မန်ချက်စတာယူနိုက်တက်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ပထမဆုံးခေါ်ယူနိုင်မယ့်သူကိုရှာဖွေနေတုန်းဖြစ်ပါတယ်။
လက်ရှိအနေအထားအရယူနိုက်တက်အနေဖြင့်ယခုနွေရာသီမှာကစားသမားသစ်ခေါ်ယူရေးအတွက် ကြန့်ကြာဦးမယ့်အနေအထားမှာရှိနေပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာယူနိုက်တက်ကိုပြန်လည်တည်ဆောက်ချိန်မှာသူ့ရဲ့အေဂျက်စ်ကတပည်ဟောင်းတွေနဲ့တည်ဆောက်လိုနေပါတယ်။
အဲရစ်တန်ဟက်ဟာအသင်းဟောင်းအေဂျက်စ်မှကစားသမားသုံးဦးကိုခေါ်ယူလိုနေပါတယ်။
ဒါပေမဲ့De Telegraafရဲ့ဖော်ပြချက်အရအေဂျက်စ်ကယူနိုက်တက်ပစ်မှတ်ထားနေတဲ့ကစားသမားသုံးဦးအတွက်မတန်တဆဈေးတောင်းဆိုလာကြောင်းသိရပါတယ်။
အေဂျက်စ်ဟာယူနိုက်တက်အထူးတလည်အလိုရှိနေတဲ့ဘရာဇီးစတားအန်တိုနီအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၇၀အထိအလိုရှိနေပါတယ်။
အသက်၂၂နှစ်ရှိဘရာဇီးစတားကယူနိုက်တက်အားနည်းနေတဲ့ညာတောင်ပံတိုက်စစ်ကိုဖာထေးပေးမယ့်သူလည်းဖြစ်ပါတယ်။
အေဂျက်စ်ဟာနယ်သာလန်ဗဟိုနောက်ခံလူများဖြစ်ကြတဲ့လီဆန်ဒရိုမာတီနက်ဇ်နှင့်ဂျော်ရီယန်တမ်ဘားတို့အတွက်တစ်ဦးလျှင်ယူရိုသန်း၅၀စီတောင်းဆိုနေပါတယ်။
ဒါကြောင့်ယူနိုက်တက်အနေဖြင့်အေဂျက်စ်မှကစားသမားသုံးဦးခေါ်ယူရေးအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၁၇၀အထိအသုံးပြုရမယ့်အခြေအနေမှာရှိနေပါတယ်။
ယူနိုက်တက်ဟာဘာစီလိုနာကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်ကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပြီးယခုတိုင်အဆင်မပြေသေးပါဘူး။
လက်ရှိအနေအထားအရယူနိုက်တက်အနေဖြင့်ယခုနွေရာသီမှာကစားသမားသစ်ခေါ်ယူနိုင်ဖို့ အလွန်ခက်ခဲတဲ့အနေအထားမှာရှိနေပြီဖြစ်ပါတယ်။
ZawGyi
ယူႏိုက္တက္ပစ္မွတ္ထားေနတဲ့ စတားသုံးဦးအတြက္ မတန္တဆေဈးေတာင္းဆိုလာတဲ့ ေအဂ်က္စ္
မန္ခ်က္စတာယူႏိုက္တက္ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕ပထမဆုံးေခၚယူႏိုင္မယ့္သူကိုရွာေဖြေနတုန္းျဖစ္ပါတယ္။လက္ရွိအေနအထားအရယူႏိုက္တက္အေနျဖင့္ယခုေႏြရာသီမွာကစားသမားသစ္ေခၚယူေရးအတြက္ ၾကန႔္ၾကာဦးမယ့္အေနအထားမွာရွိေနပါတယ္။
ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာယူႏိုက္တက္ကိုျပန္လည္တည္ေဆာက္ခ်ိန္မွာသူ႔ရဲ႕ေအဂ်က္စ္ကတပည္ေဟာင္းေတြနဲ႔တည္ေဆာက္လိုေနပါတယ္။
အဲရစ္တန္ဟက္ဟာအသင္းေဟာင္းေအဂ်က္စ္မွကစားသမားသုံးဦးကိုေခၚယူလိုေနပါတယ္။ဒါေပမဲ့De Telegraafရဲ႕ေဖာ္ျပခ်က္အရေအဂ်က္စ္ကယူႏိုက္တက္ပစ္မွတ္ထားေနတဲ့ကစားသမားသုံးဦးအတြက္မတန္တဆေဈးေတာင္းဆိုလာေၾကာင္းသိရပါတယ္။
ေအဂ်က္စ္ဟာယူႏိုက္တက္အထူးတလည္အလိုရွိေနတဲ့ဘရာဇီးစတားအန္တိုနီအတြက္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၇၀အထိအလိုရွိေနပါတယ္။
အသက္၂၂ႏွစ္ရွိဘရာဇီးစတားကယူႏိုက္တက္အားနည္းေနတဲ့ညာေတာင္ပံတိုက္စစ္ကိုဖာေထးေပးမယ့္သူလည္းျဖစ္ပါတယ္။
ေအဂ်က္စ္ဟာနယ္သာလန္ဗဟိုေနာက္ခံလူမ်ားျဖစ္ၾကတဲ့လီဆန္ဒ႐ိုမာတီနက္ဇ္ႏွင့္ေဂ်ာ္ရီယန္တမ္ဘားတို႔အတြက္တစ္ဦးလွ်င္ယူ႐ိုသန္း၅၀စီေတာင္းဆိုေနပါတယ္။
ဒါေၾကာင့္ယူႏိုက္တက္အေနျဖင့္ေအဂ်က္စ္မွကစားသမားသုံးဦးေခၚယူေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၁၇၀အထိအသုံးျပဳရမယ့္အေျခအေနမွာရွိေနပါတယ္။
ယူႏိုက္တက္ဟာဘာစီလိုနာကြင္းလယ္ကစားသမားဖရန္ကီဒီေဂ်ာင္ကိုလည္းေခၚယူရန္ႀကိဳးပမ္းေနၿပီးယခုတိုင္အဆင္မေျပေသးပါဘူး။
လက္ရွိအေနအထားအရယူႏိုက္တက္အေနျဖင့္ယခုေႏြရာသီမွာကစားသမားသစ္ေခၚယူႏိုင္ဖို႔ အလြန္ခက္ခဲတဲ့အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။