့တာကြောင့် နွေဈေးကွက်မှာ ကိန်းရဲ့အနာ

ဂါတ်နဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးထင်မြင်ချက်ပေးနေကြကာ၊မန်ယူအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း

တို့က ခေါ်ယူဖို့စိတ်အားထက်သန်နေကြပါတယ်။ ဒါပေမယ့်လည်း ကိန်းကတော့သူ့အနေနဲ့ စပါးအသင်း

မှာပဲ ဆက်နေသွားဖို့ ဆန္ဒရှိကြောင်းနဲ့သူ့ရဲ့ အကြီးမားဆုံးရည်မှန်းချက်ဟာ အသင်းကို ဆုဖလားရယူပေး

ဖို့ဖြစ်ကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျုးမှာပြောဆိုလာပါတယ်။ “ ဒါပေါ့၊ စပါးအသင်းအတွက်

ကျွန်တော်ဆုဖလားတွေယူပေးချင်တာပေါ့။ အဲ့ဒါက ကျွန်တော် ဒီအသင်းမှာစ ကစားတည်းကရည်မှန်

းချက်ပါ။ အခုထိတော့ ဖြစ်မလာသေးဘူးပေါ့၊ဒါပေမယ့် အဲ့ဒါကို ရယူနိုင်ဖို့ ကျွန်တော် ဆက်ကြိုးစား

သွားမှာပါ။ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့အသင်း၊ အင်မတန်တော်တဲ့နည်းပြ ရှိနေပါတယ်။ ဒီရာသီ

မှာ ကျွန်တော်တို့ အောင်မြင်မှုမရစရာအကြောင်းအရင်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ

ကြိုးစားပြီးတော့ မေလ ဒါမှမဟုတ် ဂျွန်လမှာ ဘယ်နေရာမှာရောက်နေသလဲဆိုတာ ကြည့်ရပါမယ်။ ဖူလ်

ဟမ်နဲ့ပွဲမှာ ကောင်းတဲ့အနိုင်ရလဒ်နဲ့အတူ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့တယ်၊ကျွန်တော်တို့အနေနဲ့ ရာသီအ

ကုန်မှာ ရောက်ချင်တဲ့ နေရာကိုရောက်ဖို့ဆိုရင်၊ ဒီလိုမျိုး ဆက်ပြီးတော့ ကြိုးစားသွားဖို့လိုအပ်ပါတယ် ”

လို့ ပြောဆိုခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္၊ ေတာ့တင္ဟန္ေဟာ့စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီ

ကိန္းက သူ႔ရဲ႕နံပါတ္တစ္ရည္မွန္းခ်က္ဟာ စပါးအသင္းနဲ႔အတူဆုဖလားေတြရယူဖို႔ျဖစ္ေၾကာင္း ေျပာဆို

လာခဲ့ပါတယ္။အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ကိန္းဟာ စပါးအသင္းအတြက္၂၉၉ ဂိုး သြင္းယူထားၿပီျဖစ္ၿပီး၊

စပါးအသင္းသမိုင္းမွာသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္လာဖို႔ ေနာက္ထပ္တစ္ဂိုးသာလိုေတာ့တာျဖစ္ပါ

တယ္။ ကိန္းရဲ႕ စာခ်ဳပ္သက္တမ္းဟာ၁၂ လသာက်န္ေတာ့တာေၾကာင့္ ေႏြေဈးကြက္မွာ ကိန္းရဲ႕အနာ

ဂါတ္နဲ႔ ပတ္သက္ၿပီးေတာ့ အမ်ိဳးမ်ိဳးထင္ျမင္ခ်က္ေပးေနၾကကာ၊မန္ယူအသင္းနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္း

တို႔က ေခၚယူဖို႔စိတ္အားထက္သန္ေနၾကပါတယ္။ ဒါေပမယ့္လည္း ကိန္းကေတာ့သူ႔အေနနဲ႔ စပါးအသင္း

မွာပဲ ဆက္ေနသြားဖို႔ ဆႏၵရွိေၾကာင္းနဲ႔သူ႔ရဲ႕ အႀကီးမားဆုံးရည္မွန္းခ်က္ဟာ အသင္းကို ဆုဖလားရယူေပး

ဖို႔ျဖစ္ေၾကာင္း ေနာက္ဆုံးလုပ္ခဲ့တဲ့ အင္တာဗ်ဳးမွာေျပာဆိုလာပါတယ္။ “ ဒါေပါ့၊ စပါးအသင္းအတြက္

ကြၽန္ေတာ္ဆုဖလားေတြယူေပးခ်င္တာေပါ့။ အဲ့ဒါက ကြၽန္ေတာ္ ဒီအသင္းမွာစ ကစားတည္းကရည္မွန္

းခ်က္ပါ။ အခုထိေတာ့ ျဖစ္မလာေသးဘူးေပါ့၊ဒါေပမယ့္ အဲ့ဒါကို ရယူႏိုင္ဖို႔ ကြၽန္ေတာ္ ဆက္ႀကိဳးစား

သြားမွာပါ။ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့အသင္း၊ အင္မတန္ေတာ္တဲ့နည္းျပ ရွိေနပါတယ္။ ဒီရာသီ

မွာ ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈမရစရာအေၾကာင္းအရင္းမရွိပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ တတ္ႏိုင္သမွ်

ႀကိဳးစားၿပီးေတာ့ ေမလ ဒါမွမဟုတ္ ဂြၽန္လမွာ ဘယ္ေနရာမွာေရာက္ေနသလဲဆိုတာ ၾကည့္ရပါမယ္။ ဖူလ္

ဟမ္နဲ႔ပြဲမွာ ေကာင္းတဲ့အႏိုင္ရလဒ္နဲ႔အတူ ကြၽန္ေတာ္တို႔ ျပန္လာႏိုင္ခဲ့တယ္၊ကြၽန္ေတာ္တို႔အေနနဲ႔ ရာသီအ

ကုန္မွာ ေရာက္ခ်င္တဲ့ ေနရာကိုေရာက္ဖို႔ဆိုရင္၊ ဒီလိုမ်ိဳး ဆက္ၿပီးေတာ့ ႀကိဳးစားသြားဖို႔လိုအပ္ပါတယ္ ”

လို႔ ေျပာဆိုခဲ့ပါတယ္။